What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အိမ်တွင်းမှု စက်ချုပ်သင်တန်းများဖွင့်လှစ်

အမျိုးသမီးငယ်များအတွက် ကိုယ်ပိုင်အတတ်ပညာဖြင့် လူမှုဘ၀တိုးတက်ရေးအတွက်

ရေတာရှည်မြို့နယ်၊ ကျေးလက်ဦးစီးဌာနနှင့် သမ၀ါယမဦးစီးဌာနတို့ ပူးပေါင်းပြီး အိမ်တွင်း စက်မှုလက်မှု စက်ချုပ်သင်တန်းကို ဒီဇင်ဘာလ ဒုတိယပတ်တွင် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ကျေးလက်ဒေသရှိ အမျိုးသမီးငယ်များအား အိုးမကွာ၊ အိမ်မကွာ ကိုယ်ပိုင် အတတ်ပညာဖြင့် လူမှုဘ၀စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ကြမည့်အပြင် ဘ၀အတွက် ခိုင်မာစွာ ရပ်တည်နိုင်မည် ဖြစ်ပြီး သင်တန်းတွင် ကြိုးပမ်းသင်ယူကြရန် လိုအပ်ကြောင်း ခရိုင်ဦးစီးမှူးမှ ပြောကြားပြီး သင်ထောက်ကူ ပစ္စည်းများ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

သင်တန်းကာလမှာ တစ်လဖြစ်ပြီး သင်တန်းကို ကြံသနွယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသူ ၂၀ တက်ရောက်ခဲ့ပြီး သိရပါတယ်။

Source: Myanma Alin

Read 1386 times
Rate this item
(0 votes)