What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပါတီပွဲတွေသွားရင် ဘယ်လိုဒီဇိုင်းမျိုးတွေ ရှောင်ဝတ်သင့်လဲ

နယူးရီးယားပါတီပွဲတွေ၊ ရုံးတွင်းပါတီပွဲတွေ၊ ညစာစားပွဲတွေနဲ့ သူငယ်ချင်းဟောင်းတွေ့ဆုံပွဲ စတဲ့ ပွဲတွေသွားတဲ့အခါ ဘယ်လိုအဝတ်အစားမျိုးတွေ မဝတ်သင့်ဘူး၊ မရွေးချယ်သင့်ဘူးဆိုတာလေး ပြောပေးချင်ပါတယ်။

အရင်ရေးနေကျ ပုံစံတွေနဲ့ကွဲတာက ဘယ်လိုဒီဇိုင်းမျိုးတွေ ရွေးချယ်သင့်တယ်ဆိုတာမျိုး မဟုတ်ပဲ ရှောင်ရမယ့် အရာတွေကို ပြောပေးသွားမှာပါ။ ကဲ နံပါတ်စဉ်အလိုက် ဖတ်သွားပေးကြနော်။

၁။ သိပ်တိုတဲ့ အဝတ်အစားတွေ ရှောင်ပါ။ ကိုယ့်အတွက် သွားရလာရ နေထိုင်ရ ခက်မယ့် အဝတ်အစားမျိုးဆို ဘယ်လောက်လှလှ မဝတ်ပါနဲ့။

၂။ ကျပ်ထုပ်နေတဲ့ အဝတ်အစားမျိုးတွေဆိုရင်လည်း ကိုယ်ကြိုက်တဲ့ ဒီဇိုင်းမျိုးဖြစ်နေရင်တောင် ရှောင်ပါ။

၃။ လည်ပင်းမတရား ဟိုက်တဲ့ ဒီဇိုင်းမျိုုးတွေကလည်း သင့်ကို လူအများကြားရောက်တဲ့အခါ အာရုံနောက်စေပါလိမ့်မယ်။

၄။ ဆွဲကြိုး၊ နားကပ်၊ လက်ကောက်၊ လက်စွပ် အားလုံးပြုံဝတ်သွားမယ့်အစား နှစ်မျိုးလောက်ကိုသာ ရွေးချယ်ဝတ်ဆင်သွားပါ။

၅။ ရာသီဥတု၊ အချိန်အခါနဲ့ လုံး၀ မလိုက်ဖက်တဲ့ အဝတ်အစားမျိုးတွေ ရှောင်ပါ။

၆။ ပိုသား၊ ဖဲသား တွေဝတ်မယ်ဆို ကိုယ့်ကိုယ်ကိုယ် သတိထားနိုင်မှသာ ဝတ်ပါ။ ဒင်နာစားတဲ့အချိန် တစ်ခုခုဖိတ်တာမျိုး၊ ပေတာမျိုးဆိုရင် အကျီအစွန်းအထင်းက သိသာစေတာမို့ အဆင်ပြေပါ့မလား အရင်ဆုံး စဉ်းစားပါ။

၇။ နေ့တိုင်းဝတ်နေကျ ဒီဇိုင်းမျိုးတွေနဲ့ ကွဲတာလေးတော့ ရွေးချယ်စေချင်ပါတယ်။ ဥပမာ ကိုယ်က တီရှပ်၊ ဂျင်းတွေပဲ ဝတ်နေကျဆိုရင် ပွဲအတွက် အခြားဒီဇိုင်းတစ်မျိုးမျိုး ပြောင်းဆင်မြန်းတာကောင်းပါတယ်။

၈။ လှဖို့သက်သက် လမ်းလျှောက်ရတာ အဆင်မပြေတဲ့ ဖိနပ်မျိုး မစီးသွားပါနဲ့။

၉။ ဆံပင်ပုံစံက အရမ်းသပ်သပ်ရပ်ရပ်ကြီး ထုံးဖွဲ့ထားတာမျိုးထက် ကပိုကရိုလေး ထုံးထားတာမျိုး၊ ဒီအတိုင်း ချထားတာမျိုး၊ ကျစ်ဆံမြီးလေး ကျစ်သွားတာမျိုးက ပိုအဆင်ပြေပါတယ်။

၁၀။ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်တွေကို အကြီးကြီးတွေ မလွယ်ပဲ လက်တစ်ဝါးစာ၊ ဒါမှမဟုတ် အဲ့ဒီထက် နည်းနည်းကြီးတာမျိုးလောက်ဆို အဆင်ပြေပါပြီ‌။

ပျိုမေတွေ ဒီအချက်ကလေးတွေကို သေချာဖတ်ထားမယ်ဆို ပွဲတွေအတွက် အဝတ်အစား ရွေးချယ်ရမှာ ပိုမိုလွယ်ကူသွားမယ်လို့ မျှော်လင့်ပါတယ်နော်။

i am fashion

Read 965 times
Rate this item
(1 Vote)