What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အီးယူရဲ့ မြန်ကူ အရေးပေါ်ရန်ပုံငွေဖြင့် အထည်ချုပ်လုပ်သားများကို ထောက်ပံ့

အထည်ချုပ်လုပ်သားများသည် အီးယူ၏ မြန်ကူ အရေးပေါ်ရန်ပုံငွေမှ အထောက်အပံ့ကို မေလ ၁ ရက်တွင်

ကျရောက်သော အလုပ်သမားနေ့မှာ ရရှိခဲ့ကြသည်။ ပထမအသုတ် ပေးအပ်ခြင်းဖြစ်ပြီး ကိုဗစ်ကြောင့် အလုပ်ရပ်နားထားရသူများနှင့် အလုပ်ပြုတ်သူများအတွက် ဖြစ်သည်။

“ မတ်လ ၇ ရက်နေ့မှာ ကျမစက်ရုံကနေ အလုပ်ရပ်နားလိုက်ပါတယ်။ အရင်တုန်းက ကျမမိသားစု အိမ်ငှားခနဲ့ မီးဖိုချောင်စရိတ် ထောက်ပံ့နိုင်ခဲ့ပါတယ်။ အခုတော့ဘာလုပ်ရမှန်းမသိတော့ဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဘိုလေးမြို့မှ ရန်ကုန်မြို့သို့ လာရောက်နေထိုင်ပြီး အထည်ချုပ်လုပ်ကိုင်သူ မသူဇာအောင်က ပြောသည် ။

မသူဇာအောင်သည် လွန်ခဲ့သော ၂ လတာကာလအတွင်း coronavirus ကူးစက်ရောဂါကြောင့်ကမ္ဘာလုံးဆိုင်ရာစျေးကွက်များအပေါ်သက်ရောက်မှုများကြောင့် အထည်ချုပ်လုပ်ငန်းများ ထိခိုက်ကုန်သဖြင့် အလုပ်ပြုတ်သွားသော အလုပ်သမား ၃၀,၀၀၀ ခန့်အနက်မှ တစ်ဦး ဖြစ်သည် ။

မြန်ကူ သည် တိုက်ရိုက်ငွေလွှဲခြင်းဖြင့် အလုပ်ဖြုတ်ခံရသော အထည်ချုပ်လုပ်သားများကို ငွေပေးအပ်သည်။
၎င်းတို့အား မေလ၊ ဇွန်နှင့်ဇူလိုင်လများတွင် အထောက်အကူ ပေးအပ်ရန် ဖြစ်သည်။
မှ တဆင့်ထောက်ပံ့ရန်ရပ်ဆိုင်းထားသည့်အထည်ချုပ်လုပ်သားများကိုတိုက်ရိုက်ငွေလွှဲပို့သည်။ နောက်လအနည်းငယ်သည်အပြည်ပြည်ဆိုင်ရာ ၀ ယ်သူများထံမှအမှာစာများကိုဖျက်သိမ်းခြင်း၊ နှောင့်နှေးခြင်းနှင့်လျှော့ချခြင်းတို့ကြောင့်တိုင်းပြည်၏အထည်ချုပ်လုပ်ငန်းအတွက်စိန်ခေါ်မှုဖြစ်လိမ့်မည်။

လာမည့် လပိုင်းသည် အထည်ချုပ်ကဏ္ဍအတွက် စိန်ခေါ်မှုကြီးမားမည်။ နိုင်ငံတကာ ဝယ်လက်များက အမှာစာများ ရုပ်သိမ်းခြင်း၊ အမှာစာ အသစ်များ မရရှိတော့ခြင်း၊ အမှာစာပမာဏ လျော့နည်းခြင်းများ မလွဲမသွေ တွေ့ကြုံရလိမ့်မည်။

အလုပ်သမားများအတွက် ဤအခက်အခဲများကြုံတွေ့နေရ ချိန်တွင် အီးယူက မြန်ကူ အစီအစဉ် မှတစ်ဆင့် ပေးအပ်သောထောက်ပံ့မှုများကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ် ။ အီးယူနဲ့ ပူးပေါင်းပြီးပြဿနာတွေကိုဖြေရှင်းနိုင်မှာပါ” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦး သိန်းဆွေက ပြောကြားခဲ့သည်။

