What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပါရီမှာ ဖက်ရှင်ဆိုင်တွေ ပြန်လည်ဖွင့်လှစ်

ပြင်သစ်မှာ ထိပ်တန်း ဖက်ရှင်တိုက်တွေ ခွင့်ပြုချက် ရရှိတာကြောင့် ဆိုင်တွေ ပြန်ဖွင့်ကြတယ်။

ပြင်သစ်ရဲ့ မြို့တော် ပါရီမှာ ဖက်ရှင်တိုက်တွေက ကိုဗစ်ကူးစက်မှု ကာကွယ်ရေး အစီအမံတွေကို အထက်တန်းကျကျ လုပ်ဆောင်ပေးထားကြတယ်။ သူတို့ရောင်းချတဲ့ ပစ္စည်းတွေက ဈေးအမြင့်ဆုံးတန်းမှာ ရှိနေတဲ့အတိုင်း ဈေးလာဝယ်သူကလည်း အထက်တန်းကျကျ စောင့်ရှောက်မှုတွေကို တွေ့ကြုံခံစားစေရအောင် လုပ်ပေးထားကြတယ်။
ဥရောပမှာ အစောဆုံး ပြန်ဖွင့်တဲ့ နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်တဲ့ ပြင်သစ်မှာ ပရီမီယံ ဖက်ရှင်ထည်တွေ ဖက်ရှင်ပစ္စည်းတွေကို အရင်လို လာကြည့်ပြီး နှစ်သက်ရာကို ရွေးချယ်ဝယ်ယူလို့ ရအောင် လုပ်ပေးထားတယ်။
ကမ္ဘာ့ အမြင့်ဆုံးတန်းဖက်ရှင် ရောင်းအား ထက်ဝက်ကျမယ်လို့ မျှော်မှန်းထားဟာ ဖက်ရှင်တိုက်တွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေသလို ဖက်ရှင်ထည်တွေ ချုပ်လုပ်ရတဲ့ အာရှမှ နိုင်ငံအချို့အတွက်လည်း ဘဝစိန်ခေါ်မှု ဖြစ်နေတယ်။ သူဌေး သင်္ဘောမှောက်ကိန်း ဆိုက်နေတယ်။ ဒါပေမဲ့ စိတ်မလျှော့ဘဲ အစွမ်းကုန် ကြိုးပမ်းနေကြတယ်။
Le Bon Marché ဖက်ရှင်ထည် လက်လီအရောင်းဆိုင်မှာ လာဝယ်တဲ့သူကို အသင့်စောင့်ကြိုနေတဲ့ ဝန်ထမ်း ၁၅၀ ဦး ထားရှိတယ်။ ဈေးဝယ်သူ တစ်ဦးချင်းကို ဝန်ထမ်းတစ်ဦးချင် တာဝန်ယူပြီး လိုက်ပြပေးတယ်။ ပိုးမကူးစက်ရေး အစီအမံတွေကို ရှင်းပြအသ်ိပေးတယ်။ ပြတိုက်တစ်ခုထဲ ဝင်လာတဲ့ လေ့လာသူကို တာဝန်ခံတစ်ဦးက လိုက်ပြပေးနေသလိုမျိုး ဈေးဝယ်သူ ခံစားမိစေတယ်။ ဆိုင်က ပြန်ထွက်သွားတဲ့အထိ ဆိုင်ထဲမှာ တခြား ဈေးဝယ်သူတဲ့ ထိတွေ့မှု မရှိရလေအောင် ဝန်ထမ်းက လှည့်ပတ်ခေါ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

Louis Vuitton နဲ့ Christian Dio တို့က ဈေးလာဝယ်မှာကို ကြိုတင် အကြောင်းကြားပြီး ရက်ချိန်းချိတ်တဲ့ စနစ်ကို စတင်ကျင့်သုံးတယ်။
ယခုအခါ ပါရီမြို့မှ ဖက်ရှင်တိုက်တွေမှာ ဈေးဝယ်သူ ကိုင်တွယ်ကြည့်တဲ့ပစ္စည်း ဝတ်ဆင်ကြည့်တဲ့ပစ္စည်း မဝယ်ဖြစ်လို့ ဆိုင်မှာ ဆက်ရှိနေရင် ချက်ချင်း ကောက်သိမ်းလိုက်တယ်။ ပိုးသတ်မယ်။ ပြီးရင် ကွာရင်တိုင်းကာလအဖြစ် အနည်းဆုံး ၇၂ နာရီ သိမ်းဆည်းထားတော့မှာ ဖြစ်ပါတယ်။

