What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ လုပ်ငန်းစစ်တမ်း (Position Paper)သတင်းစာရှင်းလင်းပွဲ အွန်လိုင်းမှတဆင့် ကျင်းပခဲ့

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ လုပ်ငန်းစစ်တမ်း(Position Paper)နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်ကျင်းပခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲတွင် လုပ်ငန်းစစ်တမ်း(Position Paper) နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းကို ဦးကျော်ဇင်ထွန်း(CEO, Arrow Media) မှ ပြုလုပ်ခဲ့ပြီး လုပ်ငန်းစစ်တမ်းနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများမှ တွေ့ရှိချက် များကို ရှင်းလင်းတင်ပြခြင်းများ အစရှိသည်တို့ကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ ရှင်းလင်းပြောကြားခဲ့ပါသည်။

 

ထို့နောက် တက်ရောက်လာသော သတင်းမီဒီယာများမှ COVID – 19 ကြောင့် အထည်ချုပ်လုပ်ငန်းများအနေဖြင့် ပြည်ပတင်ပို့မှုများတွင် ထိခိုက်မှုများ၊ COVID – 19 အလွန်တွင် အထည်ချုပ်လုပ်ငန်းများအနေဖြင့် ပြန်လည်ဖွင့်လှစ်ရန်အတွက် ပြင်ဆင်ထားမှုများ၊ ကိုဗစ် ကာလတွင် ရန်ကုန်တိုင်းအတွင်း အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှီးမှုဝင်ရောက်မှုများ ဆုံးရှုံးနစ်နာမှုများ အစရှိသည်တို့ကို မေးမြန်းခဲ့ပြီး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်းရေးမှူး‌ဒေါ်ခိုင်ခိုင်နွယ်မှ ပြန်လည်ဖြေကြားခဲ့ပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ သတင်းမီဒီယာ (၁၈) ယောက်အပါအဝင် စုစုပေါင်း(၃၂) ယောက် တက်ရောက်ခဲ့ကြပါသည်။

Image may contain: 1 person, sitting

Image may contain: 1 person, sitting and indoor

Image may contain: 3 people, indoor

 

Myanmar Garment Manufacturers Association

Read 806 times
Rate this item
(0 votes)

Related items