What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အလုပ်အကိုင် လုပ်ခ ကျွမ်းကျင်လုပ်သား ပြည်ပရင်းနှီးမြှုပ်နှံမှု


၂ဝ၁၆ မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ ကျယ်ကျယ်ပြန့်ပြန့် ဝင်လာဖို့ အတွက် အစိုးရသစ်က ဖြေလျှော့မှု တစ်ခု လုပ်လိုက်တယ်။

ဒါက နိုင်ငံ ခြားသားရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဒီနှစ်ခုကိုပေါင်းလိုက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေဆိုပြီး ပြဋ္ဌာန်းလိုက်တယ်။

အဲဒီမှာကျွမ်းကျင် မှုဆိုတဲ့အပိုင်းမှာ ကျွန်တော်တို့နိုင်ငံ သားတွေအလုပ်အကိုင်ရရှိရေးအတွက် မရေမရာတွေဖြစ်လာတယ်။

 

ကျွမ်း ကျင်မှုမလိုအပ်တဲ့လုပ်ငန်းတွေမှာတော့ နိုင်ငံသားတွေကိုပဲ ခိုင်းရမယ်ဆိုတာ ပါတယ်။ဒါပေမဲ့ကျောက်ဆည်ဘိလပ် မြေစက်ရုံ၊ တကောင်းနီကယ်စက်ရုံ တွေမှာဆိုရင် ကျွမ်းကျင်လုပ်သားတွေ မဟုတ်ဘူး။

လုပ်သား ၁ဝဝဝရှိရင် တရုတ်က ၄ဝဝ၊ ကျွန်တော်တို့ က ၆ဝဝ၊ လုပ်ခကျတော့ သူက ကျွန် တော်တို့ထက် သုံးဆလောက်မြင့်နေ တယ်။

အဲဒီတော့ဥပဒေပြင်ဆင်လိုက် တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမှုတစ်ခု တည်းကိုပဲကြည့်ပြီး ကိုယ်နဲ့အိမ်နီး ချင်း တိုင်းပြည်တွေရဲ့အနေအထား၊ ကိုယ့်တိုင်းပြည်က လုပ်သားတွေရဲ့ အခွင့်အရေးကို အလေးအနက်မထား ရင် ကြီးမားတဲ့ပြဿနာတစ်ခုဖြစ် လာမယ်။

 

 

 

