What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စတိုင်ကျတဲ့ အမျိုးသား တစ်ယောက် ဖြစ်ဖို့

စတိုင်ကျတဲ့ အမျိုးသား တစ်ယောက် ဖြစ်ဖို့ google

အမျိုးသားတွေလည်း ဖက်ရှင်ကို အာရုံ စိုက်လာနေကြတဲ့ အခုလို အချိန်အခါမှာ သင့်ဆီမှာရော

ကိုယ့်ပုံစံအတွက် မရှိ မဖြစ် လိုအပ်ချက်လေးတွေကို သေချာ သိထားရဲ့လား။

Simple ဖြစ်ပြီးတော့ သပ်ရပ်ကြည့်ကောင်းရုံနဲ့တင် အမျိုး သားကောင်းတစ်ယောက်ပုံစံ ရနေမှာဆို တော့ အများကြီးတော့ မလိုပါဘူး။ အခု ပြောပြထားတဲ့ အချက်လေးတွေကို သိထားရင်ပဲ အေးဆေးဖြစ်ပါပြီ။ ဒီ အချက်လေးတွေကိုလေ့လာပြီး အမျိုးသားလေးတွေကို ဆော်ကြည်ဘဲ အဖြစ်နဲ့ စတိုင်ကျကျနေလိုက်ပါနော်။

(၁) တွန့်ကြေမနေပါစေနဲ့
ကိုယ့်အမေ၊ ကိုယ့်အမျိုးသမီးကပဲ ကိုယ့်အဝတ်အစားတွေကို သန့်ရှင်းသပ် ရပ်နေအောင် လုပ်ပေးဖို့ တာဝန်ရှိတာမျိုး မဟုတ်ပါဘူး။ ကိုယ်တိုင်ဝတ်သွား ရမယ့် အဝတ်အစားတွေကို သန့်ရှင်းပြီး တွန့်ကြေမနေစေရအောင် ဂရုစိုက်ပေး ပါ။

(၂) အနံ့အသက်ကင်းပါစေ
အမျိုးသားတွေရဲ့ ကိုယ်နံ့က ပြင်းတတ်တာမို့ တစ်ကိုယ်ရေသန့်ရှင်းမှု ရှိဖို့ ကို အလေးထားပါ။ ချွေးထွက်သန်တဲ့သူ ဆိုရင် လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကို ဦးစားပေးဝတ်ပါ။အတွင်းခံတွေ၊ ခြေအိတ်တွေ၊ ဖိနပ်တွေ ကိုလည်း တောက်ပြောင်မနေတောင် သန့်သန့် ရှင်းရှင်းရှိအောင် အားစိုက်ပါ။

(၃) အပေါ်နဲ့အောက်လိုက်ဖက်ပါစေ
အဝတ်အစားကိုတော့ အာရုံစိုက် ထားပါရဲ့ ဖိနပ်ကျတော့ တလွဲစီးသွားတာ မျိုး မလုပ်ပါနဲ့။ စီးနေကျ ဖိနပ်မျိုး အပြင် ပွဲသွားတာ၊ အရေးကြီးနေရာတွေ သွား တာမျိုးအတွက်လည်း ဖိနပ်သက်သက် ရှိပါစေ။

(၄) အရမ်းဆန်းပြားစရာမလိုပါဘူး
ဖက်ရှင်ကျဖို့လိုတယ်ဟေ့ဆိုပြီး အဆန်းအပြားတွေ ဝတ်ပြနေဖို့ မလိုပါ ဘူး။ ကိုယ် ဝတ်နေကျတွေထဲကနေပဲ Neat & Tidy ဖြစ်စေမယ့် အဝတ်အစား တွေကို သွားမယ့်နေရာနဲ့ လိုက်ဖက် အောင် ဝတ်စားဆင်ယင်ပါ။

(၅) လွတ်လပ်တာတွေချည်းပဲမလုပ်ပါနဲ့
ဘောင်းဘီတိုတွေ၊ ခြေညှပ်တွေက တော့ သိပ်ကိုလွတ်လပ်တာပေါ့။ ဒါပေမယ့် စတိုင်ကျကျ ဝတ်သွားဖို့လိုတဲ့နေ ရာမျိုးဆိုရင်တော့ အဲဒါနဲ့လိုက်ဖက်တဲ့ အပြင်အဆင်လေးကို အပြောင်းအလဲ လုပ်ပါ။

(၆) အသစ်တွေလည်းစမ်းကြည့်ပါ
ယောကျာ်းပဲ သိပ်စတိုင်လုပ်နေဖို့ မလိုပါဘူးဆိုတာမျိုး အတော်များများက တွေးတတ်ကြပါတယ်။ ဒါပေမယ့် နေ့တိုင်း ဒါတွေချည်းပဲ ဝတ်နေကျကနေ တစ်ခါတလေမှာ အပြောင်းအလဲလေး လုပ်ကြည့်ပါ။ ကိုယ်တိုင်မှာလည်း ခံစား မှုပြောင်းပြီး အများအမြင်မှာလည်း သစ် လွင်သွားစေပါလိမ့်မယ်။

(၇) တီရှပ်တွေကိုလွှင့်မပစ်ပါနဲ့
ဘယ်အရွယ် အမျိုးသားပဲဖြစ်ပါစေ ပေါ့ပေါ့ပါးပါး သွားလာရမယ့်နေရာတွေ မှာ တီရှပ်တွေကို အသုံးချလို့ရတာပါပဲ။ ဒါကြောင့်ဒါတွေကိုတော့ ဘယ်တော့မှ မစွန့်ပစ်ပါနဲ့။

(၈) ခါးပတ်ပတ်ဖို့မပျင်းပါနဲ့
ဘောင်းဘီ ချောင်ချောင်၊ မချောင် ချောင် ဘောင်းဘီခါးပတ်ကွင်းမှာ ခါး ပတ်လွတ်နေတာကြီးက ကြည့်မကောင်း ပါဘူး။ Formal ဖြစ်တဲ့ ဖက်ရှင်မျိုးအ တွက်ဆိုရင်တော့ မဖြစ်မနေ ခါးပတ် ပတ်ပါ။

(၉) ကိုးလိုးကန့်လန့်မဖြစ်ပါစေနဲ့
ဘာမှ စဉ်းစားမရတော့ဘူးဆိုရင် တောင် ကိုယ့်ကို ကြည့်အကောင်းဆုံး ဖြစ်စေမယ့် ပုံစံတစ်ခုကို သိပြီးသား ဖြစ်နေပါစေ။ ဥပမာ-ရှပ်အဖြူလေးနဲ့ ပုဆိုးလေးနဲ့ဆိုရင် ကိုယ့်ပုံစံကို သန့်ပြီးအေးဆေးဖြစ်သွားစေတာမျိုးကိုပေါ့။

Read 3188 times
Rate this item
(1 Vote)
Tagged under