What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဇာတွေ ချိတ်တွေကိုကြိုက် တယ်လေ... အဲဒါကြောင့် Moe Fabric house ကိုဖွင့်ဖြစ်တဲ့မိုးဟေကို

ဇာတွေ ချိတ်တွေကိုကြိုက် တယ်လေ... အဲဒါကြောင့် Moe Fabric house ကိုဖွင့်ဖြစ်တဲ့မိုးဟေကို facebook

သရုပ်ဆောင်လဲကောင်းသလို စီးပွါးရေးလုပ်ငန်းများပါ လုပ်ကိုင်နေတဲ့ မိုးဟေကို ကို စီးပွါးရေးလုပ်ငန်းများနဲ့ ပတ်သတ်ပီးမေးမြန်းထားတာကတော့ ........................

လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း
Moe Fabric House, Moe Film Productionကိုလုပ်ကိုင်နေပါတယ်။

စိတ်ကူးအစရခဲ့ပုံနှင့် ပြင်ဆင်ခဲ့ရပုံများ
Moe Film Production ကို လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက စိတ်ကူးပြီး အစီအစဉ်ဆွဲခဲ့တာပါ။ ဒီအလုပ်ကို ကိုယ်တကယ် စိတ်ပါဝင်စားတယ်။ ဝါသနာပါတယ်။ ကိုယ်နဲ့လည်း သင့်တော်မယ်ထင်လို့ ဆယ်စုနှစ် တစ်ခုလောက် ခင်မင်လာခဲ့ကြတဲ့ တစ်ယောက် စိတ်ဓာတ်ကိုလည်း တစ်ယောက်သိတဲ့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး စုပေါင်းပြီးလုပ်ခဲ့ကြတာပါ။ ကိုယ်နိုင်သလောက် ပုံမှန်နဲ့ သေချာလေးလုပ်သွားမယ်ဆိုပြီး အစီအစဉ်တွေကို ချမှတ်ခဲ့တာပါ။ 

Moe Fabric House ကလည်း မိုး ဝါသနာလည်းပါတယ်။ မိုးနဲ့လည်းသင့်တော်မယ်။ ပြီးတော့ မိုးလည်း ကြိုက်နှစ် သက်တယ်ပေါ့နော်။ ဇာတွေ ချိတ်တွေကိုကြိုက် တယ်လေ... အဲဒါကြောင့်ပဲ လုပ်ချင်လို့ လုပ်ဖြစ်ခဲ့တယ်။

13932772 1266991193313511 6152216758199968214 n

-လုပ်ငန်းစတင်ခဲ့ပုံနှင့် ကြိုးစားခဲ့ရမှုများ
Moe Film Production ကို ၂ဝ၁၃ အကုန် ၂ဝ၁၄ ကျမှ ထုတ်လုပ်မှုအနေနဲ့ ရိုက်ကူးရေးတွေ စတင်ခဲ့တာပေါ့။ တစ်နှစ်ကို ဘယ်နှစ်ကား ရိုက်မယ်ဆိုတာရယ် လိုက်ဖက်တဲ့သရုပ်ဆောင် ရိုက်ကူးမယ့် ဒါရိုက်တာ စသဖြင့် ကြိုတင်အစီအစဉ်
တွေ ချမှတ်တယ်။ ရွေးချယ်မှုပြုလုပ်တဲ့နေရာမှာ ကိုယ်တိုင်သရုပ်ဆောင် မင်းသမီးဆိုတဲ့ စိတ်ကိုဖျောက်၊ သာမန်ပရိသတ်တစ်ယောက်အနေနဲ့ ခံစားပြီး ပရိသတ်ကြိုက်နိုင်မယ့် ဇာတ်လမ်းမျိုးကို အဓိကထားရွေးချယ်ပါတယ်။

Moe Fabric House  ဖွင့်ဖို့ဆိုရင်လည်း တစ်နှစ်လောက် ကြိုလေ့လာတယ်။ သေချာစဉ်းစားတယ်။ အဆင်သင့်ဖြစ်ပြီး အဲဒီဘက်ပိုင်းကို အချိန်ပေးနိုင်တယ်ဆိုမှ လုပ်ခဲ့တာပါ။ မိုး ချိတ်ဆိုင်မှာ ပွဲထိုင်ဇာနဲ့ ပိုးထည်စစ်စစ်တွေရတယ်။ ကိုယ့်စိတ်ကြိုက် ချိတ်ဒီဇိုင်းတွေ လေ့လာတယ်။ အရောင်တွေ ရွေးတယ်။ ဇာဆိုရင်လည်း အရည်အသွေးကောင်းလိုချင်လို့ ထိုင်း၊ ကိုရီးယားနဲ့ ပြင်သစ်ကို ကိုယ်တိုင်ထွက်ဝယ်တယ်။ စိတ်ကြိုက်ရွေးယူတယ်။ ဝါသနာ ပါလို့လားတော့ မသိဘူး..ပျော်တယ်။အရင်က one stop service မရဘူးလားမေးမေးနေတာကြောင့် ခုဆိုင်မှာ အပ်ထည်ကို ဒီဇိုင်နာနဲ့ တခါထဲအပ်နိုင်အောင်တိုးချဲ့လိုက်တာပါ။ဆိုင်မှာဘဲတခါထဲ one stop service ကို ရပါပီ။

