What's new
×
Warning
JUser: :_load: Unable to load user with ID: 845
NYFW Updated: အေမ့ပက္ပစီ
(Zawgyi+Unicode)
ကိုင်ရာ ဂါဘာဟာ ယခုကျင်းပနေတဲ့ နယူးယောက် ဖက်ရှင်သီတင်းပတ် New York Fashion Week မှာ ပထမဆုံးအကြိမ်အဖြစ်
sandy crawford pepsi
မိခင်ဖြစ်သူ စင်ဒီ ကရောဖို့ကလည်း နယူးယောက်မြို့မှာ ရောက်ရှိနေပြီ သမီး ကိုင်ရာဘာဂါကို အားပေးကူညီပေးလျက် ရှိပါတယ်။
BIRTHDAY
ကိုင်ရာ ဂါဘာကတော့ ပိန်ပိန်သွယ်သွယ် ကိုယ်ခန္ဓာ ရှိသူ ဖြစ်တာမို့ ဂျက်ကက်အသေးကို ရင်ဘတ်ကျယ်သီး မတပ်ဘဲ ရင်ဖွင့်ထားပြီး ၀င်ဆင်ထားတယ်။
kaia gerber pepsi
သူ့ထုံးစံအတိုင်း မိတ်ကပ်ကို သဘာဝကျကျ ဖြစ်အောင် သုံးထားပြီး ချောကလက်အညိုရောင် ဆံကေသာတွေက ပခုံးပေါ်မှာ ၀ဲကျနေတယ်။
‘အဲဒါ တကယ်မလွယ်ဘူး။
https://web.facebook.com/182551105268290/videos/683156658541063/
Unicode
NYFS Updated: အမေ့ပက်ပစီ
==================
စူပါမော်ဒယ် Cindy Crawford ရဲ့ ပက်ပစီကို သမီး Kaia Gerberက ချီးမြှောက်ခဲ့လို့ သြဘာသံ ဆူညံသွားတယ်။
hbz kaia cindy pepsi comp
အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ ခန္ဓာကိုယ်ပိုင်ရှင် စူပါမော်ဒယ် Cindy Crawford ရဲ့ ပက်ပစီကို သမီးဖြစ်သူ ကိုင်ရာ ဂါဘာက ချီးမြှောက်ခဲ့လို့ သြဘာသံတွေ ညံသွားခဲ့ပါတယ်။
ကိုင်ရာ ဂါဘာဟာ ယခုကျင်းပနေတဲ့ နယူးယောက် ဖက်ရှင်သီတင်းပတ်မှာ ပထမဆုံးအကြိမ်အဖြစ် အသက် ၁၆ နှစ်ပြည့်ပြည့်ချင်းမှာ catwalk ကို အောင်အောင်မြင်မြင် လျှောက်ပြနိုင်ခဲ့လို့ ဟိုးလေးတကျော် ချီးကျူးခဲ့ကြတယ်။ အမေ့ခြေရာကို နင်းနိုင်ပြီလို့ ဆိုကြတယ်။
အဲဒီပွဲ မတိုင်ခင်မှာပဲ ကိုင်ရာ ဂါဘာက ပက်ပစီဂျက်ကက်ဝတ်ပြီး shopping ထွက်လိုက်ပြန်တော့ အမေ့ပက်ပစီကို ချီးမြှောက်တဲ့အတွက် သြဘာပေးခဲ့ကြပါတယ်။
ဘာလို့လဲဆိုတော့ မိခင် စင်ဒီ ကရောဖို့ဒ်ရဲ့ ပက်ပစီ ရုပ်မြင်သံကြားကြော်ငြာဟာ အောင်မြင်တဲ့ကြော်ငြာတစ်ခု ဖြစ်ခဲ့လို့ပါပဲ။
