What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်တွေလာတော့ လူတွေ လျော့

အော်တိုမေးရှင်း အလိုအလျောက် လုပ်ကိုင်ခြင်းတွေကို စက်တွေက လုပ်ပေးလို့ ရလာတဲ့အခါ လူအားအစား စက်အားကို သုံးတော့ အလုပ်သမားဦးရေ လျော့ကျသွားတယ်။

အလုပ်ပြုတ်ကုန်ကြတယ်။
ဒီဇိုင်းထုတ်ချိန်မှ ချုပ်လုပ်ပြီးစီး လက်လီဆိုင်ပေါ်ရောက်သည်အထိ သီတင်းပတ် ၃ပတ် မကြာအောင် လုပ်ကိုင်ကြတဲ့ အသွက်ဖက်ရှင် “fast fashion” ထုတ်ကုန်တွေကို အော်တိုမေးရှင်းနဲ့ နည်းပညာသစ်တွေ သုံးကြတာကြောင့် ပိုမိုမြန်ဆန်တဲ့အပြင် ထုတ်လုပ်မှု ကုန်ကျစရိတ် ကျဆင်းသွားတယ်။ ဒီတော့ ဂျင်းထည်တွေနဲ့တကွ အခြားအထည်တွေကို ဈေးနှုန်းလျှော့ချပြီး ရောင်းလို့ ရသွားတယ်။ ၀ယ်ယူဝတ်ဆင်သူတွေ ဈေးသက်သာကြတယ်။

ဖိနပ်ချုပ်တာပါ အပါအ၀င်ဖြစ်တဲ အထည်ချုပ်လောကအတွက် အော်တိုမေးရှင်းတွေ ထုတ်လုပ်တာမှာ ရှေ့မှ ဦးဆောင်နေတာ Softwear Automation ဖြစ်ပြီး အဲဒီလုပ်ငန်းမှ ထုတ်လုပ်တဲ့ sewbot အလိုအလျောက်ချုပ်စက်နဲ့ တီရှပ် ချုပ်တဲ့အကြောင်းကို တီရှပ်တစ်ထည် ၂၂ စက္ကန့် ခေါင်းစဉ်ဖြင့် ဖော်ပြဖူးပါတယ်။
အဲဒီ sewbot တွေနဲ့ တရုတ် အ၀တ်အစားထုတ်လုပ်ရေးလုပ်ငန်း Tinyuan Garments Co. က အားကစားအထည်တွေ လုပ်ကိုင်တဲ့ Adidas AGအတွက် တီရှပ်တွေ ထုတ်လုပ်ဖို့ စက်ရုံတည်နေပြီး ထုတ်လုပ်မှုတွေ စတင်တော့မယ့်အကြောင် ရေးသားဖော်ပြထားပါတယ်။

အပြည့်အစုံဖတ်ရှုလိုပါလျှင် အောက်ပါလင့်ခ်ကို နှိပ်ပါလေ


တီရှပ်တစ်ထည် ၂၂ စက္ကန့်
http://www.textiledirectory.com.mm/articles/item/290-တီရှပ်တစ်ထည်-၂၂-စက္ကန့်.html


Adidas AG ကလည်း ၎င်းအခြေစိုက်ရာနိုင်ငံဖြစ်တဲ့ ဂျာမနီမှာ “Speedfactory” အမည်ဖြင့် ၎င်းရဲ့ ရှူးဖိနပ်တွေ ထုတ်လုပ်ဖို့ စက်ရုံကို စမ်းသပ်လုပ်ကိုင်ခဲ့တာ အောင်မြင်လို့ နောက်တပ်စက်ရုံကို အမေရိကန်မှာ ထူထောင်လုပ်ကိုင်သွားဖို့ စီစဉ်နေပါတယ်။ စက်ရုံနှစ်ခုမှ တစ်နှစ်လျှင် ရှူးဖိနပ် အရံ စုစုပေါင်း ငါးသိန်း ထုတ်လုပ်မယ်။ တစ်နည်းပြောရရင် မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လာချုပ်မယ့် ရှုးဖိနပ် အရံ ငါးသိန်း လျော့နည်းသွားတာ ဖြစ်ပါတယ်။


WSJ မှာ ဘင်္ဂလားဒေ့ရှ်မှာ ကွင်းဆင်းလေ့လာထားပြီး တင်ပြထားတဲ့ ဆောင်းပါးမှာ အော်တိုမေးရှင်းဟာ အလုပ်ရှင်အလုပ်သမား ပဋိပက္ခမှာ အဆုံးအဖြတ်ပေးနေတာတွေကို ဖော်ပြပေးတာ ဖတ်ရှုရပါတယ်။

