What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်ရုံအလုပ်ရုံ အလုပ်သမားများ လုပ်ခလစာများ မရရှိသောကြောင့် စားဝတ်နေရေးခက်ခဲနေပြီး အဆောင်လခများ မပေးနိုင်သဖြင့် နှင်ချခံရမှုများရှိနေ

ရန်ကုန်တိုင်းဒေသကြီးတွင် CMP လုပ်ငန်းများ ယာယီပိတ်ရန် အမိန့်ညွှန်ကြားချက်အား အောက်တိုဘာ၂၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ခြင်းကြောင့် အလုပ်သမား အများစု အနေဖြင့် လစာ မရရှိသေးဘဲ စားဝတ်နေရေး လည်းအဆင်မပြေဖြစ်နေပြီး အဆောင်ပိုင်ရှင် အိမ်ပိုင်ရှင်များမှလည်း အဆောင်လစာများ မပေးနိုင်၍ နှင်ချမှုများ ရှိလာကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက Myammar Labour News ကိုပြောပါတယ်။

 

"အဓိကကတော့ လုပ်ခလစာဘဲ။ ဒါမရတော့ သူတို့ စားသောက်စရိတ် အဆင်မပြေဘူး။ ပြီးရင် အဆောင်ရှင်တွေ အိမ်ရှင်တွေပေါ့။ တချို့ကလည်း မပေးနိုင်ရင် ထွက်သွားပေးပါ၊ ဆင်းပေးပါလို့ ပြောကြတယ်။ အခု အခြေအနေကို အရေးပေါ်အနေနဲ့ အမြဲတမ်း အတွင်းဝန်ကိုလည်း အကြောင်းကြားထားပါ။ အလုပ်သမားတွေအနေနဲ့ တော်တော်အကျပ်အတည်းဖြစ်နေတယ် လုပ်ခလစာပေးရမဲ့နေ့ကိုပေးဖို့ဘဲ လိုအပ်တယ်။ အလုပ်သမားတွေအဆောင်ပိုင်ရှင်အိမ်အငှား ပိုင်ရှင်တွေကို ပြောချင်တာ ကိုဗစ်ကာလမှာ အဆောင်ခ အခန်းခ မယူတဲ့ အဆောင်ပိုင်ရှင်တွေကိုကျေးဇူးအရမ်းတင်ပါတယ်။အလုပ်သမားတွေကို အဆောင်ခ အခန်းခမပေးနိုင်ရင်ဆင်းသွားလို့ပြောတဲ့ အဆောင်ပိုင်ရှင် အိမ်ပိုင်ရှင်တွေကိုလည်း မေတ္တာရပ်ခံချင်ပါ တယ် အလုပ်သမားတွေအနေနဲ့လုပ်ခလစာရရင်ပေးကြမှာပါ။ ဒါကို စာနာထောက်ထားပြီးသည်းခံစေချင်ပါတယ်"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM လက်ထောက်အထွေထွေအတွင်းရေးမှူးဒေါ်ဖြိုးစန္ဒာစိုးကပြောပါတယ်။

 

ယင်းကဲ့သို့ အဆောင်လခ ၊ အိမ်ငှားခများ မပေးနိုင်၍ အခက်အခဲဖြစ်ပေါ်နေသောအလုပ်သမားများနှင့်ပတ်သက်၍ အလုပ်သမားသမဂ္ဂခေါင်းဆောင်များမှတစ်ဆင့် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှူးများကို တင်ပြသွားရန်လည်း စီစဉ်နေကြောင်း ၎င်းကပြောပါတယ်။

 

"ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့အမိန့်အမှတ် ၁၁၃/၂၀၂၀ ကို မူအားဖြင့်ကြိုဆိုရပါတယ်။ဘာလို့ဆို ရန်ကုန်တိုင်းမှာဒီလိုမျိုးကူးစက်မှုများပြားနေတယ်။ ရန်ကုန်တိုင်းမှာ Postitive သမားတွေကိုတောင် အိမ်မှာဘဲကုဖို့ပုံစံမျိုးဆွေးနွေးလာနေပြီဆိုတော့ ဒီဟာက စိုးရိမ်ရမဲ့အခြေအနေဖြစ်နေလို့အခုလိုတွေပြောနေကြတာဖြစ်ပါတယ်။ ကြီးကြီးမားမားဖြေရှင်းစရာဆိုလို့လုပ်ခလစာပေါ့။ အလုပ်သမားတွေရဲ့၉လပိုင်းလုပ်ခလစာက အခုအချိန်ထိ မရကြသေးဘူး။ကိုးလပိုင်းမှာပေးရမဲ့အိမ်လခတွေကလည်းနောက်ကျနေပြီ။ အလုပ်သမားတွေနဲ့ပတ်သက်တဲ့အမိန့်တွေထုတ်မယ် ကျန်းမာရေးဝန်ကြီးဌာနရယ် အလုပ်သမားဝန်ကြိးဌာနရယ်ပူးပေါင်းထုတ်ရမှာဖြစ်ပါတယ်။ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကိုစောင့်ပြီး အလုပ်သမားတွေလုပ်ခ လစာပေးဖို့ဆိုတာဘယ်လိုမှမဖြစ်သင့်တဲ့ဆင်ခြေပေးတာပါ။အလုပ်သမားတွေအဆင်ပြေစေရေးအတွက် သူတို့အနေနဲ့ လုပ်ခလစာ ကြိုတင်ပြီးထုတ်ပေးလိုက်ရတာ သူတို့အတွက် အပန်းမကြီးပါဘူး။ တစ်နည်းအားဖြင့်အလုပ်သမားဝန်ကြိးဌာနနဲ့အလုပ်သမားတွေရန်တိုက်ပေးလိုက်တာပါ"ဟု မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS)အထွေထွေအတွင်းရေးမှူးချုပ်ဦးသက်နှင်းအောင်က Myanmar Labour News ကိုပြောပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 ရောဂါ အတည်ပြုလူနာများ ပိုမိုတွေ့ရှိရခြင်း၊ ရောဂါကူးစက်ခံထားရသူဖြစ်သော်လည်း မည်သည့် ရောဂါ လက္ခဏာ မျှ မပြသေးသဖြင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှား လုပ်ကိုင်နေသူများ ကြောင့်ရောဂါဖြစ် ပွားပျံ့နှံ့မှုနှုန်း မြင့်မားသွားနိုင်သဖြင့် အဆိုပါ CMP လုပ်ငန်းစက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်မည့်သူများအား အောက်တိုဘာ ၈ ရက်မှ ၂၁ ရက်နေ့ထိ လုပ်ငန်းခွင်သွားရောက်ခွင့် မပြုရန် ထပ်မံ တိုးမြှင့်လိုက်တာဖြစ်ပါတယ်။

 

#MyanmarLabourNews

Read 934 times
Rate this item
(0 votes)