What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အော်တိုမေးရှင်း ရောက်လာသောအခါ . . .

အော်တိုမေးရှင်းဟာ ဖက်ရှင်ထဲကို နောက်ဆုံးမှာတော့ ၀င်ရောက်လာပါပြီ။

အ၀တ်အစားတွေ ချုပ်တာမှာ စက်ချုပ်ရိုဘော့တွေက လူတွေရဲ့ လက်တွေနဲ့ ချုပ်တာထက် ပိုမြန်တယ်။ အထည်ချုပ်ကဏ္ဍမှ လုပ်သားတွေဟာ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ အော်တိုမေးရှင်း (၀ါ) အလိုအလျောက်လုပ်ကိုင်ခြင်းကြောင့် ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာနိုင်မလဲ။

လူတွေအများကြီး သုံးပြီး ထုတ်လုပ်တဲ့ပုံစံကနေ လူနည်းနည်းနဲ့ စက်ကို သုံးပြီး ထုတ်လုပ်တဲ့ပုံစံကို ပြောင်းလဲသွားတယ်။ အဲဒီအခါမှာ အဲဒီနောက်ဆုံးပေါ်စက်တွေကို ဖွံ့ဖြိုးဆဲနိုင်ငံမှ အထည်ချုပ်လုပ်ငန်းတွေ ၀ယ်ယူသုံးစွဲဖို့ လက်လှမ်းမမီဘူး။ စက်ဖိုး တတ်နိုင်ရုံနဲ့ မပြီးဘူး။ စက်ကို သုံးတတ်တဲ့ ကျွမ်းကျင်လုပ်သားတွေ လိုမယ်။ စက်ကို ပြုပြင်ထိန်းသိမ်းပေးဖို့ လိုမယ်။ အဲဒါတွေကြောင့် လက်လှမ်းမမီကြရတာ ဖြစ်တယ်။ ဒီတော့ အဲဒီအော်တိုမေးရှင်း စက်တွေကို ဖွံ့ဖြိုးပြီးနိုင်ငံမှာပဲ စတင်သုံးစွဲကြမယ်။ ပင်လယ်ရပ်ခြားမှ ဈေးသက်သာတဲ့ လုပ်သားတွေ သုံးစွဲပြီး ထုပ်လုပ်ကာ အ၀တ်အစားတွေကို ပြန်သယ်လာတာအစား မိမိတိုင်းပြည်မှာပဲ စက်တွေသုံးပြီး ထုတ်လုပ်ကြလိမ့်မယ်။

 

One worker operates four Sewbots at a time

ခေါင်းအုံးတွေ ချုပ်တာကို အော်တိုမေးရှင်း စက်နဲ့ချုပ်တော့ ခေါင်းအုံးတစ်လုံးကို ၃၂ စက္ကန့်ပဲကြာတယ်။

၈နာရီ အလုပ်ချိန်တစ်ဆိုင်းလျှင် ခေါင်းအုံး အလုံး ၉၀၀ ပြီးတယ်။

နေ့ရောညရော ချုပ်ခိုင်းထားလို့ရတယ်။

စက် ၄ လုံးကို ကြည့်ပေးဖို့ လုပ်သားက တစ်ဦးပဲ လိုတယ်။

By contrast it takes many workers to distress denim jeans by hand sanding

 

ဂျင်းဘောင်းဘီကို အဟောင်းဖြစ်အောင် ကော်ပတ်စားပေးကြတာ လူတွေသုံးပြီး လုပ်တော့ လူတွေ အများကြီး လိုတယ်။

ပင်ပန်းတယ်။ ပေရေတယ်။ အမှုန်အမွှားတွေ ရှူမိတာကြာင့် သူတို့ရဲ့ အသက်ရှူလမ်းကြောင်းနဲ့ အဆုပ်ကို ထိခိုက်တယ်။

A worker uses a laser engraving machine to distress jeans at Denim Expert Ltd


လေဆာနဲ့ ဂျင်းသားကို အဟောင်းဖြစ်အောင် လုပ်တော့ လူတစ်ယောက်နဲ့တင် ကိစ္စပြီးတယ်။

ပိုသေသပ်တယ်။ ပေရေတာ မရှိဘူး။ အမှုန်အမွှား ရှူနေရတာ မရှိဘူး။

ပြီးတော့ လူရဲ့ လက်တွေနဲ့ ကော်ပတ်စားတာထက် ပိုမြန်တယ်။

 

