What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်သားများ အတွက် ဥရောပသမဂ္ဂမှ ယူရိုငွေငါးသန်းကို အရေးပေါ်ရန်ပုံငွေအဖြစ် သတ်မှတ်

COVID-19 ကပ်ဘေး၏ စီးပွားရေးလောကအပေါ် ရိုက်ခတ်မှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားရသည့် ထောင်ပေါင်းများစွာသော

 

အထည်ချုပ်လုပ်သားများကို ကူညီရန်အတွက် ဥရောပသမဂ္ဂ မှ ယူရိုငွေငါးသန်း (၇.၉ ဘီလျံကျပ်) ကို သတ်မှတ်ပေးလိုက်ပြီဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်သော COVID-19 သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အပါအဝင် မြန်မာနိုင်ငံအတွက် အရေးအပါဆုံးဖြစ်သော

 

ကုန်ပစ္စည်းတင်ပို့ရောင်းချရေးဈေးကွက်များအား ပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့သည်။

 

ဤတိုင်းပြည်အတွင်းရှိ အရေးအပါဆုံးဖြစ်သည့် အထည်ချုပ်၊ အထည်အလိပ်လုပ်ငန်းနှင့် ဖိနပ်ချုပ်လုပ်ရေး ကဏ္ဍများတွင် ဝယ်လိုအားများ ကျဆင်းလာပြီး

 

မှာယူမှုများကိုလည်း ဆိုင်းငံ့ထားသောကြောင့် ဒါဇင်ပေါင်းများစွာသော စက်ရုံများအနေနှင့် ပိတ်သိမ်းခြင်းနှင့် အမျိုးသမီးအများစုပါဝင်သော

 

လုပ်သားထုအတွင်းရှိ ဝန်ထမ်းအင်အားများ လျှော့ချခြင်းတို့လုပ်လာကြသည်။

 

၂၀၂၀ မတ်လကုန်တွင် စက်ရုံပေါင်း ၄၀ ကျော်မှ ဝန်ထမ်းပေါင်း ၂၅,၀၀၀ ကျော်တို့ အလုပ်လက်မဲ့ဖြစ်ခဲ့ကြရသည်။

 

လက်ရှိအခြေအနေတွင် အဝတ်အထည်လုပ်ငန်းကဏ္ဍရှိ ဝန်ထမ်းပေါင်း ၇၀၀,၀၀၀ အနက်မှ ခန့်မှန်းခြေ ၃၅၀,၀၀၀ ခန့်သည်

 

လစာမဲ့ခွင့်ပေးခံရခြင်းနှင့် အလုပ်အကိုင်ဆုံးရှုံးခြင်းတို့ဖြစ်နိုင်ခြေရှိသည်။

 

မြန်မာနိုင်ငံနှင့် အထည်ချုပ်လုပ်ငန်းရှိ ဒုက္ခရောက်နိုင်ခြေရှိသော အလုပ်သမားများနှင့် သွေးစည်းရပ်တည်သည့် အနေနှင့် ဥရောပသမဂ္ဂသည်

 

မြန်ကူ(“Quick Assistance”) ရန်ပုံငွေ ယူရို ၅ သန်း (၇.၉ ဘီလျံကျပ်) ကို လက်ရှိအခက်အခဲ အဆင်ပြေနိုင်စေရန်အတွက်

 

Wave Money မှ တစ်ဆင့် အလုပ်သမားများအား ပေးဝေသွားမည်ဖြစ်သည်။

 

ဤ မြန်ကူရန်ပုံငွေ မှ အထောက်အပံ့သုံးမျိုးပေးမည်ဖြစ်သည်။

 

၁) အလုပ်အကိုင်ဆုံးရှုံးသွားသော သို့မဟုတ် ၎င်းတို့၏နေအိမ်မှ အတင်းအဓမ္မဖယ်ရှားခံရသော အကြပ်အတည်းကြုံတွေ့နေရသည့်

 

အလုပ်သမား ၃၀,၀၀၀ မှ ၈၀,၀၀၀ အထိကို တစ်လမှ သုံးလအထိ လစဉ် ပျမ်းမျှ ကျပ် ၇၅,၀၀၀ ခန့်အထိ ငွေသားလွှဲပေးခြင်း။

 

