What's new

×

Warning

JUser: :_load: Unable to load user with ID: 845


CLMV အထည်ချုပ်လုပ်ငန်းကဏ္ဍ ၂၀၂၁ တွင် ပြန်နာလန်ထူမည်

Oxford Economics မှ ဦးဆောင်သော အာရှစီးပွားရေးပညာရှင် Sian Fenner က ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့်ဗီယက်နမ်နိုင်ငံ (Cambodia, Laos, Myanmar and Vietnam (CLMV))တွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ပိတ်ဆို့မှုများသည် ကုန်ထုတ်လုပ်မှုနှင့် တင်ပို့မှုအပေါ် အကြီးအကျယ် သက်ရောက်မှုရှိသည်ဟု မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

 

ကမ္ဘောဒီးယား၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အဝတ်အထည်များထုတ်လုပ်သည့်ပစ္စည်းများ၏ ၅၅ ရာခိုင်နှုန်းကျော်သည် သူတို့၏အိမ်နီးချင်းတရုတ်နိုင်ငံမှ ကုန်ကြမ်းတင်သွင်းရခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အစောပိုင်း တွင် တရုတ်နိုင်ငံတွင် ကိုဗစ် ဖိစီးမှုကြောင့် စက်ရုံများ ပိတ်ခဲ့ရသည်။

 

ထို့ပြင် အဝတ်အထည် ဝယ်လိုအား ကျဆင်းခြင်းကြောင့်လည်း ပြည်ပမှ အမှာစာများ ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

 

Sian Fenner က“ ၂၀၁၁ ခုနှစ်မှာ စံချိန်တင်အဆင့်ကိုရောက်ရှိခဲ့ပြီးတဲ့နောက်မှာ ဒီနှစ်မှတော့ာ FDI စီးဆင်းမှု သိသိသာသာ ကျဆင်း သွားပြီး ဥရောပမှာ အထည်ချုပ်ထုတ်ကုန်ပစ္စည်းများ ဝယ်လိုအား အားနည်းနေမှုနှင့် တစ်စိတ်တစ်ပိုင်းအားဖြင့် ရုပ်သိမ်းခြင်းတို့ကြောင့် ကမ္ဘာ့အဝတ်အထည်လိုအပ်ချက် အားနည်းနေသဖြင့် ၂၀၂၁ ခုနှစ်ကျမှ ပြန်လည်နာလန်ထူလာမည်ဟု မျှော်လင့်ရသည် " ဟု ခန့်မှန်းသည်။

 

ဥရောပသမဂ္ဂမှ အခွင့်အလမ်းပေးထားသော အကောက်ခွန်လွတ် တင်သွင်းခွင့် ရုပ်သိမ်းခြင်း ခံရပါက ဆိုးဝါးသော အကျိုး သက်ရောက်မှုရှိမည်ဟု သူက ဆိုသည်။ သာဓကအားဖြင့် ကမ္ဘောဒီးယားနိုင်ငံသည် လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ၎င်းအကောက်ခွန်လွတ် တင်သွင်းခွင့် တစ်စိတ်တဒေသ ရုပ်သိမ်းခံရသည်။

 

သို့ဖြစ်ရာ အဝတ်အစားများ၊ ရှူးဖိနပ်အမျိုးမျိုး၊ ခရီးသွားအသုံးအဆောင်များကို ဥရောပသမဂ္ဂဝင် နိုင်ငံများသို့ တင်ပို့သည့်အခါ အကောက်ခွန်လွတ် ခံစားခွင့် ဆုံးရှုံးသွားသည်။

 

CMLV အုပ်စုသည် အာဆီယံ ၅ နိုင်ငံ စီးပွားရေးများ ဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများကဲ့သို့ ကြီးထွားမှု တိုးတက်လာရန် ကြိုးပမ်းနေဆဲဖြစ်သည်။

 

သို့သော် Oxford Economics ၏ ခန့်မှန်းချက်အရ စီးပွားရေးတိုးတက်မှုသည် ၂၀၂၀ မှ ၂၀၂၈ အထိ ကျန်အာဆီယံ - ၅နိုင်ငံသည် ခန့်မှန်းခြေအားဖြင့် ၄ ရာခိုင်နှုန်းသာ ရှိမည်ဖြစ်ပြီး CMLV နိုင်ငံများသည် ပျမ်းမျှ ၅.၁ ရာခိုင်နှုန်း ရှိမည်ဖြစ်သည်။

 

Source: businesstimes.com

Read 778 times
Rate this item
(0 votes)