What's new

×

Warning

JUser: :_load: Unable to load user with ID: 845


PRC ကုမ္ပဏီမှ Hawassa မြို့တွင် အထည်ချုပ်စက်ရုံဝန်းကြီးတစ်ခု စတင်ဆောက်လုပ်နေ

PRC ကုမ္ပဏီမှ Hawassa မြို့တွင် အထည်ချုပ်စက်ရုံဝန်းကြီးတစ်ခု စတင်ဆောက်လုပ်နေ fibre2fashion

တရုတ်နိုင်ငံ၏ SINOMA အင်ဂျင်နီယာသည် မကြာသေးမီက အီသီယိုးပီးယားရှိ Sidama ဒေသဆိုင်ရာပြည်နယ်၏ မြို့တော် Hawassa မြို့တွင် အထည်ချုပ်စက်ရုံသစ်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။

 

၎င်းကို Hawassa အထည်အလိပ်နှင့်စက်မှုဇုန်ဥယျာဉ် SC မှ ငှားရမ်းထားတယ်လို့ သိရပါတယ်။ SINOMA သည် Dangote ဘိလပ်မြေစက်ရုံကို တည်ဆောက်ခဲ့ပြီး Hawassa နှင့် Dire Dawa စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း ပါဝင်ခဲ့ပါတယ်။

 

စက်တင်ဘာ ၆ ရက်တွင် အုတ်မြစ်ချခဲ့သည့် အထည်ချုပ်စက်ရုံဝန်းထဲတွင် ၁၁,၀၀၀ စတုရန်းမီတာရှိတဲ့ အမိုးအကာ ၁၄ ခုစီ ရှိပါတယ်။ ထိုစက်ရုံဝန်းတွင် ဘဏ်များ၊ ဆက်သွယ်ရေးနှင့်အကောက်ခွန်ရုံးများလည်း ပါဝင်ပါတယ်။ ၎င်း၏စုစုပေါင်းကုန်ကျစရိတ်မှာ ၂ ဘီလီယံ ခန့် ရှိပါတယ်။ အီသီယိုးပီးယား မီဒီယာတစ်ခုရဲ့ ခန့်မှန်းမှုအရ အဆိုပါဆောက်လုပ်ရေးကို တစ်နှစ်မပြည့်မီ ပြီးစီးမယ်လို့ မျှော်လင့်ရပါတယ်။

 

စက်မှုဇုန်တွင် ထုတ်လုပ်သည့်ထုတ်ကုန်များ၏ ၉၀ ရာခိုင်နှုန်းကိုတော့ တင်ပို့မှာဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၃၀၀၀၀ ကို ဖန်တီးပေးမယ်လို့လည်း သိရပါတယ်။

 

By Htike Htike (Myanmar Textile & Garment Guide)

Ref: fibre2fashion.com

Read 1294 times
Rate this item
(0 votes)