What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပျော်စရာခရီးစဉ်အတွက် နှစ်ဦးသား ဆင်တူ ဖက်ရှင်လေးတွေ ၀တ်ဆင်နိုင်အောင်

ပျော်စရာခရီးစဉ်အတွက် နှစ်ဦးသား ဆင်တူ ဖက်ရှင်လေးတွေ ၀တ်ဆင်နိုင်အောင် facebook

 မကြာခင် မိုးကုန်တော့မယ်ဆိုတော့ ကိုယ့်ချစ်သူနဲ့ ဘယ်ကိုခရီးထွက်မယ်ဆိုပြီး အစီအစဉ်လေးတွေ စဆွဲနေကြပြီလား။ day trip ပဲဖြစ်ဖြစ် ဒါမှမဟုတ် သုံးလေးညအိပ် ခရီးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူနဲ့ ခရီးထွက်ပြီဆိုကတည်းက အမှတ်တရပုံရိပ်လေးတွေ၊ memory လေးတွေကတော့ ပိုင်ဆိုင်ရတော့မှာ အသေအချာပဲလေ။ ဒီလိုပျော်စရာခရီးစဉ်အတွက် ကိုယ့်ရဲ့ဖက်ရှင်အတွက်တင် မဟုတ်ပဲ နှစ်ဦးသား ဆင်တူ ဖက်ရှင်လေးတွေ မလန်းချင်ကြဘူး။လား။ ဖက်ရှင်ကို အလွန်အကျူး အသားပေးထားတာ မဟုတ်ရင်တောင် သူနဲ့ကိုယ် အချိတ်အဆက်မိနေစေမယ့် ဒီဇိုင်းမျိုးလေးတွေ ရွေးဝတ်မယ်ဆို ဓာတ်ပုံရိုက်တဲ့အခါလည်း အထာကျနေမှာပေါ့။

ဟုတ်တယ်ဟုတ် ? ဒီတော့ ဘယ်လိုဖက်ရှင်မျိုးတွေက ခရီးအတွက်ရော၊ စုံတွဲဆင်မြန်းဖို့ သင်တော့သလဲ ကြည့်ရအောင်။

(၁) ဆင်တူ Hoodie/pullover လေးတွေ
ခရီးထွက်ပြီဆိုကတည်းက ကားပေါ်မှာ ဒါမှမဟုတ် ခရီးစဉ်ရဲ့ ညဘက်အချိန်တွေမှာ မဖြစ်မနေ အရေးပါဝတ်ဖြစ်မယ့် Hoodie လေးတွေကို ဒီဇိုင်းဆင်တူ အရောင်ကွဲ ဝတ်လို့ရတယ်နော်။ ဘယ်လောက်အထာကျနေမလဲ တွေးကြည့်။ သူက လူငယ်လည်း ဆန်တာကိုး။

21762238 1400374240082645 5410613010256894401 n

(၂) ဂျင်းဖက်ရှင်
ဘယ်တော့မှ ရိုးမသွားမယ့် ဖက်ရှင်တွေထဲမှာ jean jacket၊ jean shirt၊ Jean pant စတာတွေက ပါဝင်နေသလို ခရီးသွားတဲ့အခါမှာလည်း အပေအတေခံပြီး ရှိုးထုတ်ထားတဲ့ပုံ မပေါက်ပဲ ကိုယ့်ဖက်ရှင်ကို အမိုက်စား ဖြစ်နေစေမှာပါ။ ဒီတော့ သူနဲ့ကိုယ့်မှာ ဘယ်လိုဂျင်းဒီဇိုင်းတွေရှိလဲ တိုင်ပင်ပြီး သူက jean jacket ဆို ကိုယ်က jean skirt လေး ဝတ်တာပဲဖြစ်ဖြစ်၊ သူက jean pant နဲ့ ရှပ်အဖြူဆို ကိုယ်က jean dress လေးဝတ်တာပဲ ဖြစ်ဖြစ်၊ jean jumpsuitလေး ဝတ်တာဖြစ်ဖြစ် လိုက်အောင်ဝတ်လိုက်ပေါ့။

