What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အနက်ရောင်ဖက်ရှင်ကို အပေါ်အောက် တွဲဖက်ဝတ်ဆင်မယ်ဆိုရင်...

အနက်ရောင်ဝတ်ရတာကြိုက်တဲ့ မိန်းကလေးတွေအတွက် ဘယ်အချိန်၊ ဘယ်ရာသီဥတုမှာဖြစ်ဖြစ် တစ်ကိုယ်လုံးအနက်ရောင်ဖြစ်လည်း အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် အနက်ရောင်ချည်းပဲ ဝတ်နေတယ်ဆိုပြီးလည်း ပျင်းစရာကြီးလို့ ထင်မသွားပါနဲ့။ အနက်ရောင်တွေကို သေချာတွဲဖက်ဝတ်ဆင်တတ်မယ်ဆိုရင် တကယ်ကို အထာကျစေမှာပါ...။

အပေါ်အောက် အနက်ဆိုတာနဲ့ ပူနေတော့မှာပဲဆိုတဲ့ အတွေးကိုလည်း ဘေးဖယ်ပြီး အခု စုစည်းပေးထားတဲ့ အပေါ်အောက်အနက်ရောင်တွဲစပ်ပုံ (၇)မျိုးကို ကြည့်နိုင်ဖို့ အနက်ရောင်ခရေစီတွေအားလုံးအတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။

 

၁။ Leather Jacket ကို အပေါ်ကထပ်ဝတ်ပြီး အောက်က top လှလှလေး တစ်ထည်ခံဝတ်ပါ...

အိုက်လာပြီဆိုရင်တော့ leather jacket ကို ခဏချွတ်ထားလို့လည်း ရတာပေါ့။

 

၂။ Off-shoulder အပေါ်ဝတ်ကို အနက်ရောင် heels နဲ့ တွဲဝတ်ပါ...

နေ့ဘက် အလုပ်တက်တဲ့အချိန်နဲ့ ညဘက်အပြင်ထွက်တဲ့အချိန်တွေမှာလည်း ဝတ်ဆင်နိုင်ပါတယ်..။

 

၃။ Midi dress နဲ့ sneakers တွဲဝတ်ပြီး ပေါ့ပေါ့ပါးပါးအသွင်ကို ရယူလိုက်ပါ...

 

၄။ Leather စကတ်နဲ့ ဘာ sticker မှမပါတဲ့သာမန်တီရှပ်ဗြောင်ကတော့ ချစ်ဖို့ကောင်းတဲ့အသွင်ထွက်စေမှာပါ...

 

၅။ ပွင့်ရိုက်တွေပါတဲ့ top နဲ့ cropped pants ကတော့ စမတ်ကျတဲ့ အမျိုးသမီးတစ်ဦးအသွင် ယူဆောင်လာပေးမှာပါ...

 

၆။ Maxi dress ကို sandals ဖိနပ်နဲ့ဆိုရင် မြို့ထဲမှာ ပတ်ပြေးပြီး အလုပ်အေးဆေးလုပ်လို့ရစေမယ့် လန်းဆန်းတဲ့ကောင်မလေးပုံစံရစေမှာပါ...

 

၇။ Shirt တစ်ထည်ကို skinny ဘောင်းဘီရှည်ထဲ ထည့်ဝတ်ပါ။ အဓိကကတော့ eye catching ဖြစ်စေမယ့် accessories တွေကို မဖြစ်မနေ တွဲဖက်ဝတ်ဆင်ရင် ပိုအထာကျစေမှာပါနော်..။

 

By Myanmar Textile & Garment Guide

Read 747 times
Rate this item
(0 votes)