What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အက်ပ်အမည်က Fashtory

ဆော်ဒီအာရေဗျမှ အမျိုးသမီး လုပ်ငန်းရှင်တစ်ဦးက ဖက်ရှင်လောကအတွက် အက်ပ်တစ်ခုကို ထုတ်လုပ်လိုက်တာမှာ အကြီးအကျယ် အောင်မြင်သွားခဲ့တယ်။

အဲဒါကြောင့် အမျိုးသမီးများကို ဘာသာရေး ထုံးတမ်းအရ နေရာမပေးတဲ့ ဆော်ဒီမှာ အမျိုးသမီးတွေ ထွန်းတောက်ချိန် ရောက်ပြီလို့ မှတ်ချက်ပြုကြရတယ်။

အက်ပ်ကို ထုတ်လုပ်ဖြန့်ချိတဲ့ အမျိုးသမီး လုပ်ငန်းရှင်အမည်က Alanoud Al Mubarak ဖြစ်ပါတယ်။ အက်ပ်အမည်က Fashtory ဖြစ်ပါတယ်။

တခြားအွန်လိုင်းဖက်ရှင်ထည် အရောင်းအ၀ယ်တွေအတွက် ထုတ်လုပ်ထားတဲ့ အက်ပ်တွေနဲ့ မတူတဲ့ ထူးခြားချက်က တခြားအက်ပ်တွေမှာ ဖက်ရှင်အ၀တ်အစားတွေ ဖက်ရှင်အသုံးအဆောင်တွေကို စိတ်ကြိုက်ရှာဖွေပြီးရင် ၀ယ်လိုက်ဖို့ပဲ ရှိပါတယ်။အဲဒီ ဖက်ရှင်ကို ကြံဆလုပ်ကိုင်တဲ့ ဖက်ရှင်ဒီဇိုင်နာကို ၀ယ်ယူသူက ဆက်သွယ်လို့ မရဘူး။ ဒီတော့ ဖက်ရှင်ထည် အရောင်းဆိုင်တစ်ခုမှာ ဈေးဝယ်တဲ့အတိုင်း ဖြစ်နေတယ်။
Fashtory မှာတော့ အက်ပ်ကို သုံးစွဲပြီး ၀ယ်ယူသူနဲ့ ဒီဇိုင်နာတို့ တိုက်ရိုက်ချိတ်ဆက် ဆက်သွယ်ပြီး အသိပေးပြောဆိုလို့ရတယ်။ ဒီတော့ ၀ယ်ယူသူက သူ့ရဲ့ ကိုယ်ခန္ဓာ အတိုင်းအတာကို ပေးပြီး မှာကြားလို့ရတယ်။ ဒီတော့ ပွတာကျပ်တာတွေကို သည်းခံပြီး ၀တ်ဆင်ရတာ၊ ပြန်ပြင်ချုပ်ရတာတွေ မလိုအပ်တော့ဘူး။

သုံးစွဲရတာ လွယ်ကူပြီး နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ဖက်ရှင်ဒီဇိုင်နာတွေ စာရင်းဖွင့်ပြီး အသုံးပြုကြတယ်။
အ၀တ်အစားများသာမက လက်ဝတ်ရတနာတွေ၊ ဖိနပ်အမျိုးမျိုး စတာတွေလည်း ပါဝင်ပြီး ဖက်ရှင်တိုက်များသာမက တစ်သီးပုဂ္ဂလ လုပ်ကိုင်တဲ့ ဒီဇိုင်နာ indie designer တွေကိုပါ ဆက်သွယ်ပြောဆိုပြီး မှာကြားလို့ရတယ်။
android စမတ်ဖုန်းတွေအတွက် Google Play မှာ အခမဲ့ ဒေါင်းယူနိုင်တယ်။ အိုင်ဖုန်းတွေအတွက်လည်း App Store မှာ အခမဲ့ ဒေါင်းယူနိုင်တယ်။

ခေတ်ပေါ်ဖက်ရှင်ထည် အမျိုးမျိုးကို ရှာဖွေကြည့်ရှုလို့ရတယ်။ ဒီဇိုင်နာတွေကို အမည်နဲ့ဖြစ်စေ နေထိုင်ရာနေရာနဲ့ဖြစ်စေ ရှာဖွေလို့ ရတယ်။ အခုလို သုံးစွဲတာတွေအတွက် အက်ပ်မှာ account လုပ်စရာ မလိုတာကလည်း ထူးခြားချက် တစ်ခု ဖြစ်ပါတယ်။ နှစ်သက်တဲ့ ဒီဇိုင်းနာကို မှတ်သားခိုင်းထားပြီး နိုတီ တောင်းယူထားလို့ရတယ်။

Alanoud က တသီးပုဂ္ဂလ ဖက်ရှင်ဒီဇိုင်နာတွေအတွက် သူတို့ရဲ့ ဖန်တီးမှုလက်ရာတွေကို ပြသဖို့နေရာတစ်ခု ပေးချင်တဲ့စေတနာဖြင့် အက်ပ်ကို ဖန်တီးပေးခဲ့တယ်လို့ ဆိုပါတယ်။ ‘‘သူတို့ရဲ့ သက်မွေးအလုပ်အတွက် ပြသဖို့ ပလက်ဖောင်းတစ်ခု ရစေလိုပါတယ်’’ လို့ သူက ပြောပြပါတယ်။ ဖက်ရှင်ကို စိတ်ဝင်တစားဖြစ်တဲ့သူတွေ ၀ါသနာအရ လေ့လာလိုသူတွေအတွက်လည်း အသုံးတည့်တာမို့ နှစ်ဦးနှစ်ဖက် အဆင်ပြေနေစေပါတယ်။
Easy Tech မှ ထုတ်ပြန်တဲ့ ထိပ်တန်းအက်ပ်စာရင်းမှာ နံပါတ်(၁)နေရာကို
Fashtory ရရှိခဲ့ပါတယ်။

 

 

 

fashtory

Play Store link

https://play.google.com/store/apps/details?id=com.fashtory&hl=en

 

App Store link

https://itunes.apple.com/us/app/fashtory-fashion-network-directory/id1121125443

 

 

1 Top 15 Best Fashion Designer Apps For Android And iOS
1.1 Fashtory
1.2 Chanel Fashion
1.3 Grabble
1.4 Trendstop Fashion
1.5 Stylicious
1.6 Hermès Silk Knots
1.7 WEAR
1.8 Mod Man
1.9 LookBook
1.10 20Dresses
1.11 ColorSnap
1.12 Fashion Star Boutique
1.13 Fashion Design FlatSketch
1.14 Patch It Girl
1.15 Fashion Designer Dress Maker

Read 1124 times
Rate this item
(0 votes)