ဖက်ရှင်ဆိုင်တွေ ပြန်စဖွင့်တော့ လူတွေ ပြုံကျလာတယ်။ ဆိုင်မှာ လူအရေအတွက် အကန့်အသတ်ဖြင့်သာ လက်ခံတာမို့ ဆိုင်ပြင်မှာ တန်းစီ စောင့်ရတယ်။ အခုတော့ လူလာကြဲသွားပြီ။ ခြောက်ကပ်ကပ် ဖြစ်နေတယ်။

ပြည်ပမှ ခရီးသည်တွေ အလည်လာလို့ မရတာကြောင့်လည်း ဝယ်မယ့်သူ နည်းနေစေတယ်။ ပြည်တွင်းမှ ဝယ်နေကျ ဖောက်သည်တွေကျတော့လည်း ဈေးဆိုင်တွေပဲ ဖွင့်သေးတာဆိုတော့ ဖက်ရှင်ထည် ဖက်ရှင်ပစ္စည်း ဝယ်ပြီး အိမ်မှာ သိမ်းထားဖို့ပဲ ရှိလိမ့်မယ်။ ဝတ်စားဆင်ယင်ပြီး တက်စရာ ပွဲလမ်း ဘာတစ်ခုမှ မရှိဘူး။
အပြင်ထွက်တဲ့အခါ အရင်လို စည်စည်ကားကား မရှိဘူး။ တစ္ဆေမြို့ မြင်ကွင်းလို ဖြစ်နေတယ်။ အဲ'ီ လူြမင်ကွင်းထဲမှာ အမြင့်ဆုံးတန်းမှာ ဖက်ရှင်ထည် ဖက်ရှင်ပစ္စည်းတွေနဲ့ သွားလာဖို့ မသင့်တော်ဘူး။
ဖက်ရှင်တိုက်တွေအနေဖြင့် အချိန်တစ်ခုတော့ စောင့်ရဦးမယ်လို့ တွက်ထားကြပါတယ်။

 

ျပင္သစ္မွာ ထိပ္တန္း ဖက္ရွင္တိုက္ေတြ ခြင့္ျပဳခ်က္ ရရွိတာေၾကာင့္ ဆိုင္ေတြ ျပန္ဖြင့္ၾကတယ္။ ျပင္သစ္ရဲ႕ ၿမိဳ႕ေတာ္ ပါရီမွာ ဖက္ရွင္တိုက္ေတြက ကိုဗစ္ကူးစက္မႈ ကာကြယ္ေရး အစီအမံေတြကို အထက္တန္းက်က် လုပ္ေဆာင္ေပးထားၾကတယ္။ သူတို႔ေရာင္းခ်တဲ့ ပစၥည္းေတြက ေဈးအျမင့္ဆုံးတန္းမွာ ရွိေနတဲ့အတိုင္း ေဈးလာဝယ္သူကလည္း အထက္တန္းက်က် ေစာင့္ေရွာက္မႈေတြကို ေတြ႕ႀကဳံခံစားေစရေအာင္ လုပ္ေပးထားၾကတယ္။
ဥေရာပမွာ အေစာဆုံး ျပန္ဖြင့္တဲ့ ႏိုင္ငံေတြထဲမွာ အပါအဝင္ျဖစ္တဲ့ ျပင္သစ္မွာ ပရီမီယံ ဖက္ရွင္ထည္ေတြ ဖက္ရွင္ပစၥည္းေတြကို အရင္လို လာၾကည့္ၿပီး ႏွစ္သက္ရာကို ေ႐ြးခ်ယ္ဝယ္ယူလို႔ ရေအာင္ လုပ္ေပးထားတယ္။
ကမာၻ႔ အျမင့္ဆုံးတန္းဖက္ရွင္ ေရာင္းအား ထက္ဝက္က်မယ္လို႔ ေမွ်ာ္မွန္းထားဟာ ဖက္ရွင္တိုက္ေတြအတြက္ ႀကီးမားတဲ့ စိန္ေခၚမႈ ျဖစ္ေနသလို ဖက္ရွင္ထည္ေတြ ခ်ဳပ္လုပ္ရတဲ့ အာရွမွ ႏိုင္ငံအခ်ိဳ႕အတြက္လည္း ဘဝစိန္ေခၚမႈ ျဖစ္ေနတယ္။ သူေဌး သေဘၤာေမွာက္ကိန္း ဆိုက္ေနတယ္။ ဒါေပမဲ့ စိတ္မေလွ်ာ့ဘဲ အစြမ္းကုန္ ႀကိဳးပမ္းေနၾကတယ္။
Le Bon Marché ဖက္ရွင္ထည္ လက္လီအေရာင္းဆိုင္မွာ လာဝယ္တဲ့သူကို အသင့္ေစာင့္ႀကိဳေနတဲ့ ဝန္ထမ္း ၁၅၀ ဦး ထားရွိတယ္။ ေဈးဝယ္သူ တစ္ဦးခ်င္းကို ဝန္ထမ္းတစ္ဦးခ်င္ တာဝန္ယူၿပီး လိုက္ျပေပးတယ္။ ပိုးမကူးစက္ေရး အစီအမံေတြကို ရွင္းျပအသ္ိေပးတယ္။ ျပတိုက္တစ္ခုထဲ ဝင္လာတဲ့ ေလ့လာသူကို တာဝန္ခံတစ္ဦးက လိုက္ျပေပးေနသလိုမ်ိဳး ေဈးဝယ္သူ ခံစားမိေစတယ္။ ဆိုင္က ျပန္ထြက္သြားတဲ့အထိ ဆိုင္ထဲမွာ တျခား ေဈးဝယ္သူတဲ့ ထိေတြ႕မႈ မရွိရေလေအာင္ ဝန္ထမ္းက လွည့္ပတ္ေခၚေဆာင္ေပးသြားမွာ ျဖစ္ပါတယ္။

