What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အီးယူရန်ပုံငွေ အဖွဲ့က မြန်မာအလုပ်သမား ၄၅၀၀၀ကျော်ကို လစာပေးမည်

အီးယူရန်ပုံငွေ အဖွဲ့က မြန်မာအလုပ်သမား ၄၅၀၀၀ကျော်ကို လစာပေးမည် Fibre2Fashion

COVID-19 ကူးစက်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်နေသော မြန်မာ့အထည်ချုပ်လုပ်သားတွေကို ဥရောပသမဂ္ဂ (EU) အရေးပေါ်ရံပုံငွေ 'Myan Ku' မှတစ်ဆင့် ယူရို ၅ သန်း (၇.၉ ဘီလီယံ MMK)တန်ဖိုးရှိတဲ့ ငွေကြေးအကူအညီတွေနဲ့ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

 

၎င်းရံပုံငွေမှတဆင့် မေလ ၁ ရက်မှသြဂုတ်လ ၃ ရက်အတွင်း အရေးပေါ် ငွေကြေးအကူအညီအနေနဲ့ ယူရို ၂.၅ သန်းတန်ဖိုးရှိ ရံပုံငွေတွေကို မြန်မာအလုပ်သမား ၄၅၀၆၁ဦးသို့ ထောက်ပံ့ပေးခဲ့ပါတယ်။

 

အီးယူမြန်မာ့ရန်ပုံငွေအဖွဲ့ ငွေလွှဲအစီအစဉ်ကို နိုဝင်ဘာ ၃၀ ရက်နေ့အထိ သက်တမ်းတိုးခဲ့ပြီး အလုပ်အကိုင်ပျောက်ဆုံးနေသော အထည်ချုပ်လုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းနှင့် ဖိနပ်လုပ်ငန်းနယ်ပယ်ရှိ အလုပ်သမားတွေကို ငွေလွှဲခြင်းများ ဆက်လက် ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Aung_Nann_Thit_549.png

အလုပ်လက်မဲ့ကိုယ်ဝန်ဆောင်များ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်လက်မဲ့ အလုပ်သမားတွေက အလုပ်လက်မဲ့ကာလကိုအသုံးပြုပြီး ပညာရေးနှင့် ကျွမ်းကျင်မှု သင်တန်းအစီအစဉ်တွေမှာ တက်ရောက်နိုင်ကြောင်း အီးယူ၏ Smart Textile & Garments စီမံကိန်းရဲ့ ၀ဘ်ဆိုဒ်မှာ ဖော်ပြထားပါသည်။

 

ဒါ့အပြင် အလုပ်လက်မဲ့ ကိုယ်ဝန်ဆောင်အလုပ်သမားတွေရဲ့ ကိုယ်ဝန်အရ အာဟာရလိုအပ်ချက်များကို ဖြည့်ဆည်းထောက်ပံ့ပေးမှာ ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်ခွင်တွင် ခွဲခြားဆက်ဆံမှု ခံနေရသော အလုပ်သမားများကို အလုပ်ခွင်သို့ ပြန်လာရေးအတွက် အထောက်အကူပြုသော အခြေခံလိုအပ်ချက် အထောက်အပံ့များရရှိစေရန် အထူးကူညီပေးကြမှာ ဖြစ်ပါတယ်။

 

Myan Kuရဲ့ အဓိကရည်ရွယ်ချက်မှာ ကျေးလက်အမျိုးသမီးတွေရဲ့ အလုပ်အကိုင်များကို အကာအကွယ်ပေးဖို့နှင့် လက်ရှိအကျပ်အတည်းကို ခံနိုင်ရည်ရှိပြီး အသက်မွေး၀မ်းကျောင်းမှာ အဆင်ပြေချောမွေ့ နေဖို့ဖြစ်ပါတယ်။ အထည်ချုပ်၊ အထည်အလိပ်နှင့် ဖိနပ်စက်ရုံများမှ စုစုပေါင်း စက်ရုံပေါင်း ၂၃၀ ခန့်ရဲ့ စက်ရုံလုပ်သား ၂၆,၅၇၈ ဦးကို အစီအစဉ်စတင်ကတည်းက လိုအပ်ချက်များကို ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