ဆက်စပ်ဖတ်ရှုစရာ အောက်ပါလင့်ကို တို့ထိလိုက်ပါ

ဘောင်းဘီတစ်ထည် စက္ကန့် ၉၀

အခုလို အော်တိုမေးရှင်း ၀င်လာတာနဲ့ပတ်သက်လို့ ကွင်းဆင်းလေ့လာပြီး WSJ မှာ 

The Robots Are Coming for Garment Workers. That’s Good for the U.S., Bad for Poor Countries ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့တယ်။ ခေါင်းစဉ်ရှည်သလို ဆောင်းပါးကလည်း ရှည်တယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ အပါအ၀င် အာရှမှ အထည်ချုပ်လုပ်ငန်းကဏ္ဍထဲ အော်တိုမေးရှင်း ရောက်လာနေပုံကို တင်ပြထားတာမို့ စိတ်ဝင်စားစရာကောင်းတာ အမှန်ပဲ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒက္ကာမြို့မှာ Mohammadi Fashion Sweaters Ltd. ရဲ့ စက်ရုံမှာ ဂျာမနီနိုင်ငံမှ ထုတ်လုပ်တဲ့ ဇာထိုးစက်နဲ့ အနက်ရောင် ဆွယ်တာတွေ ထိုးနေတယ်။

 

 

စက်အလုံးပေါင်း ၁၇၃ လုံးနဲ့ လုပ်ကိုင်နေတာကို စောင့်ကြည့်ပေးနေရတဲ့ လုပ်သားအချို့ ရှိနေတယ်။ ပင်လယ်ရပ်ခြားမှ ၀ယ်ယူသူတွေရဲ့ အမှာစာတွေအရ ထုတ်လုပ်နေတာ ဖြစ်တယ်။
ဇာထိုးစက် knitting machine မှာ အော်တိုမေးရှင်းပါနေတဲ့အခါ လူက ၀င်လုပ်ပေးစရာ သိပ်မရှိတော့ဘူး။ အသာစောင့်ကြည့်ပေးဖို့လောက်ပဲ လိုတော့မယ်။

ရံဖန်ရံခါမှသာ ပရိုဂရမ်အရ ဒီဇိုင်းဖော်နေတာကို ၀င်လုပ်ပေးရတယ်။

တစ်ခါတလေ စက်ကို သန့်ရှင်းရေးလုပ်တယ်။ တခြားအချိန်တွေမှာတော့ လူတွေ လုပ်ကိုင်ရတာ မရှိသလောက်ပဲ။
အဲဒါ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဖြစ်ပေါး်ခဲ့တဲ့ ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်တယ်။ အရင်တုန်းက ရာချီတဲ့ လုပ်သားတွေက ဇာထိုးခဲ့ကြတာ တစ်နေ့ကို ၁၀ နာရီ လုပ်ကိုင်ကြရတယ်။

၂၀၁၂ ခုနှစ်မှာ အော်တိုမေးရှင်း ဇာထိုးစက်တွေ စသုံးခဲ့တယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ ဇာထိုးတဲ့အလုပ်က အပြည့်အ၀ အလိုအလျောက် ဖြစ်သွားပြီ။

auto knitt machine

အော်တိုမေးရှင်း မသုံးရင် နှေးနေမယ်။ အမှာစာပေးကြသူတွေက နှေးတာကို မကြိုက်ကြဘူး။

Mohammadi Fashion Sweaters Ltd. ကို ပိုင်ဆိုင်တဲ့ Mohammadi Group က H&M နဲ့ Zara အပါအ၀င် အနောက်တိုင်းမှ ထင်ရှားတဲ့ brand တွေအတွက် လုပ်ကိုင်ပေးလျက်ရှိတယ်။

စက်တွေ သုံးတော့ လူတွေကို အလုပ်ဖြုတ်ခဲ့တာ ၅၀၀ ဦး ၀န်းကျင် အလုပ်လက်မဲ့ ဖြစ်သွားကြတယ်လို့ Mohammadi Group ရဲ့ အမျိုးသမီး MD ရူဘာနာက ပြောပြခဲ့ပါတယ်။

 ဆက်လက်ဖတ်ရှုရန် အောက်ပါလင့်ခ်ကို နှိပ်ပါ

အော်တိုမေးရှင်း အချိုးအကွေ့

http://www.textiledirectory.com.mm/articles/item/787-automation-turning-point.html

Read 3229 times
Rate this item
(0 votes)