၂) တရားမဝင် စာချုပ်ဖျက်သိမ်းခံရသော အလုပ်သမားများအတွက် တစ်လလျှင် ကျပ် ၁၂၅,၀၀၀ အထိ ငွေသားလွှဲပေးခြင်း။

 

၃) ဝန်ထမ်းများကို ဆက်လက်ခန့်ထား၍ ငွေသားနှင့်ဖြစ်စေ အခြားသော ငွေသားမဟုတ်သည့် ထောက်ပံ့မှု(နေ/စားငြိမ်း) ဆက်လက်ပေးရန်အတွက်

 

သဘောတူထားသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများရှိ အလုပ်သမားများအား ငွေသားလွှဲပေးခြင်း။

 

SMART Textile & Garments(link is external) ဟုခေါ်သည့် မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှု စံချိန်စံနှုန်းများ၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့်

 

ကော်ပိုရိတ်တာဝန်ယူမှု မြင့်တက်စေရန်အတွက် အထောက်အကူပြုလျက်ရှိသော ဥရောပသမဂ္ဂ၏ ရေရှည်ရပ်တည်လျက်ရှိသည့်

 

အထင်ကရအစီအစဉ်မှ မြန်ကူ ရန်ပုံငွေများကို စီမံခန့်ခွဲပေးမည်ဖြစ်သည်။

 

SMART အနေနှင့်လည်း ရန်ပုံငွေ လက်ခံရရှိထိုက်သူများ ရွေးချယ်ရာတွင် ပြည်တွင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများနှင့်

 

နီးနီးကပ်ကပ် လက်တွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကာ ၎င်း၏ ခိုင်မာအားကောင်းလှသော ကုန်ထုတ်လုပ်ငန်းပိုင်ရှင်များ၊ လုပ်ငန်းရှင်အသင်းအဖွဲ့များ၊

 

အမှတ်တံဆိပ်ကြီးများနှင့် အစိုးရမိတ်ဖက်ဆိုင်ရာ ကွန်ရက်များဖြင့်လည်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။

 

ဥရောပသမဂ္ဂနိုင်ငံများကို အထည်ချုပ်ထုတ်ကုန်များ တင်ပို့နိုင်ခြင်းသည် အင်မတန်မှ ကြီးမားလှသော အောင်မြင်မှုရခဲ့သည့် ဖြစ်ရပ်ဖြစ်ပြီး

 

မြန်မာနိုင်ငံအနေနှင့် ၎င်း၏ အထည်ချုပ်ထုတ်ကုန် ၇၀% ကို ဥရောပသို့ ရောင်းချကာ မြန်မာနိုင်ငံအနှံ့အပြားတွင် အမျိုးသမီးငယ်များအတွက်

 

အဓိကထား၍ အလုပ်အကိုင်သစ်ပေါင်း ၄၅၀,၀၀၀ ခန့်ကို ဖန်တီးပေးနိုင်ခဲ့သည်။

 

ထိုဖြစ်ရပ်ကြောင့် တစ်နိုင်ငံလုံးရှိ လူသန်းပေါင်းများစွာတို့၏ ဘဝများ တိုးတက်ကောင်းမွန်လာရပြီး အလုပ်သမားအခွင့်အရေးပိုမိုရရှိလာခြင်း၊

 

ပိုမိုမြင့်မားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများဖြစ်ပေါ်လာခြင်းနှင့် ကုန်ထုတ်လုပ်ငန်းစက်ရုံများ ပေါ်ပေါက်လာခြင်းတို့

 

သိသိသာသာမြင့်တက်လာသည်မှာ ဥရောပသမဂ္ဂမှ ၂၀၁၁ တွင် ဈေးကွက်ဖွင့်လိုက်စဉ်ကတည်းကဖြစ်သည်။

 

မြန်မာနိုင်ငံ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ အရေးကြီးပြီး ဤကဏ္ဍသည်

 

ဥရောပဈေးကွက်နှင့်လည်း ခိုင်မာစွာ ယှဉ်တွဲရပ်တည်လျက်ရှိသောကြောင့် ဤမြန်ကူ၏ အရေးပေါ် အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ရေး ယန္တရားသည်

 

