What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၀န်ထမ်း ၂၀၀၀ ခန့်ရှိသော ပဲခူးတိုင်းဒေသကြီးရှိ ဖိနပ်စက်ရုံတွင် Covid-19 အတည်ပြုလူနာတစ်ဦးတွေ့ရှိ

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးစက်မှုဇုန် ၂တွင် တရုတ်နိုင်ငံသား လုပ်ငန်းရှင် ဖွင့်ထား

သည့် အလုပ်သမားနှစ်ထောင်ကျော်ရှိသော SPC ဖိနပ်စက်ရုံတွင် Covid-19 အတည်ပြုလူနာတစ်ဦးတွေ့ရှိကြောင်း ပဲခူးကွန်ရက်ခေါင်းဆောင် ကိုကျော်က Myanmar Labour News ကိုပြောပါတယ်။

 

"ပဲခူးတိုင်းထဲကစက်ရုံတွေမှာ ဒီစက်ရုံကပထမဆုံးတွေ့တဲ့စက်ရုံပါ။ပိုးတွေတဲ့လူနာနေခဲ့တဲ့လမ်းကိုလည်း သူ့ရပ်ကွက်ကလည်း Lockdown ချလိုက်ပါပြီ။စက်ရုံကလူအင်အားလည်းများတော့ အလုပ်သမားတွေမှာစိုးရိမ်ပူပန်မှုတွေရှိနေတယ်"ဟုကိုကျော်ကပြောပါတယ်။

 

အဆိုပါပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိခဲ့သူ ၃၅ ဦးအား အလုပ်မဆင်းစေဘဲ ၁၅ ရက်အလုပ်နားကာ Quarantine ဝင်ခိုင်းထားကြောင်းသိရပါတယ်။

 

ပဲခူးတိုင်းဒေသကြီးတွင် CMP စက်ရုံ ၄၈ ရုံခန့်ရှိပြီး လက်ရှိအချိန်တွင် ပုံမှန်အတိုင်းလည်ပတ်လျက်ရှိကာ ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းအတွင်းရှိ CMP စက်ရုံများမှာတော့ စက်တင်ဘာလ ၂၄ ရက်မှ အောက်တိုဘာလ ၇ ရက်ထိ (၁၄) ရက် ယာယီပိတ်သိမ်းထားရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတို့က ထုတ်ပြန်ထားပါတယ်။

 

"ပဲခူးမှာရှိတဲ့ ကျွန်မတို့အလုပ်သမားသမဂ္ဂတွေမှာတော့ Covid-19 ကူးစက်တာရှိတယ်လို့သတင်းပို့တာမရှိသေးပါဘူး။တခြားစက်ရုံမှာတော့အခုစတွေ့ပြီ။စက်ရုံကတော့အခုထိမပိတ်သေးဘူး။

 

ပဲခူးတိုင်းအစိုးရအဖွဲ့ရဲ့ညွှန်ကြားချက်ထွက်ဖို့ ပဲခူးမှာရှိတဲ့အလုပ်သမားအဖွဲ့တွေကတော့ပြောနေကြတယ်"ဟုမြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM လက်ထောက်အထွေထွေအတွင်းရေးမှူးဒေါ်ဖြိုးစန္ဒာစိုးကပြောပါတယ်။

 

MyanmarLabourNews

Read 824 times
Rate this item
(0 votes)