What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တစ်နိုင်ငံလုံးရှိ အမြဲတမ်းဝန်ထမ်းတစ်သန်းကျော်အတွက် အတိုးမဲ့ချေး‎ငွေ ကျပ်၅၅၄ ဘီလျံကျော်ထုတ်ချေးပေးသွားမည်

တစ်နိုင်ငံလုံးရှိ အမြဲတမ်းဝန်ထမ်း တစ်သန်းကျော်အတွက် အတိုးမဲ့ချေးငွေ ကျပ် ၅၅၄ ဘီလျံကျော် ထုတ်ချေးပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

 

တစ်နိုင်ငံလုံးရှိ အမြဲတမ်းဝန်ထမ်း စုစုပေါင်း ၁၀၇၇၄၉၃ ဦးအတွက် ၅၅၄ ဒဿမ ၉၇၃ ဘီလျံကို ဆိုင်းငံ့ ခြောက်လ၊ ပြန်ဆပ်ကာလ တစ်နှစ်သတ်မှတ်ပြီး အောက်တိုဘာ ၁ ရက်နေ့ ထုတ်ချေးမှာ ဖြစ်ကြောင်း၎င်းက ပြောကြားသည်။

 

နိုင်ငံတော်သမ္မတအိမ်တော် သတင်းထောက် Group တွင် အိမ်တော်သတင်းထောက်တစ်ဦးက မေးမြန်းထားသည့် နိုင်ငံ့ဝန်ထမ်းများအတွက် လစာနှစ်လစာ အတိုးမဲ့ထုတ်ချေးမည့် အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဦးဇော်ဌေးက ယင်းသို့ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

သြဂုတ် ၃၁ ရက် ရက်စွဲဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဖြန့်ဝေထားသည့် အကြောင်းကြားစာတွင် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်း (အမြဲတမ်းများ) ကို လစာ နှစ်လစာ ကြိုတင်ထုတ်ပေး၍ အတိုးမဲ့ ထုတ်ချေးနိုင်ရန်အတွက် လက်ရှိဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ပေးပို့ထားသည် အကြောင်းကြားစာတွင် “Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များကို လစာနှစ်လစာ ကြိုတင်ထုတ်ပေး၍ အတိုးမဲ့ချေးငွေဖြင့် ဆိုင်းငံ့ကာလ ခြောက်လ၊ ပြန်ဆပ်ကာလ တစ်နှစ် သတ်မှတ်၍ ထုတ်ချေးခြင်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များ၏ ရာထူးအလိုက် ဦးရေနှင့် အမှန်စာရင်းကို ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများသည် ရသုံးခန့်မှန်းခြေငွေစာရင်းဦးစီးဌာန (ရုံးချုပ်)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနအသီးသီးသို့ စက်တင်ဘာ ၄ ရက်နေ့တွင် နောက်ဆုံးထား၍ ပေးပို့ကြရန် ညှိနှိုင်းအကြောင်းကြားအပ်ပါသည်” ဟု ဖော်ပြထားသည်။

Transcom News Journal

Read 719 times
Rate this item
(0 votes)