ဒေါ်တင်တင်ဌေး
၂ဝ၁၅ မှာ ILO ရဲ့ အကူအညီနဲ့ ကျွန်မတို့ လုပ်သားအင်အားစစ်တမ်း ကို ကောက်ယူခဲ့ပါတယ်။ အဲဒီမှာ ILO က သတ်မှတ်တဲ့နှုန်းပေါ့နော်။ ဒါက ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် တစ် ပတ်မှာ တစ်ရက် အလုပ်လုပ်မယ် ဆိုရင် သူ့ကိုအလုပ် လက်ရှိလို့သတ် မှတ်ပါတယ်။ အဲဒီနည်းအရ ကျွန်မ တို့က အလုပ်လက်မဲ့နှုန်းအတွက် စစ်တမ်းကောက်ယူတဲ့အခါမှာအပြည့် အဝလုပ်သားအင်အားကို အသုံးမချ နိုင်တဲ့ သူတွေရဲ့ ရာခိုင်နှုန်းတွေပါ ပေါင်းပြီးတော့ အလုပ်လက်မဲ့နှုန်းကို တွက်ချက်ခဲ့ရတာကြောင့် ခုနစ်ရာခိုင် နှုန်း ကျော်ရှိပါတယ်။
* ဦးရဲနိုင်ဝင်း
ကျွန်တော်တို့ တိုင်းပြည်ရဲ့ အလုပ် လက်မဲ့နှုန်းကို ကျွန်တော်တို့တိုင်းပြည် အစိုးရရဲ့မူဝါဒနဲ့ပဲ ကောက်ခံဖို့သင့်ပါ တယ်။ တစ်ပတ်မှာ တစ်ရက်အလုပ် လုပ်ရရင် အလုပ်လက်မဲ့ မဟုတ်ဘူး ဆိုတော့ အဲဒီတစ်ရက်လုပ်ခဟာ တစ် ပတ်လုံး စားနိုင်သလား။ တကယ့်မြေ ပြင်မှာတော့ အလုပ်လက်မဲ့ နှုန်းက ဘယ်လောက်ခိုင်ခိုင်မာမာ ရှိတယ်ဆို တာကို တွက်ချက်ဖို့ခက်တယ်။ ဒါကို အစိုးရကဦးဆောင်ပြီး လုပ်ရမှာ။ အဲဒီ တော့အလုပ်လက်မဲ့နှုန်းကို ပီပီပြင်ပြင် မှန်မှန်ကန်ကန် မလုပ်နိုင်ဘူးဆိုရင် တိုင်းပြည်မှာ အလုပ်လက်မဲ့ပပျောက် ရေးလုပ်ငန်းကို ဘယ်လိုလက်တွေ့ အကောင်အထည်ဖော်မလဲ။
* ဒေါ်တင်တင်ဌေး
အလုပ်လက်မဲ့နှုန်းက ဘယ်လို ပြောမလဲ။ ရှိသင့်ရှိထိုက်တဲ့နှုန်းလို့ပဲ ကျွန်မတော့ မြင်ပါတယ်။ ဘာလို့လဲ ဆိုရင် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလည်း ဒီ အလုပ်လက်မဲ့ ပြဿနာက ကမ္ဘာနဲ့ အဝန်း ရင်ဆိုင်နေရတဲ့ ပြဿနာပါ။ နိုင်ငံတော်အစိုးရကလည်း အလုပ် အကိုင်အခွင့်အလမ်းတွေရရှိဖို့ စီးပွား ရေးတိုးတက်ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ပြည် တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဖိတ် ခေါ်ပြီးဆောင်ရွက်နေပါတယ်။ ဒီရင်း နှီးမြှုပ်နှံမှုတွေ မတိုးတက်လာလို့ရှိရင် အလုပ်အကိုင် အခွင့်အလမ်းတွေက လည်း ကျွန်မတို့ ဘယ်လိုမှရလာမှာ မဟုတ်ပါဘူး။
* ဦးရဲနိုင်ဝင်း
ရင်းနှီးမြှုပ်နှံမှုတွေမှာ ဝင်လာတယ် ဆိုတာ ဘယ်လိုလုပ်ငန်းတွေမှာ ဝင် လာလဲ ပြန်ကြည့်ရမယ်။ ၂ဝ၁၆ မှာ အစိုးရသစ် တက်လာကတည်းက ပြောတယ်။ အထည်ချုပ်လုပ်ငန်း တိုး တက်ရေးဟာ နိုင်ငံတကာအခြေအနေ အရရော၊ စီးပွားရေးပိတ်ဆို့မှုကို ရုပ် သိမ်းတဲ့ အခြေအနေအရရော တိုး တက်လာဖို့ရှိတယ်လို့ဆိုခဲ့ကြတယ်။