“ Myan Ku Emergency Cash Fund သည် COVID-19 ကြောင့် အသက်မွေး၀မ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးခဲ့ရသော မြန်မာနိုင်ငံရှိ ထောင်ပေါင်းများစွာသော အလုပ်သမားများနှင့် ၎င်းတို့၏မိသားစုများနှင့် ဥရောပသမဂ္ဂတို့၏ စစ်မှန်သောစည်းလုံးညီညွတ်မှု ဖြစ်သည်။ မြန်မာမှ အလုပ်သမားတွေကို မြန်မြန်ဆန်ဆန်ဖြင့်အလွယ်တကူ ငွေရေးကြေးရေး အထောက်အပံ့တွေ ပေးလိမ့်မည်” ဟု အီးယူသံအမတ် Kristian Schmidt က ပြောကြားခဲ့သည်။ “ ဒီလိုမျိုး ကမ္ဘာချီအကျပ်အတည်းကာလမျိုးမှာ ဆင်းရဲတဲ့သူတွေက ဒုက္ခတွေ အများဆုံး ခံစားနေရတာ အမြဲတမ်းပဲ။ ကမ္ဘာတစ်ဝှမ်းတွင် ကျွန်တော်တို့ အားလုံး ပူးပေါင်းပြီး အထိခိုက်လွယ်ဆုံးသူများအတွက် လုံခြုံစိတ်ချရသောကွန်ယက်များ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ကြရမယ်။
ဥရောပသမဂ္ဂအနေဖြင့် ဒီလက်ငင်းနှင့် တိုက်ရိုက်ကူညီခြင်းဖြင့် သွေးစည်းမှုရှိကြောင်းပြသနိုင်သည့်အတွက်ကွှန်တော် ဂုဏ်ယူပါတယ်" ဟု ၎င်းက ပြောကြားသည်။

ဖေဖော်ဝါရီနှင့်မတ်လများအတွင်း လုပ်ငန်းများကို ဆိုင်းငံ့ထားသောစက်ရုံခြောက်ခုမှ အလုပ်သမားများသည်ပထမအသုတ် ငွေလွှဲခြင်းတွင် ပါဝင်သည်။ လာမည့်ရက်သတ္တပတ်များအတွင်း မြန်ကူသည် အလုပ်သမား ၉၀,၀၀၀ ခန့်သို့ ရောက်ရှိလိမ့်မည်ဟု မျှော်လင့်ရသည်။

eeas.europa.eu

 

အီးယူရဲ႕ ျမန္ကူ အေရးေပၚရန္ပုံေငြျဖင့္ အထည္ခ်ဳပ္လုပ္သားမ်ားကို ေထာက္ပံ့

အထည္ခ်ဳပ္လုပ္သားမ်ားသည္ အီးယူ၏ ျမန္ကူ အေရးေပၚရန္ပုံေငြမွ အေထာက္အပံ့ကို ေမလ ၁ ရက္တြင္ ်ကေရာက္ေသာ အလုပ္သမားေန႔မွာ ရရွိခဲ့ၾကသည္။ ပထမအသုတ္ ေပးအပ္ျခင္းျဖစ္ၿပီး ကိုဗစ္ေၾကာင့္ အလုပ္ရပ္နားထားရသူမ်ားႏွင့္ အလုပ္ျပဳတ္သူမ်ားအတြက္ ျဖစ္သည္။

“ မတ္လ ၇ ရက္ေန႔မွာ က်မစက္႐ုံကေန အလုပ္ရပ္နားလိုက္ပါတယ္။ အရင္တုန္းက က်မမိသားစု အိမ္ငွားခနဲ႔ မီးဖိုေခ်ာင္စရိတ္ ေထာက္ပံ့ႏိုင္ခဲ့ပါတယ္။ အခုေတာ့ဘာလုပ္ရမွန္းမသိေတာ့ဘူး” ဟု ဧရာဝတီတိုင္းေဒသႀကီး၊ ဘိုေလးၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ လာေရာက္ေနထိုင္ၿပီး အထည္ခ်ဳပ္လုပ္ကိုင္သူ မသူဇာေအာင္က ေျပာသည္ ။

မသူဇာေအာင္သည္ လြန္ခဲ့ေသာ ၂ လတာကာလအတြင္း coronavirus ကူးစက္ေရာဂါေၾကာင့္ကမာၻလုံးဆိုင္ရာေစ်းကြက္မ်ားအေပၚသက္ေရာက္မႈမ်ားေၾကာင့္ အထည္ခ်ဳပ္လုပ္ငန္းမ်ား ထိခိုက္ကုန္သျဖင့္ အလုပ္ျပဳတ္သြားေသာ အလုပ္သမား ၃၀,၀၀၀ ခန႔္အနက္မွ တစ္ဦး ျဖစ္သည္ ။