ဥရောပသမဂ္ဂအနေနှင့် အကြပ်အတည်းရင်ဆိုင်နေရသော အချိန်တွင်ပင် မြန်မာနိုင်ငံနှင့် မည်ကဲ့သို့သွေးစည်း၍ အတူတကွရပ်တည်ကြောင်းနှင့်

 

မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးအကူးအပြောင်းအတွက် ထိရောက်သော အကူအညီများပေးအပ်ရန်

 

ခိုင်မာစွာသန္နိဋ္ဌာန်ချမှတ်ထားကြောင်း လက်တွေ့ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်သည်။

 

ဤမြန်ကူ အရေးပေါ် အလျင်အမြန် ချမှတ်ပေးသော ရန်ပုံငွေသည် ဧပြီလမှ ဒီဇင်ဘာလ ၂၀၂၀ ထိ ချပေးမည်ဖြစ်ပြီး

 

UNOPS မှ စီမံခန့်ခွဲသော ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှု - ဖွံ့ဖြိုးတိုးတက်ရေး - ငြိမ်းချမ်းရေး

 

ချိတ်ဆက်ဆောင်ရွက်သည့် ယန္တရား(NRM) မှ တစ်ဆင့် ရန်ပုံငွေထောက်ပံ့မည်ဖြစ်သည်။

 

Ref: EEAS

COVID.png

 

<<<Zawgyi>>>

COVID-19 ကပ္ေဘး၏ စီးပြားေရးေလာကအေပၚ ႐ိုက္ခတ္မႈေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားရသည့္ ေထာင္ေပါင္းမ်ားစြာေသာ

အထည္ခ်ဳပ္လုပ္သားမ်ားကို ကူညီရန္အတြက္ ဥေရာပသမဂၢ မွ ယူ႐ိုေငြငါးသန္း (၇.၉ ဘီလ်ံက်ပ္) ကို သတ္မွတ္ေပးလိုက္ၿပီျဖစ္သည္။

ကမာၻ႔ကပ္ေရာဂါဆိုးႀကီးျဖစ္ေသာ COVID-19 သည္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား အပါအဝင္ ျမန္မာႏိုင္ငံအတြက္ အေရးအပါဆုံးျဖစ္ေသာ

ကုန္ပစၥည္းတင္ပို႔ေရာင္းခ်ေရးေဈးကြက္မ်ားအား ျပင္းျပင္းထန္ထန္ထိခိုက္ေစခဲ့သည္။

ဤတိုင္းျပည္အတြင္းရွိ အေရးအပါဆုံးျဖစ္သည့္ အထည္ခ်ဳပ္၊ အထည္အလိပ္လုပ္ငန္းႏွင့္ ဖိနပ္ခ်ဳပ္လုပ္ေရး က႑မ်ားတြင္ ဝယ္လိုအားမ်ား က်ဆင္းလာၿပီး

မွာယူမႈမ်ားကိုလည္း ဆိုင္းငံ့ထားေသာေၾကာင့္ ဒါဇင္ေပါင္းမ်ားစြာေသာ စက္႐ုံမ်ားအေနႏွင့္ ပိတ္သိမ္းျခင္းႏွင့္ အမ်ိဳးသမီးအမ်ားစုပါဝင္ေသာ

လုပ္သားထုအတြင္းရွိ ဝန္ထမ္းအင္အားမ်ား ေလွ်ာ့ခ်ျခင္းတို႔လုပ္လာၾကသည္။

၂၀၂၀ မတ္လကုန္တြင္ စက္႐ုံေပါင္း ၄၀ ေက်ာ္မွ ဝန္ထမ္းေပါင္း ၂၅,၀၀၀ ေက်ာ္တို႔ အလုပ္လက္မဲ့ျဖစ္ခဲ့ၾကရသည္။

လက္ရွိအေျခအေနတြင္ အဝတ္အထည္လုပ္ငန္းက႑ရွိ ဝန္ထမ္းေပါင္း ၇၀၀,၀၀၀ အနက္မွ ခန႔္မွန္းေျခ ၃၅၀,၀၀၀ ခန႔္သည္

