What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရာသီဥတုသာယာတဲ့နေ့လေးမှာ ရွေးချယ်ဝတ်သင့်တဲ့ အမိုက်စားအရောင်များ

ကောင်းကင်ကြီးကလည်း ပြာလို့ တိမ်တွေကလည်း လှလို့ ဆိုတဲ့အချိန်မှာ သင့်အနေနဲ့ ကွက်တိလိုက်ဖက်တဲ့ ဖက်ရှင်တွေသာ တွဲလိုက်ရင်တော့ ပြီးပြည့်စုံတဲ့ နေ့ကလေးကို ပိုင်ဆိုင်ရမှာပါ။ အဲ့လို ပြီးပြည့်စုံသွားတဲ့အခါ လူငယ်တွေအတွက် ပျော်စရာ ဓာတ်ပုံလေးတွေလည်း ရိုက်ကူးလို့ ရပါသေးတယ်။

ဒီတော့ ရာသီဥတု ကြည်လင်ပြီး သာယာနေတဲ့အခါမှာ အခုဖော်ပြမယ့် အရောင်တွေက သင့်ကို ပိုပြီး အမိုက်စား ဖြစ်သွားစေမှာပါနော်။

 

(၁) အဖြူရောင်

Sophisticated Sweetheart Eyelet Dress • Impressions Online Boutique

 

အဖြူရောင်ကိုမှ ခပ်လွင့်လွင့် ဖြူဖြူ အရောင်လေးတွေက သင့်ရဲ့ စိတ်ကို လန်းဆန်းစေပါတယ်။ ပေါ့ပါးမှု၊ လန်းဆန်းမှုနဲ့ သစ်လွင်မှုတွေ ခံစားရစေသလို သင့်ကို ပိုပြီးတော့ စမတ်ကျစေပြီး ကြည့်ကောင်းနေစေပါတယ်။

 

(၂) ပန်းနုရောင်

 

ပန်းနုရောင်ကတော့ မိန်းကလေးတွေ အရွေးများကြပါတယ်။ ဒါပေမယ့် ကောင်လေးတွေလည်း ပန်းနုရောင်ဖျော့ဖျော့လေးနဲ့ အသားရောင် ဘောင်းဘီလေးနဲ့ဆို လိုက်ဖက်ပါတယ်။ ကြည်လင်နေတဲ့ ရာသီဥတုမှာ ပန်းရောင်က တစ်မျိုးလေး စိတ်ကို ကြည်လင်စေနိုင်ပါတယ်။ ရိုးရှင်းတဲ့ အမြင်လည်း ဖြစ်စေပြီး ပျော်ရွှင်မှုကို ရစေတာကတော့ ပန်းနုရောင်ပါပဲနော်။

 

(၃) မိုးပြာရောင်

Mud Pie: Etta Eyelet Top, Sky Blue            – The Mint Julep Boutique

 

ပြာလဲ့လဲ့ ကောင်းကင်အောက်က အပြာနုရောင် အဝတ်တွေက သင့်ကို ဖန်တီးပေးနိုင်ပါတယ်။ ငြိမ်းအေးခြင်းရဲ့ သင်္ကေတလည်း ဖြစ်သလို တက်ကြွခြင်းရဲ့ သင်္ကေတ ဖြစ်နေလို့ မြင်သူတကာကိုလည်း စိတ်ကြည်လင်မှု ပေးနိုင်လို့ သင်က အများအမြင်မှာ ကြည့်ကောင်းနေတဲ့ သူတစ်ယောက် ဖြစ်နေမှာပါ။

 

(၄) အနက်ရောင်

I think that, like me, you must love chic and comfortable looks. One way to obtain this is by combining pant suits with sneakers. These kinds of outfits can be considered unusual, but they’re stylish.

 

အနက်ရောင်က အပူစုပ်တဲ့ အရောင်ဆိုပေမယ့် ပတ်ဝန်းကျင် ကြည်လင်သာယာနေတဲ့ အချိန်ဆို သင့်ကို ထင်းခနဲ ဖြစ်စေတဲ့ အရောင်တစ်ခု ဖြစ်ပါတယ်။ အနက်ရောင် ဖက်ရှင်ကလည်း ဘယ်တော့မှ မရိုးတဲ့ ဖက်ရှင်တစ်ခု ဖြစ်လို့ အနက်ရောင်ကိုမှ လင်းတဲ့အနက်ကို ရွေးရင် သင့်ကို မိမိုက်နေစေမှာပါ။

 

Myanmar Textile & Garment Guide

Source:AM

Read 804 times
Rate this item
(0 votes)