What's new

×

Warning

JUser: :_load: Unable to load user with ID: 845


James Heal က အထည်အလိပ်ဆိုင်ရာ စမ်းသပ်မှုပစ္စည်းများရနိုင်တဲ့ online shop တစ်ခုဖွင့်လှစ်

အထည်အလိပ်စမ်းသပ်ခြင်း ကိရိယာများ အရည်အသွေးထိန်းချုပ်မှု အတွက် စမ်းသပ်ပစ္စည်းများ ဒီဇိုင်းထုတ်လုပ်ခြင်းတွင် ယူကေအခြေစိုက် ကမ္ဘာ့ခေါင်းဆောင် James Heal က ၎င်း၏အွန်လိုင်းဆိုင်သစ်ကို စတင် မိတ်ဆက်လိုက်ပါတယ်။

 

ကုမ္ပဏီ၏အဆိုအရ ယုံကြည်စိတ်ချရပြီး ထပ်ခါတလဲလဲပြုလုပ်ရတဲ့ စစ်ဆေးမှုများအတွက် အရည်အသွေးမြင့် စမ်းသပ်ပစ္စည်းများ လိုအပ်နေတယ်လို့ သိရပါတယ်။ ယခုဆိုရင် ယူကေရှိ ဖောက်သည်များအနေဖြင့် အွန်လိုင်းမှ လွယ်ကူလျင်မြန်စွာ အရည်အသွေးမြင့် အထည်အလိပ်စမ်းသပ်ပစ္စည်းများကို မှာယူလို့ ရနေပါပြီလို့ ဆိုပါတယ်။


ဝယ်ယူသူများအတွက် James Heals ၏လူကြိုက်အများဆုံး အထည်အလိပ်စမ်းသပ်ပစ္စည်းများထဲမှ အထုပ်အရွယ်အစားအမျိုးမျိုးနဲ့အတူ ကိုယ်တတ်နိုင်မယ့် ဈေးနှုန်းရှိတာတွေကို ကြိုတင်ရွေးချယ်မှာယူလို့လည်း ရနိုင်ပါတယ်။


James Heals ၏ online shop က တစ်ချိန်တည်းမှာပင် ကုမ္ပဏီ၏အရည်အသွေးမြင့်မားသောအဆင့်ကို ထိန်းသိမ်းထားနိုင်ပြီး ဖောက်သည်များအတွက် ကုန်ကျစရိတ်သက်သာခွင့်များ ပေးစွမ်းနိုင်ခဲ့ခြင်းမှာ ဆိုင်ရဲ့စွမ်းဆောင်ရည်တိုးတက်လာတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

အမြန်ပေးပို့နိုင်ခြင်း၊ အပြိုင်အဆိုင်ဈေးနှုန်းများနှင့်အထူးကမ်းလှမ်းခြင်းများ၊ Credit (သို့) PayPal မှတဆင့် အွန်လိုင်းငွေပေးချေနိုင်ခြင်း၊ အထုပ်အရွယ်အစားအမျိုးမျိုးရနိုင်ခြင်းတို့က သူ့ဆိုင်ရဲ့ အဓိက အချက်တွေပဲ ဖြစ်ပါတယ်။ James Heals ရဲ့ နှစ်ပေါင်း ၄၀ အတွေ့အကြုံအရ သူ့ရဲ့ အထည်အလိပ်စမ်းသပ်ပစ္စည်းများအတွက် ထောက်ပံ့နိုင်ခြင်းပဲ ဖြစ်ပါတယ်။

 

“ ကျွန်တော်တို့ရဲ့online shop စတင် မိတ်ဆက်မှုကို ကြေညာရတာ ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ရဲ့ဖောက်သည်တွေအတွက် James Heal နဲ့အတူပူးပေါင်းလုပ်ဆောင်မှုအတွေ့အကြုံတွေကို တိုးတက်အောင်လုပ်ဖို့ ကတိကဝတ်ဖြစ်တယ်” လို့ James Heals ၏မန်နေးဂျင်းဒါရိုက်တာ John Pageက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါတယ်။

 

By htike htike (Myanmar Textile & Garment Guide)
Ref: www.fibre2fashion.com

Read 674 times
Rate this item
(0 votes)