Louis Vuitton နဲ႔ Christian Dio တို႔က ေဈးလာဝယ္မွာကို ႀကိဳတင္ အေၾကာင္းၾကားၿပီး ရက္ခ်ိန္းခ်ိတ္တဲ့ စနစ္ကို စတင္က်င့္သုံးတယ္။
ယခုအခါ ပါရီၿမိဳ႕မွ ဖက္ရွင္တိုက္ေတြမွာ ေဈးဝယ္သူ ကိုင္တြယ္ၾကည့္တဲ့ပစၥည္း ဝတ္ဆင္ၾကည့္တဲ့ပစၥည္း မဝယ္ျဖစ္လို႔ ဆိုင္မွာ ဆက္ရွိေနရင္ ခ်က္ခ်င္း ေကာက္သိမ္းလိုက္တယ္။ ပိုးသတ္မယ္။ ၿပီးရင္ ကြာရင္တိုင္းကာလအျဖစ္ အနည္းဆုံး ၇၂ နာရီ သိမ္းဆည္းထားေတာ့မွာ ျဖစ္ပါတယ္။

ဖက္ရွင္ဆိုင္ေတြ ျပန္စဖြင့္ေတာ့ လူေတြ ၿပဳံက်လာတယ္။ ဆိုင္မွာ လူအေရအတြက္ အကန႔္အသတ္ျဖင့္သာ လက္ခံတာမို႔ ဆိုင္ျပင္မွာ တန္းစီ ေစာင့္ရတယ္။ အခုေတာ့ လူလာႀကဲသြားၿပီ။ ေျခာက္ကပ္ကပ္ ျဖစ္ေနတယ္။

ျပည္ပမွ ခရီးသည္ေတြ အလည္လာလို႔ မရတာေၾကာင့္လည္း ဝယ္မယ့္သူ နည္းေနေစတယ္။ ျပည္တြင္းမွ ဝယ္ေနက် ေဖာက္သည္ေတြက်ေတာ့လည္း ေဈးဆိုင္ေတြပဲ ဖြင့္ေသးတာဆိုေတာ့ ဖက္ရွင္ထည္ ဖက္ရွင္ပစၥည္း ဝယ္ၿပီး အိမ္မွာ သိမ္းထားဖို႔ပဲ ရွိလိမ့္မယ္။ ဝတ္စားဆင္ယင္ၿပီး တက္စရာ ပြဲလမ္း ဘာတစ္ခုမွ မရွိဘူး။
အျပင္ထြက္တဲ့အခါ အရင္လို စည္စည္ကားကား မရွိဘူး။ တေစၦၿမိဳ႕ ျမင္ကြင္းလို ျဖစ္ေနတယ္။ အဲ'ီ လူျမင္ကြင္းထဲမွာ အျမင့္ဆုံးတန္းမွာ ဖက္ရွင္ထည္ ဖက္ရွင္ပစၥည္းေတြနဲ႔ သြားလာဖို႔ မသင့္ေတာ္ဘူး။
ဖက္ရွင္တိုက္ေတြအေနျဖင့္ အခ်ိန္တစ္ခုေတာ့ ေစာင့္ရဦးမယ္လို႔ တြက္ထားၾကပါတယ္။

Read 879 times
Rate this item
(0 votes)