လွန်ခဲ့တဲ့ ၂၅ နှစ် ၁၉၉၂ ခုနှစ်တုန်းက ကြော်ငြာခဲ့တာဖြစ်ပြီး ပက်ပစီကို လိင်နှိုးဆွတဲ့ ဟန်ပန်ဖြင့် စင်ဒီ ကရောဖို့က သောက်ပြခဲ့လို့ေဝဖန်ခံရတယ်။ ဒါပေမဲ့ ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ အဲဒီ ပြကွက်ကို ယခုအသက်အရွယ် အသက် ၅၀ ကျော်မှာ တစ်ကျော့ပြန် ပြန်လည်ရိုက်ကူးပြီး ကြော်ငြာခဲ့တော့လည်း အောင်မြင်ခဲ့ပြန်ပါတယ်။ ဒါကြောင့် စင်ဒီ ကရောဖို့ကို ပက်ပစီကြော်ငြာနဲ့ တွဲပြီး မှတ်မိကြတယ်။
အခု သမီးဖြစ်သူ ကိုင်ရာဘာဂါက Pepsi bomber jacket ကို ဝတ်လိုက်တော့ မိခင် စင်ဒီကရေဖို့ရဲ့ လိင်နှိုးဆွတဲ့ ကြော်ငြာကို တန်းပြီး ပြန်သတိရသွားစေခဲ့ပါတယ်။ မိခင်ကို ထောက်ကူပံ့ပိုးတဲ့အတွက် သမီးဖြစ်သူ ကိုင်ရာ ဂါဘာကို ချီးမွမ်းကြတယ်။ ပက်ပစီ ဂျက်ကက်နဲ့ လမ်းဘေးပလက်ဖောင်းမှာ catwlak လျှောက်ပြီး မိခင်ကို ကျေးဇူးဆပ်တာလို့ ပြောကြပါတယ်။
ကိုင်ရာ ဂါဘာအနဖြေင့် ပက်ပစီနဲ့ ကြော်ငြာကိစ္စ ဆက်နွှယ်ခြင်း မရှိပါဘူး။ ဒါပေမဲ့ အမေ့ခြေရာကို နင်းပြီး ပက်ပစီကြော်ငြာ ရိုက်ချင်လည်း ရိုက်နိုင်ပါတယ်။
မိခင်ဖြစ်သူ စင်ဒီ ကရောဖို့ကလည်း နယူးယောက်မြို့မှာ ရောက်ရှိနပြေီ သမီး ကိုင်ရာဘာဂါကို အားပေးကူညီပေးလျက် ရှိပါတယ်။ သူ့လိုပဲ မော်ဒယ်လောကမှ မှတ်တိုင်စိုက်နိုင်မယ့် သမီး ဖြစ်လာနိုင်ပါတယ်။
‘‘ကျမ အကြံဉာဏ်တွေ အများကြီး သမီးကို ပြောပြပါတယ်။ ဒီလို ဖက်ရှင် ပွဲကြီးပွဲကောင်းမျိုးက တစ်ယောက်တည်း တစ်ကိုယ်တော် လုပ်လို့ရတဲ့ပွဲမျိုး မဟုတ်ဘူးလေ။ ဝိုင်းပြီး ပါဝင်ပေးကြရတယ်။ အဖွဲ့နဲ့ အမြဲ လုပ်ကြရတယ်။ တစ်ကိုယ်တော် လုပ်လို့ မရဘူး’’
လို့ စင်ဒီ ကရောဖို့က ပြောပြပါတယ်။
စင်ဒီကရောဖို့က ကိုယ်လုံးကိုယ်ထည် ကိုင်ရာ ဂါဘာထက် ပိုထွားတာမို့ ပက်စီဂျက်ကက် အကြီးစားကို ဝတ်ဆင်ပြီး ကြော်ငြာပေးလေ့ ရှိပါတယ်။ ကို်င်ရာ ဂါဘာကတော့ ပိန်ပိန်သွယ်သွယ် ကိုယ်ခန္ဓာ ရှိသူ ဖြစ်တာမို့ ဂျက်ကက်အသေးကို ရင်ဘတ်ကျယ်သီး မတပ်ဘဲ ရင်ဖွင့်ထားပြီး ဝင်ဆင်ထားတယ်။ ဂျက်ကက်အောက်မှာ ခါးတိုခေါင်းစွပ်အင်္ကျီအဖြူရောင်နဲ့ တွဲဖက် ဝတ်ဆင်ထားတာ တွေ့ကြရတယ်။ ဂျက်ကက်ပေါ်မှာ အပြည့်နီးပါး နေရာယူထားတဲ့ ပက်ပစီတံဆိပ်က အထင်းသား ပေါ်လွင်နေတယ်။ ပေါင်ကျပ် သားရေသား ဘောင်းဘီရှည် အနက်ရောင်ကို ဝတ်ဆင်ထားတယ်။ Alexander Wang မှာ ဝယ်ယူပြီး အိတ်ဖြူကြီး နှစ်လုံးလက်မှာ ဆွဲပြီး ပြန်ထွက်လာတာမှာ အသင့်စောင့်ဆိုင်းနေတဲ့ ကားပေါ် မတက်ခင် စောင့်ဆိုင်းနေတဲ့ ပရိသတ်ထံမှ သြဘာသံတွေ ညံသွားတယ်။ သူ့ထုံးစံအတိုင်း မိတ်ကပ်ကို သဘာဝကျကျ ဖြစ်အောင် သုံးထားပြီး ချောကလက်အညို်ရောင် ဆံကေသာတွေက ပခုံးပေါ်မှာ ဝဲကျနေတယ်။
စင်ဒီက သမီးဖြစ်သူ ကိုင်ရာကို မော်ဒယ်ကောင်းတစ်ဦး ဖြစ်လာအောင် သွန်သင်ပေးခဲ့တယ်။ ကိုင်ရာ အသက် ၁၄ နှစ်ပြည့်ပြီးမှ မော်ဒယ်အလုပ်ကို စတင်စမ်းသပ်လုပ်ကိုင်ခဲ့တယ်။ အထက်တန်းကျောင်းကို ပြီးအောင် အရင်တက်ပြီးမှ အခုလို မော်ဒယ်အလုပ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ မော်ဒယ်အလုပ်တစ်ဖက်နဲ့ ကျောင်းဆက်တက်ခဲ့တယ်။ ‘အဲဒါ တကယ်မလွယ်ဘူး။ ကွဲပြားနေတာတွေ အများကြီးကို ကြုံရတယ်။ ကျောင်းကို နေ့တိုင်း ကျမ တက်တယ်။ အဲဒါက အရင်လာတယ်။ အားတဲ့အချိန်ကျမှ မော်ဒယ်အလုပ်ကို ကျမ လေ့လာသင်ယူတယ်။ မော်ဒယ်အလုပ်ကို ကျမ အတော်ချစ်တယ်။ ဒီတော့ အလုပ်လုပ်တယ်လို့ မခံစားမိဘူး။ ပြီးတော့ လုပ်ကိုင်ရတာကို ကျမ အလိုလို ပျော်နေတယ်။ ဘာမှ လုပ်စရာမရှိလို့ အားယားနေတဲ့ အချိန်ရယ်လို့ ကျမမှ မရှိတော့ပေမဲ့ ကျမ အများကြီး ကျေနပ်တယ်’ လို့
ကိုင်ရာ ဂါဘာက Vogueနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။
တကယ်တော့ ဖခင်ဖြစ်သူ Rande Gerber ကလည်း မော်ဒယ် လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူတို့လင်မယားမှာ သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားတာမှာ သားကြီး ပရက်စလီဟာ အသက် ၁၈ နှစ်ရှိပြီး သူကလည်း မော်ဒယ်တစ်ဦး ဖြစ်ပါတယ်။
Read 2488 times
Rate this item
(0 votes)