၂ဝ၁၆ မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ ကျယ်ကျယ်ပြန့်ပြန့် ဝင်လာဖို့ အတွက် အစိုးရသစ်က ဖြေလျှော့မှု တစ်ခု လုပ်လိုက်တယ်။ ဒါက နိုင်ငံ ခြားသားရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဒီနှစ်ခုကိုပေါင်းလိုက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေဆိုပြီး ပြဋ္ဌာန်းလိုက်တယ်။ အဲဒီမှာကျွမ်းကျင် မှုဆိုတဲ့အပိုင်းမှာ ကျွန်တော်တို့နိုင်ငံ သားတွေအလုပ်အကိုင်ရရှိရေးအတွက် မရေမရာတွေဖြစ်လာတယ်။ ကျွမ်း ကျင်မှုမလိုအပ်တဲ့လုပ်ငန်းတွေမှာတော့ နိုင်ငံသားတွေကိုပဲ ခိုင်းရမယ်ဆိုတာ ပါတယ်။ဒါပေမဲ့ကျောက်ဆည်ဘိလပ် မြေစက်ရုံ၊ တကောင်းနီကယ်စက်ရုံ တွေမှာဆိုရင် ကျွမ်းကျင်လုပ်သားတွေ မဟုတ်ဘူး။ လုပ်သား ၁ဝဝဝရှိရင် တရုတ်က ၄ဝဝ၊ ကျွန်တော်တို့ က ၆ဝဝ၊ လုပ်ခကျတော့ သူက ကျွန် တော်တို့ထက် သုံးဆလောက်မြင့်နေ တယ်။ အဲဒီတော့ဥပဒေပြင်ဆင်လိုက် တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမှုတစ်ခု တည်းကိုပဲကြည့်ပြီး ကိုယ်နဲ့အိမ်နီး ချင်း တိုင်းပြည်တွေရဲ့အနေအထား၊ ကိုယ့်တိုင်းပြည်က လုပ်သားတွေရဲ့ အခွင့်အရေးကို အလေးအနက်မထား ရင် ကြီးမားတဲ့ပြဿနာတစ်ခုဖြစ် လာမယ်။
၂ဝ၁၂ မှာ အထည်ချုပ် လုပ်ငန်းက နေ အလုပ်အကိုင်အခွင့်အလမ်း နှစ် သန်းလောက် ဖန်တီးပေးနိုင်မယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တစ်ဖက်မှာ ဘာပြောနေရတာလဲ ဆို တော့ဟုတ်ပြီ၊ အဲဒီအလုပ်အကိုင်တွေ ဖန်တီးပေးတယ်ဆိုတဲ့ လုပ်ငန်းခွင် တွေမှာ သူ့ခေတ်ကာလနဲ့လျော်ညီတဲ့ လုပ်ခရရှိရဲ့လား။ ပြီးတော့ အချိန်တွေ အများကြီး အလုပ်လုပ်နေရလား။ အဲဒီဖန်တီးတဲ့ အလုပ်အကိုင်တွေက တကယ်ပဲအလုပ်သမားတွေရဲ့စားဝတ် နေရေးကို ပြေလည်အောင်လုပ်ပေး နိုင်သလား။ အဲဒီလိုမဟုတ်ဘူးဆိုရင် တော့ ဒီရင်းနှီးမြှုပ်နှံမှုတွေက အများ ပြည်သူတွေအတွက် ထိထိရောက် ရောက်ဘာမျှအကျိုးမပြုဘူး။ ပြီးတော့ လုပ်သားအများကြီးပါဝင်လာတဲ့လုပ် ငန်းတွေ ဖြစ်လာတာနဲ့အမျှ အလုပ် သမားပြဿနာအကြီးကြီး တက်လာ လိမ့်မယ်။
* ဒေါ်တင်တင်ဌေး
MIC ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက် တွေတင်တဲ့အခါ ကျွန်မတို့ဝန်ကြီး ဌာနအပြင် သက်ဆိုင်ရာဝန်ကြီးဌာန တွေလည်းပါပါတယ်။ ဒီအဖွဲ့တွေက နေ အဆိုပြုချက်တွေကိုစိစစ်ပါတယ်။ ပြီးတော့ ကွင်းဆင်းစစ်ဆေးတာမျိုး လည်းရှိပါတယ်။ အလုပ်သမားအခွင့် အရေးတွေ၊ စမသစသျေူ မှာတင်ထား တဲ့ လစာနှုန်းထားအတိုင်းပေး မပေး၊ ပြီးတော့ အလုပ်သမားဥပဒေပြဋ္ဌာန်း ချက်တွေနဲ့အညီကျွန်မတို့ကအခါအား လျော်စွာစစ်ဆေးတာတွေရှိပါတယ်။

