What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မော်တာအထည်ချုပ်သင်တန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက ကြီးမှူး၍ နယ်စပ်ဒေသ

ဝေးလံသော ကျေးလက်မြို့ပြရှိ တိုင်းရင်းသူအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ခေတ်မီ မော်တာ အထည်ချုပ်စက်သင်တန်း အမှတ်စဉ် (၁၆) သင်တန်းကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါတယ်။

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသမြို့ပြနေ တိုင်းရင်းသူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ခေတ်မီမော်တာအထည်ချုပ်စက်ဖြင့် ချုပ်လုပ်မှုများကို သင်ကြားပေးလျက်ရှိပါတယ်။

၎င်းအပြင် ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းမရှိသည့် တိုင်းရင်းသူ အမျိုးသမီးငယ်များကို အိမ်တွင်းမှု အသက်မွေးပညာများ တတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၄၂ ကျောင်း ဖွင့်လှစ်ကာ သင်ကြားပေးလျက်ရှိကြောင်း သိရပါတယ်။

သင်တန်းတွင် သင်တန်းသူ ၁၀၀ ဦး တက်ရောက်နိုင်ပြီး သင်တန်းကာလမှာ သုံးပတ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းတက်ရောက်ပြီးသူ ၆၈၁၁၁ ဦးအနက် ၁၈၄၇ ဦးကို ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်း ထပ်မံသင်ကြားပေးနိုင်ခဲ့ပါတယ်။

သင်တန်းတတ်မြောက်ပြီးသော သင်တန်းသူများမှ အထည်ချုပ်စက်ရုံ ၂၁ ရုံတွင် ၁၈၁၁ ဦး ၀င်ရောက် အလုပ်လုပ်ကိုင်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

Source: Myawaddy

Read 1603 times
Rate this item
(1 Vote)