What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အလုပ်ရှင်နှင့် အလုပ်သမားများ ကျန်းမာရေးညွှန်ကြားချက်များ မလိုက်နာပါက ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေဆိုင်ရာဥပဒေဖြင့် အရေးယူခြင်း ခံရမည်

စက်မှုဇုန်အတွင်း၊ပြင်ပ စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာနများ၏ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ စည်းကမ်းလိုက်နာခြင်း မရှိပါက သက်ဆိုင်ရာအလုပ်ရှင် အလုပ်သမားများအား သက်ဆိုင်ရာစက်မှုဇုန်အဆင့်မြှင့်တင်ရေး ကြီးကြပ်မှုကော်မတီများမှ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး

ဥပဒေနှင့်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောက်တိုဘာ ၁၄ရက် တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးပြီးစီးပြီး A အဆင့်စက်ရုံ ၂၁၈၄ စက်ရုံကို ဖွင့်လှစ်ခွင့်ပြုခဲ့တယ်လို့အဆိုပါထုတ်ပြန်စာတွင်ရေးသားထားပါတယ်။

 

အဆိုပါ ဖွင့်လှစ်ခွင့်ပြုထားတဲ့ စက်ရုံတွေကို ဖွင့်လှစ်နေစဉ် ထပ်မံစစ်ဆေးသွားမှာဖြစ်ပြီး B အဆင့်စက်ရုံ ၄၀၇၆ ရုံကိုလည်း လုပ်ငန်းလည်ပတ်စေပြီး A အဆင့်သတ်မှတ်ချက်နှင့်ကိုက်ညီမှု မရှိပါက ယာယီရပ်ဆိုင်းစေမည်ဖြစ်ကြောင်း ကိုလည်းထုတ်ပြန်စာတွင် တွေ့ရပါတယ်။

 

"စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတွေရဲ့ထုတ်ပြန်ချက်ပြောတာ အရင်တုန်းက A အဆင့်ရပြီးသား စက်ရုံတွေကို စစ်ဆေးစရာမလိုဘူးသဘောဖြစ်နေတာ။ သို့သော် အရင်တုန်းကခွင့်ပြုခဲ့တာက ကိုဗစ်ကာကွယ်ကုသရေးနဲ့ ထိန်းချုပ်ရေး ကော်မတီက ခွင့်ပြုခဲ့တာ မဟုတ်ဘူး။တိုင်းအစိုးရအဖွဲ့နဲ့ခွင့် ပြုချက်နဲ့ ဝန်ကြီးဒေါ်မိုးမိုးစုကြည်ကခွင့်ပြုခဲ့တာဖြစ်ပါတယ်။ A အဆင့် ဆိုပြီး စက်ရုံတွေကိုဖွင့်ခွင့်ပေးပြီး ဒီစက်ရုံတွေမှာကိုဗစ်လူနာတွေတွေ့ခဲ့မယ်ဆိုရင် အလုပ်သမားတွေအနေနဲ့သေဆုံးမှုတွေရှိလာရင်နိုင်ငံတော်အနေနဲ့ဘယ်လိုတာဝန်ယူမလဲဆိုတာမေးခွန်းထုတ်စရာဖြစ်နေတယ်။အလုပ်သမားတွေဥပဒေချိုးဖောက်ရင်သာဖိနှိပ်မှုမြန်ဆန်တာ။ အလုပ်ရှင်ဥပဒေချိုးဖောက်လို့အရေးယူတာမတွေ့ရဘူး"လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဦးသက်နှင်းအောင်က ပြောပါတယ်။

 

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းအတွင်း ပြန်လည်ဖွင့်လှစ်လျက်ရှိသော စက်ရုံများသည် ကိုဗစ်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားမှု အားနည်းချက်များနှင့် ကြို၊ ပို့ ဖယ်ရီကားများပေါ်တွင်လူများပြည့်ကျပ်နေခြင်း၊စက်ရုံအဝင် အထွက်တွင်တစ်ဦးနှင့်တစ်ဦးနီးကပ်လွန်းခြင်းများအပေါ် အလုပ်သမားများကြားဝေဖန်မှုမြင့်တက်လျက် ရှိပါတယ်။

 

" ပြန်ဖွင့်တဲ့စက်ရုံတွေမှာ ရွှေပြည်သာမှာဆိုလည်း သွေးဖောက်ပြီးစစ်တာတွေလူစုလူဝေးတွေဖြစ်တယ်။ A အဆင့် ဟုတ်မဟုတ်ကတော့ ဖယ်ရီကားက ဓာတ်ပုံတွေ စက်ရုံတွေကတက်လာတဲ့ပုံတွေကိုသာကြည့်ရင်တွေ့ပါတယ်။အရေးယူမှုကတော့ဘယ်လိုလာမလဲကြည့်ရမှာပဲ."ဟု ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေရေးရာအထောက်အကူပြုဌာနမှ ကိုနိုင်ဌေးလွင် ကပြောပါတယ်။

 

Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြင်ဆင်ထားမှု A အဆင့်ရရှိပါကစက်ရုံများအား လုပ်ငန်းလည်ပတ်ဖို့လုပ်ခြင်းသည် ရေတိုတင်မဟုတ် ရေရှည်နိုင်ငံစီးပွားရေးအတွက်ကြည့်ပြီးတော့ လုပ်ရကြောင်း COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၂ ရက်တွင် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့် သွင်း ပြောကြားခဲ့ပါတယ်။

 

#MyanmarLabourNews

Read 687 times
Rate this item
(0 votes)