လစာမဲ့ခြင့္ေပးခံရျခင္းႏွင့္ အလုပ္အကိုင္ဆုံးရႈံးျခင္းတို႔ျဖစ္ႏိုင္ေျခရွိသည္။

ျမန္မာႏိုင္ငံႏွင့္ အထည္ခ်ဳပ္လုပ္ငန္းရွိ ဒုကၡေရာက္ႏိုင္ေျခရွိေသာ အလုပ္သမားမ်ားႏွင့္ ေသြးစည္းရပ္တည္သည့္ အေနႏွင့္ ဥေရာပသမဂၢသည္

ျမန္ကူ(“Quick Assistance”) ရန္ပုံေငြ ယူ႐ို ၅ သန္း (၇.၉ ဘီလ်ံက်ပ္) ကို လက္ရွိအခက္အခဲ အဆင္ေျပႏိုင္ေစရန္အတြက္

Wave Money မွ တစ္ဆင့္ အလုပ္သမားမ်ားအား ေပးေဝသြားမည္ျဖစ္သည္။

ဤ ျမန္ကူရန္ပုံေငြ မွ အေထာက္အပံ့သုံးမ်ိဳးေပးမည္ျဖစ္သည္။

၁) အလုပ္အကိုင္ဆုံးရႈံးသြားေသာ သို႔မဟုတ္ ၎တို႔၏ေနအိမ္မွ အတင္းအဓမၼဖယ္ရွားခံရေသာ အၾကပ္အတည္းႀကဳံေတြ႕ေနရသည့္

အလုပ္သမား ၃၀,၀၀၀ မွ ၈၀,၀၀၀ အထိကို တစ္လမွ သုံးလအထိ လစဥ္ ပ်မ္းမွ် က်ပ္ ၇၅,၀၀၀ ခန႔္အထိ ေငြသားလႊဲေပးျခင္း။

၂) တရားမဝင္ စာခ်ဳပ္ဖ်က္သိမ္းခံရေသာ အလုပ္သမားမ်ားအတြက္ တစ္လလွ်င္ က်ပ္ ၁၂၅,၀၀၀ အထိ ေငြသားလႊဲေပးျခင္း။

၃) ဝန္ထမ္းမ်ားကို ဆက္လက္ခန႔္ထား၍ ေငြသားႏွင့္ျဖစ္ေစ အျခားေသာ ေငြသားမဟုတ္သည့္ ေထာက္ပံ့မႈ(ေန/စားၿငိမ္း) ဆက္လက္ေပးရန္အတြက္

သေဘာတူထားေသာ အေသးစားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားရွိ အလုပ္သမားမ်ားအား ေငြသားလႊဲေပးျခင္း။

SMART Textile & Garments(link is external) ဟုေခၚသည့္ ျမန္မာႏိုင္ငံတြင္ ကုန္ထုတ္လုပ္မႈ စံခ်ိန္စံႏႈန္းမ်ား၊ လူမႈေရး၊ သဘာဝပတ္ဝန္းက်င္ႏွင့္

ေကာ္ပိုရိတ္တာဝန္ယူမႈ ျမင့္တက္ေစရန္အတြက္ အေထာက္အကူျပဳလ်က္ရွိေသာ ဥေရာပသမဂၢ၏ ေရရွည္ရပ္တည္လ်က္ရွိသည့္

အထင္ကရအစီအစဥ္မွ ျမန္ကူ ရန္ပုံေငြမ်ားကို စီမံခန႔္ခြဲေပးမည္ျဖစ္သည္။

SMART အေနႏွင့္လည္း ရန္ပုံေငြ လက္ခံရရွိထိုက္သူမ်ား ေ႐ြးခ်ယ္ရာတြင္ ျပည္တြင္းအရပ္ဖက္လူမႈအဖြဲ႕အစည္းမ်ား၊ အလုပ္သမားသမဂၢမ်ားႏွင့္

နီးနီးကပ္ကပ္ လက္တြဲ၍ ေဆာင္႐ြက္သြားမည္ျဖစ္ကာ ၎၏ ခိုင္မာအားေကာင္းလွေသာ ကုန္ထုတ္လုပ္ငန္းပိုင္ရွင္မ်ား၊ လုပ္ငန္းရွင္အသင္းအဖြဲ႕မ်ား၊

အမွတ္တံဆိပ္ႀကီးမ်ားႏွင့္ အစိုးရမိတ္ဖက္ဆိုင္ရာ ကြန္ရက္မ်ားျဖင့္လည္း ညႇိႏႈိင္းေဆာင္႐ြက္သြားမည္ျဖစ္သည္။

