What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Workshop on Environmental Sustainability, Standards and the T4SD Hub approach

ကုန်သည်စက်မှုအသင်းချုပ်ရှိ ကုန်သွယ်မှုမြှင့်တင်ရေးကော်မတီနှင့် International Trade Centre ITC တို့ပူးပေါင်း၍ Workshop on Environmental Sustainability, Standards and Trade for Sustainability Development (T4SD) Hub approachကို

ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများတွင် တွေ့ကြုံရင်ဆိုင်နေရသော စိန်ခေါ်မှုများအပေါ် အခွင့်အလမ်းများဖြင့် ရေရှည် တည်တံ့ခိုင်မြဲစေနိုင်မည့် ပို့ကုန်မြှင့်တင်ရေးမဟာဗျုဟာများ ၊ ဈေးကွက် အလားအလာ နှင့် ဝယ်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ၊ စံချိန်စံညွှန်းများနှင့် ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာလ (၂၄)ရက်နေ့တွင် Video Conferencing ဖြင့် ကျင်းပခဲ့ရာ အသင်းချုပ်တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းစည်သူ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

 

တစ်ကမ္ဘာလုံးဆိုင်ရာနှင့် အီးယူနိုင်ငံများသည် လူမှုဘဝမှာ သဟဇာတဖြစ်သည့် သဘာဝထုတ်ကုန်စည် ဖြစ်ထွန်းမှုကို အားပေးနေပါသည်။ အီးယူနိုင်ငံများတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သည့် ပစ္စည်းများကိုသာ လက်ခံလာပြီဖြစ်တာကြောင့်မို့ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းများ သည်လည်း ထိုကဲ့သို့ စံနှုန်းများနှင့်ကိုက်ညီသော ပို့ကုန်အမျိုးအစားများကို စုံလင်စွာဖြင့် ဈေးကွက်အသစ်တွေထဲသို့ တိုးချဲ့ရန် အရေးကြီးကြောင်းနှင့် စိန်ခေါ်မှုများစွာရှိသော်လည်း အခြားနိုင်ငံများတွင်လည်း ITC အနေဖြင့် ရေရှည်ဖွံဖြိုးတိုးတက်မှုအပိုင်းအတွင် မည်ကဲ့သို့ ပါဝင်ကူညီဖြေရှင်းပေးသနည်းနှင့် SME and MSME တို့အတွက် ရေရှည်တိုးတက်သော လုပ်ငန်းများဖြစ်ပေါ်စေရန် စံနှုန်းသတ်မှတ်မှုများစွာကို ကုန်သွယ်မှု မဟာဗျူဟာနှင့် ယှဉ်ပြိုင်နိုင်စွမ်းဆိုင်ရာ အကြံပေး Mr. Charles Roberge (ITC)မှ ဥပမာ များစွာပေးကာ ဆွေးနွေးတင်ပြသွားပါသည်။

 

ထို့နောက် Mr.Joseph Wozniak, Head of the Trade for Sustainable Development Programme (T4SD) မှဆက်လက်၍ လူမှုပတ်ဝန်းကျင်ရဲ့ Voluntary Standard နှင့် ကိုက်ညီသော စံနှုန်း သတ်မှတ်ချက်များကို သတ်မှတ်ရန် လိုအပ်သော နည်းလမ်း Methodologyများကို ဆက်လက်တင်ပြခဲ့ပါသည်။ ယခု အချက်အလက်များကနေတစ်ဆင့် ကုန်ပစ္စည်းတစ်ခုအနေဖြင့် စံသတ်မှတ်နှုန်းကို သတ်မှတ်ရန်နည်းလမ်းများကို Value Process များအတွက်သော်လည်းကောင်း၊ Value Added အနေဖြင့်သော်လည်းကောင်း လုပ်ဆောင်ပေးနိုင်မည့် One Stop Standard Map Tool ဖြစ်ကြောင်းနှင့် ထို Standard Map Tool အကြောင်းကို အပြည့်အစုံ ဆက်လက်တင်ပြသွားပါသည်။

 

ITCအနေဖြင့်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ ၅၀ ရာခိုင်နှုန်းသော အထည်ချုပ် လုပ်ငန်းများအတွက် ပစ္စည်း ရေရှည်တည်တံ့ခိုင်ခံမှု၊ စံသတ်မှတ်ချက်များဖြင့် ကိုက်ညီအောင် သတ်မှတ်မှု၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာ သဟဇာတမျှမှုရှိခြင်းများကို လိုအပ်သည့်အပိုင်းကနေ တာဝန်ယူ လုပ်ကိုင်နေသည်ဖြစ်တာကြောင့် မြန်မာနိုင်ငံ အနေ၏ အကြီးဆုံး ဈေးကွက်ဖြစ်သည့် အထည်ချုပ်လုပ်ငန်းများအတွက် ကြီးမားသော အထောက်အကူဖြစ်ရန် မျှော်လင့်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

 

ထို့တွင်မက သစ်လုပ်ငန်းများ၊ ငါးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ အပါအဝင် အခြားသော လုပ်ငန်းများ အတွက်လည်း အမျိုးသားဥပဒေနှင့် ကိုက်ညီသော စံသတ်မှတ်ချက်များသတ်မှတ်ကာ နိုင်ငံတကာအဆင့်မှီ ပစ္စည်းများထုတ်လုပ်၍ အခြားသောဈေးကွက်အတွင်းသို့ ချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း တင်ပြခဲ့ပါသည်။

 

ထို့နောက် International Trade Center မှာ Adviser အဖြစ်လုပ်ကိုင်နေသူဖြစ်သည့် Miss.Regina က SME လုပ်ငန်းတွေဟာ Voluntary Standard ပြည့်မှီရန် မည်ကဲ့သို့သော အဆင့်အဆင့်သော လုပ်ငန်း လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် လိုအပ်သည်ကြောင်းကို ရှင်းလင်းတင်ပြသွားခဲ့ပါသည်။ စံနှုန်း ကိုက်ညီစေရန် လူစွမ်းအားအရင်းအမြစ်ပိုငးဆိုင်ရာ လေ့ကျင့်သင်ကြားခြင်းများ၊ အုပ်စုလိုက် စီမံခန့်ခွဲမှုများကို လည်း လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း အလုံးစုံ ရှင်းပြပြောကြားခဲ့ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)

Read 1210 times
Rate this item
(0 votes)