What's new
×
Warning
JUser: :_load: Unable to load user with ID: 845
ဆေးခြယ်ဂျင်း
ZAWGYI+UNICODE
အချို့က အရောင်ကျနေပြီး မြင်မကောင်းတော့သဖြင့် ဆေးခြယ်ပြီး ပြန်သကြသည်။
ပုံနမူနာများကို စာများအားလုံး၏ အဆုံးတွင် ဖော်ပြပေးထားပါသည်။
Unicode
ဂျင်းသားကို အထည်ဆိုးဆေးဖြင့် ဆေးခြယ်ခြင်းသည် သက်မွေးအလုပ်တစ်မျိုးဖြစ်သည်။
ကျွမ်းကျင်ရာလိမ္မာဆိုသည့်အတိုင်း လက်ရာကောင်းကောင်းဖြင့် ဆေးခြယ်နိုင်ပါက
ကြေးကောင်းကောင်း ရသည့်အလုပ်မျိုး ဖြစ်သည်။
အချို့က အရောင်ကျနပြေီး မြင်မကောင်းတော့သဖြင့် ဆေးခြယ်ပြီး ပြန်သကြသည်။
အချို့က ဖက်ရှင်တစ်မျိုးအဖြစ် ဂျင်းဘောင်းဘီကို ဆေးခြယ်ပြီး ဝတ်ဆင်ကြသည်။
အချို့က အများနှင့်မတူသော ဂျင်းဘောင်းဘီအဖြစ် ဆင်မြန်းလို၍ ဆေးခြယ်ကြသည်။
ဂျင်းကို ဆေးခြယ်မည်ဆိုလျှင်
●အသစ်ဖြစ်စေ၊ အဟောင်းဖြစ်စေ တစ်ရေလျှော်လိုက်ပါ။ ခြောက်အောင် ထားပြီးမှ ဆေးခြယ်ဖို့ လုပ်ပါ။
●ဂျင်းကို ပြန့်သွားအောင် မီးပူ အကျအန တိုက်ပါ။
● ဆေးခြယ်မည့် စားပွဲပေါ်တွင် သတင်းစာကို သုံးလေးထပ် ခင်းပြီး အပေါ်မှာ ဂျင်းကို နေရာချပါ။
တွန့်ခြင်းခေါက်ခြင်း ကင်းနေအောင် လုပ်ပါ။
● ဂျင်းအရွယ်အစားအတိုင်း ကတ်ထူပြားကို ပုံညှပ်ပြီး ဘောင်းဘီခြေထောက် အထဲမှာ ထည့်ပြီး ခုခံပေးပါ။
ခြေထောက် နှစ်ဖက်စလုံးကို ခုခံပေးရမည်ဖြစ်ကြောင်း သဘောပေါက်စေလိုပါသည်။
●ကတ်ထူပြား ခုခံပြီးသောအခါ ဆေးခြယ်မည့်အသား ပြန့်နေတာ သေချာအောင် လုပ်ပါ။
လိုအပ်မည်ထင်လျှင် မီးပူတိုက်ပေးပါ။ ပြီးလျှင် အအေးခံထားလိုက်ပါ။၏
●အရောင်ဆိုးဆေးဖြင့် သုတ်ပါ။ စုတ်တံကြီးကြီးကို မသုံးပါနှင့်။
၁ လက်မ အရွယ်၊ လက်မဝက်အရွယ် စုတ်တံကို သုံးပါ။ ခပ်ထူထူ မသုတ်ပါနှင့်။
ခပ်ပါးပါး တစ်လွှာပြီး တစ်လွှာ သုတ်ပါ။
သုံးလေးထပ် သုတ်ပြီးလျှင် လုံလောက်ပါပြီ။ ပါးပါးလေး ခပ်သွက်သွက် သုတ်ရမည် ဖြစ်သည်။
သုံးလေးလွှာ သုတ်ပြီးချိန်တွင် ဆေးသားသည် မပါးလွန်း မထူလွန်း ဖြစ်နေရမည်။
●တစ်ရက်တန်သည် နှစ်ရက်တန်သည် လေသလပ်ပြီး ခြောက်သွားသည်အထိ စောင့်ပါ။
မြန်မြန်ခြောက်အောင် နေပူလှန်းခြင်း မပြုပါနှင့်။
ဂျင်းသားထဲ ဆေးသားစွဲစေရန် လေသလပ်ပြီး အခြောက်ခံပါ။
● ခြောက်တာ သေချာပြီဆိုလျှင် ဘောင်းဘီကို အတွင်းအပြင် ပြောင်းပြန်လှန်ပါ။
ထို့နောက် တစ်ရေလျှော်ပါ။
● လျှောက်ပြီးလျှင် ရေမညှစ်ပါနှင့်။ ရေစက်စက်ကျနေသည့်အတိုင်း လေသလပ်ခံပြီး အခြောက်ခံပါ။ေ
နပူမလှန်းပါနှင့်။ လေသလပ်ခံမှ ဆေးစွဲအား ပိုကောင်းလိမ့်မည်။
● အကယ်၍ ခြယ်ထားသည့်ဆေးကို မှိန်အောင် လုပ်လိုလျှင် အဝတ်လျှော်စက်ဖြင့် ရေညှစ်ပါ။
●လုံးဝ ခြောက်သွားပြီဆိုမှ ဘောင်းဘီကို အပြင်အတွင်း ပြန်လှန်ပေးလိုက်ပါ။
အလန်းစားဆေးခြယ် ဂျင်းဘောင်းဘီတစ်ထည်ကို ရရှိပါပြီ။
jean paint 01
how to paint jeans
jean paint 02
Read 1368 times
Rate this item
(0 votes)