What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သားေမြးတု

(Zaw+uni)ဖက္ရွင္လုပ္ငန္းနယ္ပယ္မွာ သားေမြးတုကုိ faux fur လုိ႔ ေခၚၾကတယ္။

လူလုပ္ထားတဲ့ သားေမြးတုဟာ တိရစာၦန္ကုိယ္ေပၚမွ ရတဲ့ သားေမြးအစစ္ေလာက္ေတာ့ ဂုဏ္မရွိဘူးလုိ႔ ယူဆၾကသူေတြ ရွိတယ္။ တကယ္ေတာ့ တိရစာၦန္ကုိ သတ္ျဖတ္ၿပီးမွ ရယူၾကရတာမုိ႔ ရက္စက္မႈတစ္မ်ဳိး ျဖစ္ေနတယ္။ တခ်ဳိ႕တိရစာၦန္ေတြဆုိရင္ သားေမြးေၾကာင့္ သတ္ျဖတ္ခံၾကရၿပီး မ်ဳိးတုလုနီးပါး ျဖစ္ကုန္တယ္။ ကန္႔ကြက္သံေတြ ထြက္ေပၚလာေနခ်ိန္မွာ ေျမြပါသားေမြးထည္ တစ္ထည္ကုိ ကန္ေဒၚလာ ေလးေသာင္းနဲ႔ ေရာင္းခ်တဲ့ Gucci ထိပ္တန္းဖက္ရွင္တုိက္က သားေမြးအစစ္ ဖက္ရွင္ထည္ေတြ ထုတ္လုပ္ေတာ့မွာ မဟုတ္ေၾကာင္း ၂၀၁၇ ခုႏွစ္ ေအာက္တုိဘာလမွာ ေၾကညာခဲ့တယ္။ သားေမြးအစစ္ ပိတ္ပင္ထားတဲ့ အျခားနာမည္ႀကီး ဖက္ရွင္တုိက္ေတြရဲ႕ စာရင္းထဲကုိ Gucci ၀င္ေရာက္ခဲ့တာ ျဖစ္ပါတယ္။

သားေမြးအတု faux fur ထုတ္လုပ္တဲ့ ဖက္ရွင္ထည္ေတြမွာလည္း ျပႆနာေတြ ရွိေနတယ္။ လူေျပာမ်ားတဲ့ ကိစၥႏွစ္ခုက ေဘးဥပါဒ္ ျဖစ္ေစတဲ့ ဓာတုပစၥည္းေတြ သုံးစြဲၿပီး ထုတ္လုပ္ၾကတာရယ္၊ လုပ္ကုိင္ၾကတဲ့ လုပ္သားေတြကုိ ေပးတဲ့ လုပ္ခလစာ နည္းပါးတာတုိ႔ ျဖစ္ပါတယ္။ အေရအတြက္ အေျမာက္အျမား ထုတ္လုပ္ၾကၿပီး အၿပိဳင္အဆုိင္ ေရာင္းခ်ၾကတာမုိ႔ အကုန္အက်သက္သာေအာင္ ေဈးသက္သာတဲ့ ဓာတု နည္းလမ္းေတြကုိ သုံးၾကရတယ္။ လုပ္သားေတြအတြက္ လုပ္ခလစာကုိလည္း အကုန္အက်သက္သာေအာင္ လုပ္ၾကတယ္။ အဲဒီေတာ့ သားေမြးအတု ထုတ္လုပ္မႈအပုိင္းအတြက္ ေျပာဆုိၾကသံေတြ ထြက္ေပၚေနတယ္။
သမုိင္းေၾကာင္းကုိ သမင္လည္ျပန္ၾကည့္လုိက္တဲ့အခါ သားေမြးေၾကာင့္ ေသၾကရတဲ့ တိရစာၦန္ေတြကုိ စာနာသနားလုိ႔ သားေမြးတုကုိ ထုတ္လုပ္ၾကတာေတာ့ မဟုတ္ဘူး။ ေငြကုိ လြယ္လြယ္နဲ႔ ျမန္ျမန္ ရၾကလုိ႔ သားေမြးတုကုိ ထုတ္လုပ္ၾကတာ ျဖစ္ပါတယ္။ သားေမြးအစစ္က ေဈးေကာင္းတာေၾကာင့္ သားေမြးအတုကိုလည္း ေဈးတင္ၿပီး ေရာင္းလုိ႔ ရေနေစတယ္။

အျမန္ဖက္ရွင္ Fast fashion ေခတ္ကုိ ေရာက္လာခ်ိန္မွာေတာ့ တစ္ႏွစ္နဲ႔ တစ္ႏွစ္ ၊ တစ္ရာသီနဲ႔ တစ္ရာသီ အ၀တ္အစားေတြ ေျပာင္းလဲ၀တ္ဆင္ၾကလုိ႔ အသစ္၀ယ္၀တ္တာေတြ မ်ားလာေတာ့ ေဈးသက္သာတဲ့ သားေမြးအတုကုိ ၀တ္ဆင္မႈ ပုိမ်ားလာခဲ့ၿပီး သားေမြးအတုကုိ ၀တ္ထားတာေၾကာင့္ စိတ္ထဲ သိမ္ငယ္ေနဖုိ႔ မလုိအပ္ေတာ့ဘူး။
သားေမြးတုကုိ ဇီ၀နည္းပညာျဖင့္ ထုတ္လုပ္ႏုိင္ဖုိ႔ သုေတသနေတြလည္း လုပ္ေနၾကတယ္။ ဇီ၀သားေမြး Bio Fur ကုိ လက္ရွိထုတ္လုပ္ေနတဲ့ သားေမြးတုေတြ နည္းတူ ကုန္က်စရိတ္ သက္သက္သာသာျဖင့္ ထုတ္လုပ္ႏုိင္တဲ့အခ်ိန္အခါကုိ တစ္ခ်ိန္ခ်ိန္မွာ ေရာက္ရွိလိမ့္မယ္လုိ႔သာ ေမွ်ာ္မွန္းလုိ႔ ရတယ္။ ဘယ္ေတာ့လဲဆုိတာ တိတိပပေတာ့ မေျပာႏုိင္ေသးဘူး။

