What's new

×

Warning

JUser: :_load: Unable to load user with ID: 845


MP Garment အထည်ချုပ်စက်ရုံဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း Silent Campaign ပြုလုပ်နေစဉ်စက်ရုံယာယီပိတ်

ရန်ကုန်တိုင်းဒေကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်၂ မှာ ရှိတဲ့ MP Garment အထည်ချုပ်စက်ရုံဝန်ထမ်း ၈၈ ဦးသည် လုပ်ခလစာရရှိရန်ကျန်ငွေများ၊ အလုပ်သမားရပိုင်ခွင့်များနှင့်ပတ်သက်၍ စက်ရုံအတွင်း Silent Campaign ပြုလုပ်နေခြင်းနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုအင်အားမရှိသဖြင့်ဟု ဆိုကာ စက်ရုံယာယီပိတ်ကြောင်းကို ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် လုပ်ငန်းရှင်မှ ကြေညာခဲ့ပါတယ်။

 

"ဒီဇင်ဘာ ၁၈ရက် မနေ့က အလုပ်သမားတွေ ပြန်သွားပြီးနောက်မှ အလုပ်သမားတွေက ကိုဗစ်ကာလမှာ Silent Campaign လုပ်တဲ့အတွက်ကြောင့် ယာယီပိတ်ပါတယ်ဆိုပြီး GM ကစာထုတ်သွားပါတယ်။ အလုပ်သမားတွေအနေနဲ့ စားဝတ်နေရေးအဆောင်ခတွေ ဖြေရှင်းဖို့ အတွက် ဘယ်လိုလုပ်ရမလဲ အခြေအနေသိအောင် ဒီနေ့စက်ရုံရှေ့မှာ လာစုကြတာပေါ့။ ၁၀လပိုင်းနဲ့၁၁လပိုင်း လစာတွေကိုလည်းအပြည့်အဝမရသေးအဲ့ဒါတွေအတွက်လည်းရင်ဆိုင်နေရတာ။ ညီမတို့ကို ၁၀လပိုင်းနဲ့၁၁လပိုင်းအလုပ်ပိတ်မယ်။လစာကို EUဘက်ကတစ်ဝက်ပေးမယ်။အလုပ်ရှင်ကတစ်ဝက်ပေးမယ်ပြောပြီး စာချုပ်ချုပ်ခဲ့တယ်။ ၁၀လပိုင်းမှာကိုလည်း လစာကို သုံးခါခွဲပေးတယ်။ ၁၁လပိုင်းလစာကို အလုပ်ဆင်းတဲ့ရက်ကိုဘဲ ပေးမယ်၊ ကျန်တဲ့ရက်မပေးဘူးတိုင်ချင်တဲ့နေရာတိုင်ဆိုပြီး ပြောတယ်။ အဲ့ဒီလို အငြင်းပွားမှုတွေဖြစ်ပြီး အလရကိုတိုင်တယ်။ အလရက အမိန့်စာသုံးကြိမ် ထုတ်ပြိး နှစ်ကြေး၊ဆုကြေးတွေ ထုတ်ပေးဖို့ပြောတယ်။ အဲ့ဒီလိုနဲ့ ညှိနှိုင်းမှုတွေ လုပ်တယ်။ သေချာတဲ့ အဖြေမပေးတော့ ညီမတို့က ၁၅ရက်နေ့ကစပြီး Silent campaign လုပ်ခဲ့တယ်။ အဲ့ဒါကို မဖြေရှင်းပေးဘဲ ညီမတို့ကို အလုပ်ထုတ်ပြီး စက်ရုံယာယီပိတ်လိုက်တယ်" လို့ MP Garment အလုပ်သမား သမဂ္ဂဥက္ကဌဒေါ်အေးပြည့်က ပြောပါတယ်။

 

MP Garment စက်ရုံအလုပ်သမားများသည် အလုပ်သမားအခွင့်အရေးဆုံးရှုံးနေရခြင်း၊ လစာဖြတ်တောက်ခံရခြင်းများနှင့်ပတ်သက်၍ လည်း အငြင်းပွားမှုများဖြစ်ပွားခဲ့ကာ အလရ တွင်ညှိနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

 

"သူတို့က အခုလာမဲ့ ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားပြီး ညှိနှိုင်းမယ်ပြောတယ်။ ညီမတို့ကတော့ အင်္ဂါနေ့နောက်ဆုံးထား ညှိနှိုင်းချင်တယ်။ အခက်အခဲကပေါင်းစုံဘဲ။ အကြွေးယူထားတာ ရှိတယ်၊ အဆောင်လခက ငါးသောင်းပေးရတယ်။ စားစရိတ်နဲ့ဆို သူတို့ပေးထားတဲ့ သုံးပုံတစ် ပုံက ခုနှစ်သောင်းဘဲ ရှိတယ်။ ကျန်တဲ့တစ်ဝက်က EU ကထပ်စိုက်ပေးတယ်။ အဲ့ဒီလိုအခြေအနေအခက်အခဲရှိချိန်မှာ စက်ရုံက ပိတ် လိုက်တော့ အခက်အခဲတွေ ပိုများလာတာပေါ့"လို့ MP Garment မှ စက်လိုင်းခေါင်းဆောင် ကေသီခိုင်က ပြောပါတယ်။

 

လက်ရှိမှာတော့ ဝန်ထမ်းတွေကို အလုပ်ထုတ်ပြီး စက်ရုံယာယီပိတ်ခြင်းနှင့်ပတ်သက်၍နစ်နာကြေးပေးရန်စက်ရုံဘက်မှ ဒီဇင်ဘာ၂၃ ရက်တွင်ညှိနှိုင်းမည်ဖြစ်ပြီး အလုပ်သမားရပိုင်ခွင့်များ အပြည့်အဝမရရှိပါက အစိုးရဌာနဆိုင်ရာများသို့တိုင်ကြားသွားမယ်လို့သိရပါတယ်။

Image may contain: 1 person

 

#MyanmarLabourNews

Read 774 times
Rate this item
(0 votes)

Related items