What's new
×
Warning
JUser: :_load: Unable to load user with ID: 845
zaw+ uniလာမယ့် ဇန်န၀ါရီလကစပြီး အနည်းဆုံးလစာသတ်မှတ်ချက်ကို ၆.၅% တိုးမှာမို့ ယခုထက် ၁၈,၀၀၀ ကနေ ၂၃၀,၀၀၀ ဒေါင် (ဗီယက်နမ်ငွေကြေး) ပိုမိုရရှိကြမယ်။ 
UNI
ဗီယက်နမ် အထည်ချုပ်ကဏ္ဍ တိုးတက်ဖြစ်ပေါ်မှုများ
လာမယ့် ဇန်နဝါရီလကစပြီး အနည်းဆုံးလစာသတ်မှတ်ချက်ကို ၆.၅% တိုးမှာမို့ ယခုထက် ၁၈,ဝဝဝ ကနေ ၂၃၀,ဝဝဝ ဒေါင် (ဗီယက်နမ်ငွေကြေး) ပိုမိုရရှိကြမယ်။
အဲဒါဟာ ဗီယက်နမ်အစိုးရက အနည်းဆုံးလစာကို ၂၀၁၈ နှစ်ဆန်းမှာ ၆.၅ ရာခိုင်နှုန်းတိုးမယ်။ အထည်ချုပ်ကဏ္ဍပြည်ပတင်ပို့မှု ကန်ဒေါ်လာ ၃၀ ဘီလျံ လျာထားတယ်။ တရုတ်နဲ့ တိုင်ဝမ် လုပ်ငန်းများရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးချဲ့မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အနည်းဆုံးလစာသတ်မှတ်ချက် အသစ်ကြောင့် လစာအနည်းဆုံး ဒေသမှာ အနည်းဆုံးလစာဟာ ကန်ဒေါ်လာ ၁၃၆ ရရှိမှာ ဖြစ်ပြီး လစာအများဆုံး ဒေသမှာ ကန်ဒေါ်လာ ၁၇၅ ရရှိမှာ ဖြစ်ပါတယ်။
●Vietnam Textile & Apparel Association (VITAS) လစာတိုးတာကို ကန့်ကွက်ပါတယ်။ လုပ်ငန်းအတော်များများတို့ဟာ လစာတိုးတာကြောင့် အခက်အခဲတစ်ခု ဖြစ်နပြေီး ကြိုးစားရုန်းကန်နကြေရတယ်လို့ ဆိုပါတယ်။ အနည်းဆုံးလစာဟာ ပြည်တွင်းလုပ်ငန်းတွေမှာ ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ် ၁၀ နှစ်တာအတွင်း ၂၁.၈% တိုးခဲ့ပါတယ်။ ဒီတော့ ဆုကြေးတွေ လျှော့ချကြရတယ်။ လူအစား စက်ကို ပြောင်းသုံးကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာ VITAS က ပိုလီစတာ ချည်မျှင်တွေ တင်သွင်းတဲ့အပေါ် အကောက်ခွန်ကို သုညကနေ ၂% လို့ ပြောင်းလဲသတ်မှတ်ပြီး တိုးမြှင့်ခြင်း မပြုဖို့ အသနားခံစာ တင်သွင်းခဲ့ပါတယ်။ ပြည်ပမှ တင်သွင်းတဲ့ ကုန်ကြမ်းအပေါ် အခုလို အကောက်ခွန်နှုန်းထားတိုးမြှင့်သတ်မှတ်တာကြောင့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဖို့ အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။
အထည်အလိပ်နဲ့ အထည်ချုပ်ကဏ္ဍဟာ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု foreign direct investment (FDI) ကို ၂၀၁၇ ခုနှစ် ပထမခြောက်လမှာ ကန်ဒေါ်လာ သန်း ၇၅၀ ဆွဲငင်ရယူနိုင်ခဲ့ပါတယ်။ အများစုက လုပ်လက်စ လုပ်ငန်းတွေမှာ ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ခဲ့ကြတာ ဖြစ်ပါတယ်။ အခုနှစ် ဇန်နဝါရီလမှာ အမေရိကန်က Trans-Pacific Partnership (TPP) ကနေ နှုတ်ထွက်ခဲ့လို့ ဗီယက်နမ်အနဖြေင့် အမေရိကန်သို့ တင်ပို့တဲ့ အဝတ်အစားတွေအတွက် TPP ထံမှ အကျိုးခံစားခွင့်များ မရနိုင်တော့ပေမဲ့ ယခုလို FDI တွေ ထပ်ဝင်လာခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ် ၁၁ လတာအတွင်း အမေရိကန်က ဗီယက်နမ်မှ အထည်အလိပ်၊ ချုပ်ထည်နဲ့ ခြေစီး ကဏ္ဍများထံမှ ကန်ဒေါ်လာ ၅ ဘီလျံဖိုး တင်သွင်းခဲ့ပါတယ်။
VITAS က အထည်အလိပ်၊ ချုပ်ထည်နဲ့ ခြေစီး ကဏ္ဍများထံမှ ပြည်ပတင်ပို့မှု ကန်ဒေါ်လာ ၃၀ ဘီလျံကျော် ရှိအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ တစ်နှစ်ထက် တစ်နှစ် ၁၀.၂၃% တိုးစေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ပြည်ပတင်ပို့မှု ကန်ဒေါ်လာ ၂၈ ဘီလျံ ရှိခဲ့ပါတယ်။
အဲဒီကဏ္ဍတွေအတွက် ဗီယက်နမ်နိုင်ငံရဲ့ အဓိကဈေးကွက်တွေက အမေရိက၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နဲ့ အီးယူတို့ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပြည်ပသို့ ချည်မျှင်အမျိုးမျိုး ကန်ဒေါ်လာ ၂.၆ ဘီလျံ၊ အထည်အလိပ်နဲ့ အထည်အလိပ်ထုတ်ကုန်များ ကန်ဒေါ်လာ ၁.၁ ဘီလျံနဲ့ အဝတ်အစား ကန်ဒေါ်လာ ၁၉.၆ ဘီလျံတို့ တင်ပို့ခဲ့ပါတယ်။
ချည်မျှင်၊ အထည်အလိပ်နဲ့ ဆေးဆိုးပန်းရိုက်ကဏ္ဍတွေမှာ နှစ်စဉ် အင်ဂျင်နီယာဦးရေ သုံးရာမှ လေးရာအထိ ထပ်မံလိုအပ်လျက်ရှိပြီး ဗီယက်နမ်ရှိ တက္ကသိုလ်များမှာ ၃၀ ဦး ဝန်းကျင်သာ နှစ်စဉ်မွေးထုတ်ပေးနိုင်တာကြောင့် အင်ဂျင်နီယာ အလုံအလောက် မရတဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်
Read 1070 times
Rate this item
(0 votes)