Uni

ဖက်ရှင်လုပ်ငန်းနယ်ပယ်မှာ သားမွေးတုကို faux fur လို့ ခေါ်ကြတယ်။ လူလုပ်ထားတဲ့ သားမွေးတုဟာ တိရစာဆန်ကိုယ်ပေါ်မှ ရတဲ့ သားမွေးအစစ်လောက်တော့ ဂုဏ်မရှိဘူးလို့ ယူဆကြသူတွေ ရှိတယ်။ တကယ်တော့ တိရစာဆန်ကို သတ်ဖြတ်ပြီးမှ ရယူကြရတာမို့ ရက်စက်မှုတစ်မျိုး ဖြစ်နေတယ်။ တချို့တိရစာဆန်တွေဆိုရင် သားမွေးကြောင့် သတ်ဖြတ်ခံကြရပြီး မျိုးတုလုနီးပါး ဖြစ်ကုန်တယ်။ ကန့်ကွက်သံတွေ ထွက်ပေါ်လာနေချိန်မှာ မြွေပါသားမွေးထည် တစ်ထည်ကို ကန်ဒေါ်လာ လေးသောင်းနဲ့ ရောင်းချတဲ့ Gucci ထိပ်တန်းဖက်ရှင်တိုက်က သားမွေးအစစ် ဖက်ရှင်ထည်တွေ ထုတ်လုပ်တော့မှာ မဟုတ်ကြောင်း ၂ဝ၁၇ ခုနှစ် အောက်တိုဘာလမှာ ကြေညာခဲ့တယ်။ သားမွေးအစစ် ပိတ်ပင်ထားတဲ့ အခြားနာမည်ကြီး ဖက်ရှင်တိုက်တွေရဲ့ စာရင်းထဲကို Gucci ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သားမွေးအတု faux fur ထုတ်လုပ်တဲ့ ဖက်ရှင်ထည်တွေမှာလည်း ပြဿနာတွေ ရှိနေတယ်။ လူပြောများတဲ့ ကိစ္စနှစ်ခုက ဘေးဥပါဒ် ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ သုံးစွဲပြီး ထုတ်လုပ်ကြတာရယ်၊ လုပ်ကိုင်ကြတဲ့ လုပ်သားတွေကို ပေးတဲ့ လုပ်ခလစာ နည်းပါးတာတို့ ဖြစ်ပါတယ်။ အရေအတွက် အမြောက်အမြား ထုတ်လုပ်ကြပြီး အပြိုင်အဆိုင် ရောင်းချကြတာမို့ အကုန်အကျသက်သာအောင် ဈေးသက်သာတဲ့ ဓာတု နည်းလမ်းတွေကို သုံးကြရတယ်။ လုပ်သားတွေအတွက် လုပ်ခလစာကိုလည်း အကုန်အကျသက်သာအောင် လုပ်ကြတယ်။ အဲဒီတော့ သားမွေးအတု ထုတ်လုပ်မှုအပိုင်းအတွက် ပြောဆိုကြသံတွေ ထွက်ပေါ်နေတယ်။
သမိုင်းကြောင်းကို သမင်လည်ပြန်ကြည့်လိုက်တဲ့အခါ သားမွေးကြောင့် သကြေရတဲ့ တိရတွေကို စာနာသနားလို့ သားမွေးတုကို ထုတ်လုပ်ကြတာတော့ မဟုတ်ဘူး။ ငွေကို လွယ်လွယ်နဲ့ မြန်မြန် ရကြလို့ သားမွေးတုကို ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ သားမွေးအစစ်က ဈေးကောင်းတာကြောင့် သားမွေးအတုကိုလည်း ဈေးတင်ပြီး ရောင်းလို့ ရနေစေတယ်။

အမြန်ဖက်ရှင် Fast fashion ခေတ်ကို ရောက်လာချိန်မှာတော့ တစ်နှစ်နဲ့ တစ်နှစ်၊ တစ်ရာသီနဲ့ တစ်ရာသီ အဝတ်အစားတွေ ပြောင်းလဲဝတ်ဆင်ကြလို့ အသစ်ဝယ်ဝတ်တာတွေ များလာတော့ ဈေးသက်သာတဲ့ သားမွေးအတုကို ဝတ်ဆင်မှု ပိုများလာခဲ့ပြီး သားမွေးအတုကို ဝတ်ထားတာကြောင့် စိတ်ထဲ သိမ်ငယ်နေဖို့ မလိုအပ်တော့ဘူး။
သားမွေးတုကို ဇီဝနည်းပညာဖြင့် ထုတ်လုပ်နိုင်ဖို့ သုတေသနတွေလည်း လုပ်နကြေတယ်။ ဇီဝသားမွေး Bio Fur ကို လက်ရှိထုတ်လုပ်နေတဲ့ သားမွေးတုတွေ နည်းတူ ကုန်ကျစရိတ် သက်သက်သာသာဖြင့် ထုတ်လုပ်နိုင်တဲ့အချိန်အခါကို တစ်ချိန်ချိန်မှာ ရောက်ရှိလိမ့်မယ်လို့သာ မျှော်မှန်းလို့ ရတယ်။ ဘယ်တော့လဲဆိုတာ တိတိပပတော့ မပြောနိုင်သေးဘူး။

 

 

Read 1044 times
Rate this item
(0 votes)