ဥေရာပသမဂၢႏိုင္ငံမ်ားကို အထည္ခ်ဳပ္ထုတ္ကုန္မ်ား တင္ပို႔ႏိုင္ျခင္းသည္ အင္မတန္မွ ႀကီးမားလွေသာ ေအာင္ျမင္မႈရခဲ့သည့္ ျဖစ္ရပ္ျဖစ္ၿပီး

ျမန္မာႏိုင္ငံအေနႏွင့္ ၎၏ အထည္ခ်ဳပ္ထုတ္ကုန္ ၇၀% ကို ဥေရာပသို႔ ေရာင္းခ်ကာ ျမန္မာႏိုင္ငံအႏွံ႔အျပားတြင္ အမ်ိဳးသမီးငယ္မ်ားအတြက္

အဓိကထား၍ အလုပ္အကိုင္သစ္ေပါင္း ၄၅၀,၀၀၀ ခန႔္ကို ဖန္တီးေပးႏိုင္ခဲ့သည္။

ထိုျဖစ္ရပ္ေၾကာင့္ တစ္ႏိုင္ငံလုံးရွိ လူသန္းေပါင္းမ်ားစြာတို႔၏ ဘဝမ်ား တိုးတက္ေကာင္းမြန္လာရၿပီး အလုပ္သမားအခြင့္အေရးပိုမိုရရွိလာျခင္း၊

ပိုမိုျမင့္မားေသာ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ စံႏႈန္းမ်ားျဖစ္ေပၚလာျခင္းႏွင့္ ကုန္ထုတ္လုပ္ငန္းစက္႐ုံမ်ား ေပၚေပါက္လာျခင္းတို႔

သိသိသာသာျမင့္တက္လာသည္မွာ ဥေရာပသမဂၢမွ ၂၀၁၁ တြင္ ေဈးကြက္ဖြင့္လိုက္စဥ္ကတည္းကျဖစ္သည္။

ျမန္မာႏိုင္ငံ၏ လူမႈစီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အထည္ခ်ဳပ္လုပ္ငန္းက႑မွာ အေရးႀကီးၿပီး ဤက႑သည္

ဥေရာပေဈးကြက္ႏွင့္လည္း ခိုင္မာစြာ ယွဥ္တြဲရပ္တည္လ်က္ရွိေသာေၾကာင့္ ဤျမန္ကူ၏ အေရးေပၚ အလ်င္အျမန္တုံ႔ျပန္ေဆာင္႐ြက္ေရး ယႏၲရားသည္

ဥေရာပသမဂၢအေနႏွင့္ အၾကပ္အတည္းရင္ဆိုင္ေနရေသာ အခ်ိန္တြင္ပင္ ျမန္မာႏိုင္ငံႏွင့္ မည္ကဲ့သို႔ေသြးစည္း၍ အတူတကြရပ္တည္ေၾကာင္းႏွင့္

ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးႏွင့္ စီးပြားေရးအကူးအေျပာင္းအတြက္ ထိေရာက္ေသာ အကူအညီမ်ားေပးအပ္ရန္

ခိုင္မာစြာသႏၷိ႒ာန္ခ်မွတ္ထားေၾကာင္း လက္ေတြ႕ထုတ္ေဖာ္ျပသလိုက္ျခင္းပင္ ျဖစ္သည္။

ဤျမန္ကူ အေရးေပၚ အလ်င္အျမန္ ခ်မွတ္ေပးေသာ ရန္ပုံေငြသည္ ဧၿပီလမွ ဒီဇင္ဘာလ ၂၀၂၀ ထိ ခ်ေပးမည္ျဖစ္ၿပီး

UNOPS မွ စီမံခန႔္ခြဲေသာ ဥေရာပသမဂၢ၏ လူသားခ်င္းစာနာေထာက္ထားမႈ - ဖြံ႕ၿဖိဳးတိုးတက္ေရး - ၿငိမ္းခ်မ္းေရး

ခ်ိတ္ဆက္ေဆာင္႐ြက္သည့္ ယႏၲရား(NRM) မွ တစ္ဆင့္ ရန္ပုံေငြေထာက္ပံ့မည္ျဖစ္သည္။

Read 850 times
Rate this item
(1 Vote)