သမဂ္ဂခေါင်းဆောင် အမျိုးသမီး နက်ဇ်မ အက်တာက ပြောပြတယ်။ အလုပ်သမားတွေက ဆန္ဒပြတော့ စီမံခန့်ခွဲမှု အစီအစဉ်တွေကို မကန့်ကွက်ဘဲ လက်ခံ သဘောတူကြဖို့ အလုပ်ရှင်တွေက တိုက်တွန်းတယ်။ အဲဒီလို မလိုက်နာရင် အော်တိုမေးရှင်း စက်တွေ ၀ယ်ထည့်ပြီး လုပ်ကိုင်ရလိမ့်မယ်လို့ ရှင်းပြကြတယ်။
စက်ရုံထဲကို အော်တိုမေးရှင်း ၀င်လာတဲ့အခါ ‘‘အရင်က အလုပ်သမား ၃၀၀ ရှိတဲ့ စက်ရုံက အခု အလုပ်သမား ၁၀၀ တောင် မပြည့်တော့ဘူး’’ လို့ နက်ဇ်မ အက်တာက ပြောပြတယ်။

အကြီးအကျယ် လုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်ငန်းတွေအဖို့တော့ ရွေးစရာလမ်း သိပ်မရှိဘူး။ အော်တိုမေးရှင်းခေတ်ကို အမီလိုက်ကြရဖို့ပဲ ရှိတယ်။ အလုပ်သမား လုပ်အားခ မြင့်တက်တာကြောင့် ထုတ်လုပ်စရိတ်မြင့်တက်တာအပြင် ဆန္ဒပြတာ၊ အလုပ်ရှင်အလုပ်သမား ပဋိပက္ခတွေကြောင့် ကုန်ထုတ်လုပ်မှု နစ်နာတာ၊ အမှာစာတွေကို ကတိပျက်ရတာတွေဟာ လုပ်ငန်းရှင်တွေအတွက် ပြင်းထန်တဲ့ဖိအား ဖြစ်နေတယ်။ ပြီးတော့ အမှာစာ ပေးတဲ့ ၀ယ်လက်တွေကလည်း အော်တိုမေးရှင်း သုံးတဲ့သူတွေကို ဦးစားပေး ရွေးချယ်လာကြတယ်။

ဂျင်းထည်တွေ အဓိကထားပြီး လုပ်ကိုင်တဲ့ Denim Expert Ltd. ရဲ့ အမှုဆောင် အရာရှိချုပ်က ‘‘ကျွန်တော်တို့ မပြောင်းလဲရင် ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်း တစ်ခုလုံး ပြုတ်သွားလိမ့်မယ်’’ လို့ ပြောပြတယ်။


အလားအလာက အော်တိုမေးရှင်းကို ဦးလှည့်ထားလို့ တစ်စထက်တစ်စ အော်တိုမေးရှင်းသို့ ကူးပြောင်းတဲ့ကာလကို ဖြတ်သန်းနေပြီ ဖြစ်ပါတယ်။

သူ့စက်ရုံမှာ ထုတ်လုပ်ပေးနေတာ Zara အပါအ၀င် အသွက်ဖက်ရှင် လုပ်ငန်းတွေအတွက် ဂျင်းထည်တွေဖြစ်ပြီး ဂျင်းထည်ကို အဟောင်းအသွင်ပေါက်အောင် အရောင်ချပေးတာ၊ အပေါက်တွေဖောက်တာတို့ကို လုပ်ပေးရတဲ့ အချောသတ်အလုပ်ကို လုပ်ကိုင်ဖို့ လေဆာသုံးတဲ့ စက်ကို ၀ယ်ယူသုံးစွဲခဲ့တယ်။ အဲဒီအတွက် စပိန်မှ လေဆာအချောကိုင်စက်ကို ၀ယ်ယူတာ ယူရို တစ်သိန်းခွဲ ပေးရတယ်။ အမှာစာမှာပါတဲ့ ညွှန်ကြားချက်အတိုင်း အတိအကျ အရောင်ချပေးလို့ရတယ်။ အပေါက်တွေ ဖောက်ပေးလို့ရတယ်။ ပြီးတော့ လူအင်အား သုံးစွဲမှု အတော်လျော့ကျသွားတယ်။ ပြီးတော့ လူတွေနဲ့ လုပ်ကိုင်တာထက် ပိုမြန်ဆန်တယ်။ ပိုသေသပ်တယ်။

စက်ကို သုံးစွဲသည်က လူကို သုံးစွဲသည်ထက် သာပုံကို
ဖတ်ရှုရန် အောက်ပါလင့်ခ်ကို နှိပ်ပါ။

အော်တိုမေးရှင်း ရောက်လာသောအခါ . . .
http://www.textiledirectory.com.mm/articles/item/780-automation.html

Read 968 times
Rate this item
(0 votes)