 

ငွေလွှဲထောက်ပံ့မှုသည် တစ်လလျှင် ကျပ် ၃၅၀၀၀ မှ ၁၂၅၀၀၀ အထိပမာဏရှိပြီး စက်ရုံများတွင် အချိန်ပိုင်းအလုပ်သာလုပ်ပြီး လုပ်အားခ ကျပ် ၁၀၀,၀၀၀ အောက်သာရရှိသော အလုပ်သမားတွေက Myan Kuထံမှ ၅၀ ရာခိုင်နှုန်းသော အကူအညီ အထောက်အပံ့များကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

 

COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် လူမှုရေး စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများကို ကုလသမဂ္ဂက တုန့်ပြန်သည့် အနေဖြင့် အကျပ်အတည်းကြောင့် အလုပ်အကိုင် ဆုံးရှုံးခဲ့ရသော မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်သား အများစုအပေါ် EUက၎င်းအစီအစဉ်ကို ယခုနှစ်ဧပြီလမှ စတင်ခဲ့တာဖြစ်သည်။

Shwe_Yaung_Win_944.png

ငွေကြေးထောက်ပံ့ရေး အစီအစဉ်က အထည်ချုပ်လုပ်သား ၅၀၀၀၀နီးပါးကို ကူညီပေးသွားဖို့ မျှော်လင့်ထားပြီး COVID-19ကြောင့် အထည်ချုပ် ကဏ္ဍအပေါ်သက်ရောက်မှုနဲ့ ပတ်သက်တဲ့ အချက်အလကတွေကို သုတေသနပြုခြင်း၊ အလုပ်သမားများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူဦးရေ၀န်ကြီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းများ၊ အနာဂတ်မှာ အလုပ်လက်မဲ့ အာမခံအစီအစဉ်များ ပါဝင်မှာဖြစ်ပါတယ်။

 

အဆိုပါအစီအစဉ်ကို EUရဲ့ NEXUSက မြန်မာနိုင်ငံအတွက် ငွေကြေးထောက်ပံ့ပြီး ကုလသမဂ္ဂစီမံကိန်း ၀န်ဆောင်မှုရုံး (UNOPS) နှင့် sequaရဲ့ SMART Textile & Garments စီမံကိန်း ၀န်ထမ်းများမှ အကောင်အထည်ဖော် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

 

၎င်းစီမံကိန်းကို ထောက်ပံ့တဲ့ ဒေသဆိုင်ရာ သက်ဆိုင်သူများနှင့် အဖွဲ့အစည်းတွေကတော့ ကုန်သွယ်ရေးသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာအထည်ချုပ်ထုတ်လုပ်သူများအသင်း၊ စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်မှုစင်တာ၊ ပြည်ကြီးခင်၊ Opportunities NOW နှင့် သုံးပန်လှ တို့ပဲ ဖြစ်ပါတယ်။

 

လုပ်သားတွေအတွက် လွယ်ကူစေရန် ဒီဂျစ်တယ်နည်းဖြင့် Wave Moneyကိုသုံးပြီး လုပ်သားများကို ငွေလွှဲပြောင်းပေးခြင်းများ ဆောင်ရွက်ပေးနေပါတယ်။ Waveကုမ္ပဏီရဲ့ လူမှုရေးတာ၀န် တစ်စိတ်တစ်ပိုင်းအနေဖြင့် Waveက ပုံမှန်ငွေလွှဲခ ကုန်ကျစရိတ် ကောက်ယူခြင်းမရှိဘဲ လိုအပ်နေသော အထည်ချုပ်လုပ်သားတွေကို ထောက်ပံ့ရန်အတွက် Myan Kuရဲ့ စီမံကိန်းကို ဝိုင်းဝန်းအကောင်ထည်ဖော် ဆောင်ရွက်ပေးနေပါသည်။

 

Written By Omega 

Fibre2Fashion

Read 948 times
Rate this item
(0 votes)
Tagged under