ျမန္ကူ သည္ တိုက္႐ိုက္ေငြလႊဲျခင္းျဖင့္ အလုပ္ျဖဳတ္ခံရေသာ အထည္ခ်ဳပ္လုပ္သားမ်ားကို ေငြေပးအပ္သည္။
၎တို႔အား ေမလ၊ ဇြန္ႏွင့္ဇူလိုင္လမ်ားတြင္ အေထာက္အကူ ေပးအပ္ရန္ ျဖစ္သည္။
မွ တဆင့္ေထာက္ပံ့ရန္ရပ္ဆိုင္းထားသည့္အထည္ခ်ဳပ္လုပ္သားမ်ားကိုတိုက္႐ိုက္ေငြလႊဲပို႔သည္။ ေနာက္လအနည္းငယ္သည္အျပည္ျပည္ဆိုင္ရာ ၀ ယ္သူမ်ားထံမွအမွာစာမ်ားကိုဖ်က္သိမ္းျခင္း၊ ေႏွာင့္ေႏွးျခင္းႏွင့္ေလွ်ာ့ခ်ျခင္းတို႔ေၾကာင့္တိုင္းျပည္၏အထည္ခ်ဳပ္လုပ္ငန္းအတြက္စိန္ေခၚမႈျဖစ္လိမ့္မည္။

လာမည့္ လပိုင္းသည္ အထည္ခ်ဳပ္က႑အတြက္ စိန္ေခၚမႈႀကီးမားမည္။ ႏိုင္ငံတကာ ဝယ္လက္မ်ားက အမွာစာမ်ား ႐ုပ္သိမ္းျခင္း၊ အမွာစာ အသစ္မ်ား မရရွိေတာ့ျခင္း၊ အမွာစာပမာဏ ေလ်ာ့နည္းျခင္းမ်ား မလြဲမေသြ ေတြ႕ႀကဳံရလိမ့္မည္။

အလုပ္သမားမ်ားအတြက္ ဤအခက္အခဲမ်ားႀကဳံေတြ႕ေနရ ခ်ိန္တြင္ အီးယူက ျမန္ကူ အစီအစဥ္ မွတစ္ဆင့္ ေပးအပ္ေသာေထာက္ပံ့မႈမ်ားကို ကြၽန္ေတာ္တို႔ ေက်းဇူးတင္ပါတယ္ ။ အီးယူနဲ႔ ပူးေပါင္းၿပီးျပႆနာေတြကိုေျဖရွင္းႏိုင္မွာပါ” ဟု အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဦး သိန္းေဆြက ေျပာၾကားခဲ့သည္။

“ Myan Ku Emergency Cash Fund သည္ COVID-19 ေၾကာင့္ အသက္ေမြး၀မ္းေက်ာင္းလုပ္ငန္းမ်ား ဆုံးရႈံးခဲ့ရေသာ ျမန္မာႏိုင္ငံရွိ ေထာင္ေပါင္းမ်ားစြာေသာ အလုပ္သမားမ်ားႏွင့္ ၎တို႔၏မိသားစုမ်ားႏွင့္ ဥေရာပသမဂၢတို႔၏ စစ္မွန္ေသာစည္းလုံးညီၫြတ္မႈ ျဖစ္သည္။ ျမန္မာမွ အလုပ္သမားေတြကို ျမန္ျမန္ဆန္ဆန္ျဖင့္အလြယ္တကူ ေငြေရးေၾကးေရး အေထာက္အပံ့ေတြ ေပးလိမ့္မည္” ဟု အီးယူသံအမတ္ Kristian Schmidt က ေျပာၾကားခဲ့သည္။ “ ဒီလိုမ်ိဳး ကမာၻခ်ီအက်ပ္အတည္းကာလမ်ိဳးမွာ ဆင္းရဲတဲ့သူေတြက ဒုကၡေတြ အမ်ားဆုံး ခံစားေနရတာ အၿမဲတမ္းပဲ။ ကမာၻတစ္ဝွမ္းတြင္ ကြၽန္ေတာ္တို႔ အားလုံး ပူးေပါင္းၿပီး အထိခိုက္လြယ္ဆုံးသူမ်ားအတြက္ လုံၿခဳံစိတ္ခ်ရေသာကြန္ယက္မ်ား တိုးတက္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ၾကရမယ္။
ဥေရာပသမဂၢအေနျဖင့္ ဒီလက္ငင္းႏွင့္ တိုက္႐ိုက္ကူညီျခင္းျဖင့္ ေသြးစည္းမႈရွိေၾကာင္းျပသႏိုင္သည့္အတြက္ကႊန္ေတာ္ ဂုဏ္ယူပါတယ္" ဟု ၎က ေျပာၾကားသည္။

ေဖေဖာ္ဝါရီႏွင့္မတ္လမ်ားအတြင္း လုပ္ငန္းမ်ားကို ဆိုင္းငံ့ထားေသာစက္႐ုံေျခာက္ခုမွ အလုပ္သမားမ်ားသည္ပထမအသုတ္ ေငြလႊဲျခင္းတြင္ ပါဝင္သည္။ လာမည့္ရက္သတၱပတ္မ်ားအတြင္း ျမန္ကူသည္ အလုပ္သမား ၉၀,၀၀၀ ခန႔္သို႔ ေရာက္ရွိလိမ့္မည္ဟု ေမွ်ာ္လင့္ရသည္။

eeas.europa.eu

Read 1148 times
Rate this item
(0 votes)