21616100 1400374316749304 3238777614393515193 n

(၃) couple t-shirt
တစ်ချို့စုံတွဲတွေက couple t-shirt ပုံစံတူ ကာလာကွဲလေးတွေ သဘောကျတတ်ကြပါတယ်။ ဒါလည်း ချစ်စရာကောင်းတာပါပဲ။ ခုနောက်ပိုင်း couple t-shirtပေါ်က စတစ်ကာတွေက ဆန်းလာပြီ မဟုတ်လား။ t-shirtလေးနဲ့ အောက်က ဂျင်းဘောင်းဘီလေး ရွေးချယ်တာကလည်း ခရီးသွားရင်းဝတ်ဖို့ ပေါ့ပေါ့ပါးပါး ရှိနေပါလိမ့်မယ်။

21617989 1400374770082592 6518898669002633018 n

(၄) ဆင်တူဖက်ရှင် ဒီဇိုင်းကွဲ
ပုံမှာ ပြထားသလို အပေါ်က jacket ချင်းတူ စတိုင်ဘောင်းဘီ ဒေါက်ပြောက်ချင်း အတူတူ ဝတ်ထားပေမယ့် ဒိဇိုင်းကတော့ ကွဲနေတာမျိုးပေါ့။

21687483 1400374806749255 6603823617751312415 n21686388 1400374093415993 8295046782843035281 n

(၅) ဖိနပ်/ဦးထုပ်
ချစ်သူစုံတွဲတွေ ခရီးထွက်တဲ့အခါ အနည်းဆုံး sneaker ဖိနပ်ဆင်တူ၊ Snapback ဒါမှမဟုတ် cap ဦးထုပ်လေးတွေ ဆင်တူ ဝတ်ဆင်နိုင်တယ်လေ။ ဒါလည်း အထာကျတာပဲ ဟုတ်။

21617936 1400374630082606 6354475560746821572 n

(၆) ဖလန်နယ်ရှပ်အကွက်
အရမ်းပူတဲ့နေရာ မဟုတ်ရင်တော့ ဖလန်နယ်ရှပ်အကွက်လေးတွေ ကလည်း ရိုးရိုးလေးနဲ့ ဆန်းတာပါပဲ။ ဖလန်နယ်မဟုတ်ရင်တောင် ရှပ်လေးတွေ ဆင်တူဝတ်နိုင်တယ်လေ။21616142 1400374426749293 8340771611382037151 n 1

ခုပြောပြသွားတဲ့ အရာတွေအပြင် ခရီးစဉ်အတွင်း ကိုယ်သွားတဲ့ မြို့နေရာတွေမှာ ရောင်းလေ့ရှိတဲ့ အမှတ်တရဖက်ရှင်ဒီဇိုင်းတွေ ကလည်း ချစ်သူတွေဆင်တူဝတ်ဖို့အတွက် သင့်တော်ပါတယ်။

ညနေပိုင်းတွေ ဒင်နာအတွက် သေချာဝတ်ဆင်ဖို့လိုတယ်ဆိုရင်တော့ Evening dress တွေ suitလေးတွေ ကြိုစီစဉ်သွားလိုက်ပါ။ ကိုယ်သွားမယ့် နေရာဒေသကို လိုက်ပြီး အဝတ်အစားကြိုတင် စီစဉ်တာမျိုးဟာ ခရီးထွက်မယ့်သူတိုင်း မဖြစ်မနေ လုပ်ရမယ့်အရာပါ။ ချစ်သူနဲ့သွားမယ့်ခရီးအတွက်ဆိုရင် ပိုလို့တောင် အလေးထား စီစဉ်သင့်ပါသေးတာပေါ့ နော်။ ဒါမှသာ တစ်သက်လုံး အမှတ်ရနေစေမယ့် memoryတွေ ဖန်တီးတဲ့အခါ ဘယ်အချိန် ပြန်တွေးတွေး၊ ဘယ်အချိန် ပုံလေးတွေ ပြန်ကြည့်ကြည့် ကျေနပ်စရာ ကောင်းနေမှာပေါ့ရှင်။

source:i am fashion 

Read 1131 times
Rate this item
(0 votes)