What's new
×
Warning
JUser: :_load: Unable to load user with ID: 845
(Zaw+Uni)ဥရောပမှ အဝတ်အစား ဝယ်လက်တွေအဖို့ အထည်ချုပ်ပေးလိုသူတွေကို ပြောင်းလဲ သုံးစွဲဖို့ လွယ်ကူပေမဲ့ Corporate social responsibility (CSR) ဆောင်ရွက်မှု ကောင်းမွန်တဲ့သူကို ရဖို့က အတော်ခက်ခဲတယ်။
 EU ဈေးကွက် GSP
Unicode
ဥရောပ အဝတ်အစားဈေးကွက် CSR အရေးပါပုံ
ဥရောပမှ အဝတ်အစား ဝယ်လက်တွေအဖို့ အထည်ချုပ်ပေးလိုသူတွေကို ပြောင်းလဲ သုံးစွဲဖို့ လွယ်ကူပေမဲ့ Corporate social responsibility (CSR) ဆောင်ရွက်မှု ကောင်းမွန်တဲ့သူကို ရဖို့က အတော်ခက်ခဲတယ်။ ဒီတော့ ကိုယ့်လုပ်ငန်းက CSR ကောင်းရင် တစ်ပန်းသာတယ်။ အထည်ချုပ်ပေးလိုသူတွေ အမြောက်အမြား ရှိနကြပြေီး မြန်ဆန်မှု၊ ဈေးနှုန်း၊ အလိုက်သင့် ပြောင်းလဲလုပ်ကိုင်ပေးနိုင်ခြင်း၊ အရည်အသွေး စတာတွေဟာ အနည်းနဲ့အများ အတူတူ ဖြစ်နကြေတယ်။ မတိမ်းမယိမ်းတွေချည်းပဲ။
ဒီတော့ ဝယ်လက်တွေက လုပ်ကိုင်ရ ပိုလွယ်ကူပြီး ဈေးလည်း ပိုသက်သာတဲ့ဆီ ရွှေ့ပြောင်းပြီး အလုပ်အပ်နှံတာ၊ ထုတ်လုပ်ခိုင်းတာတွေ လုပ်ဖို့ ပိုလွယ်နေတယ်။
လုပ်ငန်းတစ်ခု သက်တမ်း ဘယ်လောက် ရှိသလဲဆိုတာ နောက်ဆုံးမှာထားပြီး စဉ်းစားတဲ့ အချက် ဖြစ်နေတယ်။ လူသစ်တန်းအတွက် တစ်ခုကောင်းတာက အများနဲ့တန်းတူ ကိုယ်က လုပ်ကိုင်နိုင်တယ်။ နည်းနည်းလေး ပိုသာတယ်ဆိုရင် ဝယ်လက်က ကိုယ့်ကို ရွေးချယ်ဖို့ အခွင့်သာနေစေတယ်။
ဝယ်လက်တွေအနဖြေင့် ချုပ်ပေးမယ့်သူ၊ ထုတ်လုပ်ပေးမယ့်သူ ပေါပေါများများ အသင့်ရှိနေပေမဲ့ CSR လိုအပ်ချက်တွေ၊ မျှော်လင့်ထားတာတွေ ဖြည့်ဆည်းထားတဲ့ ချုပ်ပေးမယ့်သူ၊ ထုတ်လုပ်ပေးမယ့်သူကို ရဖို့ကတော့ စိန်ခေါ်မှုတစ်ခု ဖြစ်နေတဲ့အပြင် ပိုမိုခက်ခဲလာနေတယ်။ အဲဒါဟာ ကိုယ့်ရှူးကိုယ့်ပတ်တာလို့ ဆိုနိုင်တယ်။ ဥရောပဝယ်လက်တွေက တောင်းဆိုထားတဲ့ တရားဝင်ပြဋ္ဌာန်းထားတဲ့ တင်းကျပ်တဲ့စည်းကမ်းတွေ ဥပဒေတွေ၊ ဥပဒေမှာ မပြဋ္ဌာန်းထားပေမဲ့ ဝယ်လက်က ပြဋ္ဌာန်းထားတဲ့ စည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ ပေးသွင်းသူတွေဟာ ဝန်ဆောင်မှု အဆင့်အတန်းတွေနဲ့ မြန်ဆန်နှုန်းတို့ကိုလည်း မီအောင် လုပ်ပေးနိုင်ကြပေမဲ့ အဲဒီလို ဖြည့်ဆည်းရတာကြောင့် CSR ကို ဖြည့်ဆည်းဖို့ မဖြစ်နိုင်အောင် ဖြစ်နေတာမျိုးတွေ ရှိနေတယ်။ အထည်ချုပ်တဲ့ နိုင်ငံအများစုဟာ ဖွံ့ဖြိုးပြီး နိုင်ငံများ မဟုတ်ကြတဲ့အတွက် အဲဒီနိုင်ငံတွေမှာတောင် ပျက်ကွက်မှုတွေ ရှိနေတဲ့ CSR လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အခက်အခဲ ရှိနေရတာ သဘာဝကျပါတယ်။ ဒီတော့ CSR တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ လုပ်ငန်းဟာ တစ်ပန်းသာပါတယ်။
ဥရောပ ဈေးကွက်ကို ဝင်ဖို့ ခက်တာမှန်ပေမဲ့ ဝင်လမ်းသာနေစေတဲ့ အချက်တွေလည်း ဖြစ်ပေါ်နေတယ်။ အဲဒီအကြောင်းကို ဆက်လက်တင်ပြပါဦးမယ်။
ဥရောပ အဝတ်အစားဈေးကွက် Suppliers’ Manual အရေးကြီးပုံ
http://www.textiledirectory.com.mm/articles/item/686-eu-suppliers%E2%80%99-manual.html
အီးယူဈေးကွက် ဝင်လမ်းသာစေတဲ့အချက်များ
http://www.textiledirectory.com.mm/articles/item/697-eu-market-entry-point-guide.html
EU ဈေးကွက် GSP
http://www.textiledirectory.com.mm/articles/item/705-eu-market-gsp.html
Read 1056 times
Rate this item
(0 votes)