What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒေါ်လာ ၉၆၁ တန် Face Shield ကို Louis Vuitton ထုတ်လုပ်

COVID-19 ကာကွယ်ရေးအတွက် ဈေးကြီးသည့် အသုံးအဆောင်များကို ဖက်ရှင်တိုက်တို့ ဖန်တီးထုတ်လုပ်ကြရာ ဖက်ရှင်ဒီဇိုင်နာ မျက်နှာကာလည်း အပါအဝင် ဖြစ်သည်။

 

Louis Vuitton က ဒေါ်လာ ၉၆၁ တန် PVC မျက်နှာကာအကြည်ကို brand အမည်အမှတ်တံဆိပ် စားသားကွပ်ပြီး ထုတ်လုပ်သည်။ တပ်ဆင်ရာ၌ အကျဉ်းအကျယ်ချိန်ဖို့ ရွှေကြယ်သီးများ ပါသည်။ အောက်တိုဘာလ ၃၀ ရက်တွင် ကမ္ဘာတစ်လွှားရှိ လက်လီဖက်ရှင်စတိုးဆိုင်များတွင် စတင်ရောင်းချပေးမည်ဟု ထုတ်ပြန်ကြေညာထားသည်။

 

 

Louis Vuitton သည် ဧပြီလကတည်းက ထုတ်လုပ်မှု အတော်များများကို ရပ်ဆိုင်းခဲ့ပြီး မတ်စ် အမြောက်အမြား ထုတ်လုပ်ခဲ့သည်။ ဆေးရုံသုံး ဝတ်စုံများလည်း ချုပ်လုပ်ခဲ့သည်။

 

Louis Vuitton မှ ထုတ်လုပ်သည့် ဖက်ရှင်ပစ္စည်းသည် ဈေးကြီးမည်ဟု မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း မျက်နှာကာတစ်ခု ဒေါ်လာ တစ်ထောင်နီးပါး ဖြစ်နေခြင်းသည် ယခုလို အချိန်အခါတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် မဆီလျော်ဟု ယူဆကြသည်။ သန်းချီသော လူများ အလုပ်လက်မဲ့ ဖြစ်ကုန်ကြသည်။ အလုပ်လက်ရှိတို့မှာလည်း လစာ လျော့သွားကြသည်။စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်နေရစဉ် ကျန်းမာရေးအန္တရာယ်ကလည်း ခြိမ်းခြောက်နေသည်။

 

ထို့ပြင် မျက်နှာကာ၏ ဒီဇိုင်းသည် ကာကွယ်ရေးအရ နဖူးနေရာတွင် အလုံအစေ့ ဖြစ်နေဖို့ လိုသည်။ ဟောင်းလောင်းပေါက် ဖြစ်နေပါက လုံလောက်သော အကာအကွယ်ကို ပေးနိုင်မည် မဟုတ်ချေ။

 

Senior Medical Director ဖြစ်သူ ဆေးဘက်ဆိုင်ရာဘွဲ့များ ဖြစ်သော M.D., MPH ရရှိထားသည့် Arefa Cassoobhoy က "မတ်စ် တပ်တဲ့အပြင် မျက်နှာကာ တပ်တာဟာ တကယ်လို့ အကာအကွယ် အလွှာတစ်ခု အပိုဆောင်းချင်တယ်ဆိုရင် တပ်သင့်ပါတယ်။ အထူးသဖြင့် ကူးစက်ခံရဖို့ ဖြစ်နိုင်ခြေ မြင့်မားနေတဲ့ အခြေအနေမျိုးမှာ ဖြစ်ပါတယ်။ နာမကျန်းဖြစ်နေတဲ့သူကို အနားကပ် ပြုစုပေးရတာမျိုး၊ နီးနီးကပ်ကပ် အတူနေပြီး အတူတကွ လုပ်ကိုင်ရတာမျိုးတွေမှာ မျက်နှာကာ တပ်သင့်ပါတယ်" ဟု ပြောကြားသည်။

 

Source: instyle.com

Read 753 times
Rate this item
(0 votes)