What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံအခြေစိုက် အိတ်ထုတ်လုပ်ရေးစက်ရုံ ရုတ်တရက်ပိတ်သိမ်း

ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံအခြေစိုက် အိတ်ထုတ်လုပ်ရေးစက်ရုံ ရုတ်တရက်ပိတ်သိမ်း Google

မြန်မာနိုင်ငံသို့ပြည်ပမှ လာရောက်ရင်းနှီ မြှုပ်နှံကြသည့် အထည်အလိပ်ကုမ္ပဏီများထဲတွင် တရုတ်နိုင်ငံမှကုမ္ပဏီများလည်း ပါဝင်ပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံမှအထည်အလိပ်လုပ်ငန်းများသည် တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရက်စ်ပြန့်ပွားမှုကြောင့်

 

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေကုန်ကြမ်းတင်သွင်းမှုများ လျော့ကျ နေပြီး ကုန်ကြမ်းပြတ်လပ်မှုအခက်အခဲများနဲ့

 

ရင်ဆိုင်နေရပါတယ်။

 

ထိုသို့ကုန်ကြမ်းများပြတ်လပ်မှုကြောင့် ရန်ကုန်မြို့ရှိ တရုတ်အခြေစိုက် အိတ်ထုတ်လုပ်ရေးစက်ရုံတစ်ရုံဖြစ်တဲ့


Luck Sky Bags စက်ရုံကို ရုတ်တရက် ပိတ်ပစ်လိုက်ရကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အဆိုပါစက်ရုံဘက်မှကြေငြာခဲ့ပါတယ်။

 

လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်တွင်ရှိသည့် Luck Sky Bags စက်ရုံသည် အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်ခန့်ရရှိထားသော်လည်း

 

၁၁ လ မျှသာလည်ပတ်ပြီး ရုတ်တရက်ပိတ်ပစ်လိုက်ရတာလည်းဖြစ်ပါတယ်။


စက်ရုံအနေဖြင့် ကုန်ကြမ်းပြတ်လပ်မှုကြောင့် ပို့ကုန်တင်ပို့ရန် နောက်ဆုံးသတ်မှတ်ရက်များအမှီ မထုတ်လုပ်နိုင်တော့ဘဲ

 

အမှာစာများလည်းကျဆင်းလာကာ ဆက်လက်မလည်ပတ်နိုင်တော့တာပဲဖြစ်ပါတယ်။


Luck Sky Bags စက်ရုံသည်  အိတ်များကို ဥရောပသို့ ချုပ်လုပ်တင်ပို့နေသည့် စက်ရုံတစ်ရုံလည်းဖြစ်ပါတယ်။

 

စက်ရုံတွင် လုပ်သား (၆၄၂ ) ဦးလုပ်ကိုင်လျက်ရှိပြီး စက်ရုံစီမံခန့်ခွဲရေး က အလုပ်သမားများကို လျော်ကြေးပေးရန် ကတိပြုခဲ့ကြောင်း သိရပါတယ်။

 

Ref: Myanmar Times English

 

လွယ်အိတ်ဆိုင် ၆၉၂ ဆိုင်ကိုရှာရန် နှိပ်ပါ။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

ျမန္မာႏိုင္ငံသို႔ျပည္ပမွ လာေရာက္ရင္းႏွီ ႁမွဳပ္ႏွံၾကသည့္ အထည္အလိပ္ကုမၸဏီမ်ားထဲတြင္ တ႐ုတ္ႏိုင္ငံမွကုမၸဏီမ်ားလည္း ပါဝင္ပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံမွအထည္ခ်ဳပ္လုပ္ငန္းမ်ားသည္ တ႐ုတ္ႏိ္ုင္ငံတြင္ ျဖစ္ပြားလ်က္ရွိေသာ ကို႐ိုနာဗိုင္းရက္စ္ျပန္႕ပြားမႈေၾကာင့္

နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းကေန ကုန္ၾကမ္းတင္သြင္းမႈမ်ား ေလ်ာ့က် ေနၿပီး ကုန္ၾကမ္းျပတ္လပ္မႈအခက္အခဲမ်ားနဲ႕ ရင္ဆိုင္ေနရပါတယ္။

ထိုသို႔ကုန္ၾကမ္းမ်ားျပတ္လပ္မႈေၾကာင့္ ရန္ကုန္ၿမိဳ႕ရွိ တ႐ုတ္အေျခစိုက္ အိတ္ထုတ္လုပ္ေရးစက္ရံုတစ္ရံုျဖစ္တဲ့

Luck Sky Bags စက္ရံုကို ႐ုတ္တရက္ ပိတ္ပစ္လိုက္ရေၾကာင္း ေဖေဖာ္ဝါရီလ ၂၄ ရက္ေနက႔ အဆိုပါစက္ရံုဘက္မွေၾကျငာခဲ့ပါတယ္။

လိႈင္သာယာျမဳိ႕နယ္ ျမစိမ္းေရာင္စက္မႈဇုန္တြင္ရွိသည့္ Luck Sky Bags စက္ရံုသည္ အခြန္ကင္းလြတ္ခြင့္

ခုနစ္ ႏွစ္ခန္႕ရရွိထားေသာ္လည္း ၁၁ လမွ်သာလည္ပတ္ၿပီး ႐ုတ္တရက္ပိတ္ပစ္လိုက္ရတာလည္းျဖစ္ပါတယ္။

စက္ရံုအေနျဖင့္ ကုန္ၾကမ္းျပတ္လပ္မႈေၾကာင့့္ ပို႔ကုန္တင္ပို႔ရန္ ေနာက္ဆံုးသတ္မွတ္ရက္မ်ားအမွီ မထုတ္လုပ္ႏိုင္ေတာ့ဘဲ

အမွာစာမ်ားလည္းက်ဆင္းလာကာ ဆက္လက္မလည္ပတ္ႏိုင္ေတာ့တာပဲျဖစ္ပါတယ္။

Luck Sky Bags စက္ရံုသည္  အိတ္မ်ားကို ဥေရာပသို႔ ခ်ဳပ္လုပ္တင္ပို႔ေနသည့္ စက္ရံုတစ္ရံုလည္းျဖစ္ပါတယ္။

စက္ရံုတြင္ လုပ္သား (၆၄၂ ) ဦးလုပ္ကိုင္လ်က္ရွိၿပီးစက္ရံုစီမံခန္႕ခြဲေရး က အလုပ္သမားမ်ားကို ေလ်ာ္ေၾကးေပးရန္

ကတိျပဳခဲ့ေၾကာင္း သိရပါတယ္။

Ref: Myanmar Times English

 

လြယ္အိတ္ဆုိင္ ၆၉၂ ဆုိင္ကိုရွာရန္ ႏွိပ္ပါ။

 

Myanmar Textile and Garment Directory 

Read 7896 times
Rate this item
(0 votes)
Tagged under

Related items