What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Minimalist တစ်ယောက်လို ဖက်ရှင်ကျကျဘယ်လိုဝတ်မလဲ??

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အင်တာနက်ပေါ် အရှိန်အဟုန်နဲ့ နေရာ ယူလာတာကတော့ Minimalist ဆိုတဲ့ စကားလုံးပါ။ Minimalist ကို အဓိပ္ပါယ် ဖွင့်ရမယ်ဆိုရင်တော့ အရောင်များများ မသုံး၊ Accessories တွေ အရမ်းမသုံး ပဲ ရိုးရိုးရှင်းရှင်းနဲ့ ဖက်ရှင်ကျကျ ဝတ်ကြ သူတွေကို ခေါ်တဲ့အသုံးအနှုန်းတစ်ခုဖြစ် ပြီး အရိုးဆုံးက အဆန်းဆုံးဆိုတဲ့ စကား ကို သက်သေပြနေကြသူတွေလို့ ပြောရ မှာပေါ့။ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့လည်း ကိုက်ညီမှုရှိပြီး Inspiration ယူရလည်း လွယ်တာမို့ Minimalist တစ်ယောက် လို ရိုးရိုးရှင်းရှင်းနဲ့ ဘယ်လိုဖက်ရှင်ကျ အောင် ဝတ်ကြမလဲဆိုတာကို အခု တစ်ပတ်အတွက် တင်ဆက်ပေးလိုက်ပါ တယ်။

#PANTS 
Skinny Jeans တွေအစား Mom Jeans ၊ Boyfriend Jeans တွေ၊ Wide Leg Pants တွေနဲ့ Bell Pants တွေကို ဦးစားပေးရွေးချယ်ပါ။ အပြဲတွေ အရမ်းများတဲ့ ဘောင်းဘီတွေနဲ့ ကြောင် ကျားစတစ်ကာပါတဲ့ ဘောင်းဘီတွေကို ရှောင်ပါ။

#TOPS 
ဒီဘက်ခေတ်မှာ ကျပ်ထုတ်နေတဲ့ အဝတ်အစားတွေ ဒါမှမဟုတ် ခန္ဓာကိုယ် အလွန်အကျူးဖော်ပြတဲ့ အဝတ်အစား တွေ ဝတ်မှ ဖက်ရှင်ကျတာမဟုတ်ပါဘူး။ Crop Top ကျပ်ကျပ်တွေ၊ Bodysuits တွေကို မေ့ထားပြီး ကိုယ့်အတွက် ခပ်ပွပွ နဲ့ သက်သောင့်သက်သာဖြစ်စေမယ့် ခေတ်မှီတဲ့အဝတ်အစားတွေကို သုံးပြီး Minimalist တွေလို အထာကျကျ တွဲဖက်တတ်ပါစေ။

#COLORS
Minimalist တွေက အခြေခံကျတဲ့ အရောင်တွေကို အဓိက ဝတ်ကြပါ တယ်။ အနက်ရောင်၊ အဖြူရောင်၊ မီးခိုးရောင်က စပြီး စစ်စိမ်းရောင်၊ နီညို ရောင်၊ နက်ပြာရောင်တို့နဲ့ Nude အရောင်တွေ စတဲ့ တည်ငြိမ်တဲ့ အရောင် တွေကို ရွေးချယ်ပါ။ အပွင့်တွေနဲ့ အကွက်တွေကို ဒီခေါင်းစဉ်အောက်မှာ ထည့်ပြောစရာတောင် မလိုပါဘူး။
#LAYER
Jumpsuit တစ်ထည်တည်းကို ဒီအတိုင်း ဝတ်မယ့်အစား အောက်က တီရှပ် ဒါမှမဟုတ် ရှပ်တစ်ခုခု ခံဝတ်တာ မျိုးက အများကြီး ပြင်ဆင်စရာမလိုဘဲ ဖက်ရှင်ကျတဲ့ Minimalist တစ် ယောက်အဖြစ် ခံယူနိုင်မယ့် အလွယ်ကူ ဆုံး နည်းလမ်းတစ်ခုပါ။

#ACCESSORIES 
Accessories ဆိုတာက ဖက်ရှင် ကျဖို့ ကြိုးပမ်းတဲ့အခါ အထောက်အကူ ပေးပစ္စည်းဖြစ်တဲ့အတွက် မရှိမဖြစ်ပါပဲ။ Minimalist တွေ ရွေးချယ်လေ့ရှိတဲ့ Accessories တွေကတော့ အရောင် ငြိမ်ပြီး ရိုးရှင်းတဲ့ ပစ္စည်းလေးတွေ ဖြစ်ပါ တယ်။ အရောင်တောက်တောက်တွေကို ရှောင်ပြီး ရွှေရောင်နဲ့ ငွေရောင် အဓိက ပါဝင်တဲ့ နာရီနဲ့ ဆွဲကြိုးစတာတွေကို ရွေးချယ်ပြီး Accessories တွေ အများကြီးသုံးပြီး ရှုပ်ယှက်ခတ်အောင် မဝတ်ပါနဲ့။ ရိုးရိုးရှင်းရှင်းနဲ့ ကွာလတီ ကောင်းတဲ့ အိတ်လေးတစ်လုံး လွယ် လိုက်ရုံနဲ့ သင့် Minimalist စတိုင်က အတော်လေး ပြည့်စုံနေပါပြီ။

အခြေခံကျတဲ့ အဝတ်အစားတွေ ဖြစ်တဲ့ တီရှပ်၊ ရှပ်၊ ဘောင်းဘီ တို့က Minimalist တွေရဲ့ လျှို့ဝှက်ချက်ပါ။ ဈေးကြီးပေးရတဲ့ စီးကွင့်တွေအများကြီး ပါတဲ့အင်္ကျီတွေ၊ ဇာအင်္ကျီတွေနဲ့ ပိတ်စ ဆန်းဆန်းနဲ့ချုပ်ထားတဲ့ အဝတ်အစား တွေကို မရွေးချယ်ပါနဲ့။ ဈေးကြီးတဲ့ အဝတ်အစားတွေမဝတ်ဘဲနဲ့ အမြဲစမတ် ကျနေတာကလည်း Minimalist တွေ ပါပဲ။...

source:now

Read 1550 times
Rate this item
(0 votes)