21369544 1508228592594154 9151719956381894650 n

Fabric House ဖွင့်ဖို့ ရိုက်ကူးရေးပိုင်းကို လျှော့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုယ်တိုင် နားလည်ဖို့နဲ့ တတ်မြောက်ဖို့ မသိသေးတာတွေ သင်ယူဖို့ဆိုတာ ကိုယ်တိုင်အချိန်ပေးမှရတယ်။ အဲဒီအတွက်ကြောင့် ရိုက်ကူးရေးတွေကို ဖြတ်ပြီး စိတ်ကူးထားတဲ့ ဒီအလုပ်ကို စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။အခုတော့ ဇာတ်ကားလေးတွေနည်းနည်းပြန်ရိုက်မယ်။

21317955 1508228612594152 3897392590092735916 n

-ကြုံတွေခဲ့ရသော အခက်အခဲများ၊ အားသာချက် နှင့် အားနည်းချက်

နေရာတိုင်းမှာ အခက်အခဲဆိုတာ ကြုံတွေ့ရစမြဲပါ။ အခက်အခဲကို အခက်အခဲလို့ မသတ်မှတ်ဘဲ စိတ်မပျက်ဘဲ အတွေ့အကြုံသစ်လို့ မှတ်ယူပြီး သင်ခန်းစာယူတယ်။ ဒါပေမဲ့ Film Production လုပ်ငန်းမှာ မိုးကိုယ်တိုင်က ဒီလောကထဲက ဖြစ်နေတဲ့အတွက် အများကြီးတော့ မခက်ခဲခဲ့ပါဘူး။ ဘုရားပေးတဲ့ဆုလို့ပဲ ပြောရမှာပေါ့လေ။ နာမည်ကျော် အနုပညာရှင်တစ်ယောက်အနေနဲ့ Fabric House လိုမျိုး အခြားစီးပွား ရေးလုပ်ငန်းလုပ်တဲ့အခါ ကြုံတွေ့ရတဲ့ အားသာချက် အားနည်းချက်ကို ပြောပြပါဆိုရင် မိုးအနေနဲ့  အလုပ်တစ်ခုလုပ်တဲ့နေရာမှာ နာမည်ကျော် တစ်ယောက်ဆိုတာကို ဘေးဖယ်ထားပြီး သာမန် မိန်းကလေးတစ်ယောက်လိုပဲ စိတ်ထားပြီး အလုပ်လုပ်ပါတယ်။ အလုပ်လုပ်ခြင်းနဲ့ နာမည်ကျော်ခြင်းကို သပ်သပ်စီခွဲထားပြီးသားဖြစ်သလို အားသာချက်အနေနဲ့ဆိုရင်လည်း ရှိပါတယ်။ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေကလည်း လာအားပေးကြတယ်။ နောက်ပြီး ကိုယ့်က လူသိပြီးသားဖြစ်တဲ့အတွက် ယုံကြည်မှုရတယ်။ အဲဒီလိုပဲ ကိုယ်တိုင်ကလည်း အပြောနဲ့အလုပ်ညီရတယ်။ ကတိတည်ရတယ်။ အဲဒီအတွက်ကြောင့်လည်း ယုံကြည်မှု ပိုရတယ်ပေါ့။ အခက်အခဲကတော့ ပြောပလောက်စရာ မရှိသေးပါဘူး။

13880353 1266991186646845 223630810038842421 n

-ရှေ့ဆက်မည့် အစီအစဉ်များ
ဟုတ်ကဲ့… ဒီထုတ်လုပ်ရေးလေးပိုင်းလေး ပုံမှန်လည်ပတ်သွားပြီ ဆိုရင်တော့ နောက်ထပ်ချဲ့ချင်တဲ့အလုပ်လေးတွေ ရှိပါတယ်။ Moe Fabric House အတွက်လည်း ထပ်ပြီး လုပ်ရမှာလေးတွေ ရှိပါတယ်။ အရောင်းသီးသန့် မဟုတ်ဘဲ တနေရာထဲမှာဘဲ ချုပ်တာတွေလည်း ပြုလုပ်နိုင်ပါတယ်။ အခုချိန်မှာတော့ ထုတ်လုပ်ရေးပိုင်းနဲ့ ပိုးထည်ဆိုင်ကိုပဲ သေချာအချိန်ပေးပြီး မသိသေးတာတွေ မတတ်သေးတာတွေကို လေ့လာ 
သင်ယူရင်း အချိန်ပေးဖြစ်နေပါတယ်။

20915441 341640152931801 7903188073130057777 n

-ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ လူငယ်ပရိသတ်များအတွက် အကြံပြုချက်
အခုခေတ် လူငယ်တွေက ပိုပြီး ထူးချွန်ထက်မြက်တာ တွေ့ရပါတယ်။ အလုပ်တစ်ခုကို ကိုယ်တိုင်စိတ်တိုင်းကျ စဉ်းစားဆုံးဖြတ်ပါ။ အဲဒီထဲကမှ အမှား/ အမှန်ကို ကိုယ်တိုင်သိမြင်မှာဖြစ်ပြီး နောက်လုပ်မယ့်နေရာမှာ စဉ်းစားချင့်ချိန်မှု၊ ရဲရင့်ပြတ်
သားစွာ လုပ်ကိုင်တတ်မှု၊ နှုတ်ကတိတည်မှုနဲ့ အလုပ်ကို အလေးထားကြိုးစားကြပါလို့…။ 

နေရာ ။ ။ အမှတ်(၁၀)၊ပြည်သာယာလမ်း နှင့် ဆေးရုံလမ်းထောင့် ဘောက်ထော် ၊ ရန်ကင်းမြို့နယ် ၊ရန်ကုန်။
Ph : 09260786787 , 09260786785

source:poeple magazine

Read 2176 times
Rate this item
(0 votes)