* ဦးအောင်မြင့်
ကျွန်တော်တို့ အထည်ချုပ်လုပ်ငန်း မှာတော့ ကျွမ်းကျင်တဲ့ပညာရှင်တွေ ခေါ်လာတာတော့ရှိတယ်။ တကယ် တော့ ဒါကလည်း သူတို့အတွက်ဝန် ထုပ်ဝန်ပိုးဖြစ်စေတယ်။ ဒီတော့ ပြည်တွင်းကလူကိုအဆင့်မြှင့်ပြီး သုံး ခြင်းအားဖြင့် သူတို့အတွက်လည်း နှစ်ဦးနှစ်ဖက်ကောင်းတဲ့ အနေအထား ပါ။ ကျွန်တော်မြင်တာက ရင်းနှီးမြှုပ် နှံမှုလာလုပ်တဲ့သူက ပြည်တွင်းက လူ ကိုလည်း အဆင့်မြှင့်ပေးမယ်။ ဒီ အတွက်ကာလတစ်ခုကို တွဲလုပ်သွား မယ်။အဲဒီလိုအစီအမံလုပ်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံသူအတွက်လည်းအကျိုး ရှိမယ်။ ကျွန်တော်တို့ဘက်ကလည်း အဆင့်မြင့်မြင့်ရာထူးနေရာကို ကျွန် တော်တို့ဆီက လူတွေဝင်ရောက်လုပ် ကိုင်ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံ လည်းတိုးတက်ပါမယ်။
* ဒေါ်တင်တင်ဌေး
ကျွန်မတို့ဝန်ကြီးဌာနကလည်း နိုင်ငံ ခြားသားအလုပ်သမားဥပဒေကိုရေးဆွဲ နေတာရှိပါတယ်။ အဲဒါပြဋ္ဌာန်းပြီး သွားလို့ရှိရင် နိုင်ငံခြားသားပညာရှင် တွေကို ကျွမ်းကျင်မှုလိုအပ်တဲ့အလုပ် အကိုင်တွေမှာခန့်မယ်ဆိုရင် ဒီအတွက် နိုင်ငံတကာ အသိအမှတ်ပြုကျွမ်းကျင် ပညာရှင်တွေကကျွန်မတို့ဆီ လျှောက် ထားရပါမယ်။ အထူးဥပဒေတစ်ရပ် အနေနဲ့ နိုင်ငံခြားသားအလုပ်သမား ဥပဒေကို အလုပ်သမားဝန်ကြီးဌာနက စည်းကြပ်ဖို့ရှိပါတယ်။
* ဦးရဲနိုင်ဝင်း
အလုပ်အကိုင်ခန့်ထားရေးနဲ့ပတ်သက် လို့ ဒါက ၁၉၅ဝကတည်းက အလုပ် အကိုင်နဲ့လေ့ကျင့်သင်ကြားရေးဥပဒေ ရှိတယ်။ အလုပ်ခန့်ထားမှုကန့်သတ် ရေး ဥပဒေရှိတယ်။ ဒါတွေက ILOကွန်ဗင်းရှင်းကို အခြေခံပြီးရေးခဲ့တာ။ ဒီပြဋ္ဌာန်းချက်တွေက ပြည်တွင်းမှာရှိ တဲ့အလုပ်လက်မဲ့တွေကို လျှော့ချနိုင် ဖို့နဲ့ ကျွမ်းကျင်မှုတွေဖြစ်လာဖို့ လေ့ ကျင့်ပျိုးထောင်တဲ့ ဥပဒေတွေပါ။ ဒီတော့ အလုပ်အကိုင်အခွင့်အလမ်း တွေရလာဖို့ဆိုရင် လေ့ကျင့်ပျိုးထောင် တဲ့ကျောင်းတွေအများကြီးလိုတယ်။ ဒီကနေ့အချိန်ထိ ကျွန်တော်တို့တိုင်း ပြည်မှာ အလုပ်သမားလေ့ကျင့်ရေး ကျောင်းက ငါးကျောင်းပဲရှိတယ်။ အလုပ်သမားဝန်ကြီးဌာနက လုပ်ရ မယ့်ကိစ္စကဘာလဲဆိုတော့ အလုပ် အကိုင်နဲ့လေ့ကျင့်သင်ကြားရေးဥပဒေ အရဆိုလို့ရှိရင် အလုပ်အကိုင်ရှာဖွေ ရေးရုံးတွေ အများကြီးခန့်ထားတယ်။ ရုံးပေါင်း ၉၁ ရုံးရှိတယ်။ ပုဂ္ဂလိက အေဂျင်စီဆိုရင်လည်း ၂၅ဝ လောက် ရှိတယ်။ ဒါပေမဲ့ တကယ်ပီပီပြင်ပြင် အလုပ်ရှာပေးနိုင်ရဲ့လား။ ရှာပေးရင် ရော ထိုက်တန်တဲ့အလုပ်ဖြစ်ရဲ့လားဆို တာတွေမေးစရာအများကြီးရှိတယ်။
* ဒေါ်တင်တင်ဌေး
ကျွမ်းကျင်မှုလုပ်သားလိုအပ်ချက် ပြ ဿနာရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ ဒါကကျွန်မတို့ အမြဲတမ်းကြားနေရတဲ့ ပြဿနာတစ်ခုပေါ့နော်။ ကျွန်မတို့ ဝန်ကြီးဌာနရဲ့အောက်မှာ သင်တန်း ကျောင်းငါးကျောင်းရှိပါတယ်။ ဒီသင် တန်းကျောင်းတွေမှာ သင်တန်းတွေ အများကြီးပေးနေပါတယ်။ ဒီအပြင် ပြည်ပမှာသွားရောက် အလုပ်လုပ်ကိုင် လိုသူတွေအတွက်လည်း လမ်းညွှန် သင်တန်းတွေပေးနေတာရှိပါတယ်။ တစ်နှစ်ကို လူဦးရေသောင်းကျော် လောက်ရှိပါတယ်။

ပြည်ထောင်စုနေ့စဉ်

Read 904 times
Rate this item
(0 votes)