What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်စက်ရုံတစ်ခုမှာ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေကို ကျန်းမာရေးဝန်ထမ်း မဟုတ်သူတွေက test kit နဲ့ သွေးဖောက်စစ်တာတွေ လုပ်ပေးနေ

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ စိုက်ဖုံအင်တာနေရှင်နယ်လ်ဂါးမင့်န် အထည်ချုပ်စက်ရုံမှာ ထောင်နဲ့ချီရှိတဲ့ အလုပ်သမားတွေကို ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့ အလုပ်လာတက်ချိန်မှာ သွေးဖောက်စစ်တဲ့ test kitတွေကို အသုံးပြုပြီး စစ်ဆေးနေတယ်လို့ အလုပ်သမားအချို့က ဘီဘီစီကို ပြောပါတယ်။

 

‘‘ ဒီမနက် အလုပ်ရောက်မှ သွေးဖောက်စစ်မယ်ဆိုတာသိတာ။ တခါသုံးအပ်လေးတွေနဲ့ တယောက်ချင်းစီကို စက်ရုံက လိုင်းစာရေးမတွေ၊ HR စာရေးမတွေက သွေးဖောက်ပြီး ခွက်လေးတွေနဲ့ခံတယ်၊ အရည်တမျိုးရောလိုက်ပြီး စစ်ပေးတာ။ စစ်ပြီးလို့ ၂ ကြောင်း ၃ကြောင်းပေါ်တဲ့သူတွေကိုတော့ ပြန်လွှတ် လိုက်တယ်။ ပြန်လွှတ်လိုက်တာက အများကြီးပဲ။ လူက အများကြီးဆိုတော့ အခုထိ စစ်နေတုံး ’’လို့ အဆိုပါစက်ရုံက အလုပ်သမတစ်ဦးက နေ့လယ် ၁၁ နာရီခွဲဝန်းကျင်မှာ ဘီဘီစီကို ပြောပါတယ်။

 

အခုလို စစ်ဆေးရာမှာ စစ်ဆေးသူတွေဟာ PPEလိုအကာအကွယ်ဝတ်စုံတွေ ဝတ်ဆင် မထားသလို mask နဲ့ လက်အိတ်သာဝတ်ဆင်ပြီး စစ်ဆေးပေးနေတာလို့လည်း အလုပ်သမားတွေက ပြောပါတယ်။

 

‘‘ကျန်းမာရေးကလည်းမပါဘူးလို့ စက်ရုံက လှမ်းပြောလို့ သူ့အပိုင် အုပ်ချုပ်ရေးမှူးကိုတော့ ပုံတွေ လှမ်းပို့ပြီး အကြောင်းကြားထား တယ်။’’လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ( CTUM )က မသဉ္ဇာထက်က ဘီဘီစီကို ပြောပါတယ်။

 

#ဘီဘီစီမြန်မာပိုင်း

Read 773 times
Rate this item
(0 votes)