What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပြည်တွင်းအထည်ချုပ်စက်ရုံများ PPE ပြောင်းလဲထုတ်လုပ်လာပြီး ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားမှုရှိသော်လည်း ဈေးကွက်ရရှိရန်ခက်ခဲနေ

ပြည်တွင်းအထည်ချုပ်စက်ရုံများတွင် PPE (Personal protective equipment) ချုပ်လုပ်၍ ပြည်ပသို့တင်ပို့သည့်စက်ရုံ ၅ ရုံခန့်ရှိလာပြီး ရင်းနှီးမြုပ်နှံလိုသူများရှိသော်လည်း တရုတ်မှ ကမ္ဘာ့ PPE ဈေးကွက် ၇၀ ရာခိုင်နှုန်းကို ရရှိထားသဖြင့် ဈေးကွက်ရရှိရန်ခက်ခဲနေကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

 

"အထည်ချုပ်တွေမှာ PPE နဲ့ပတ်သက်ပြီးတော့ ထုတ်ဖို့တွေလုပ်ဖို့အတွက်ကိုလည်း ကျွန်မတို့တွေကြိုးစားနေတယ်။ဒါပေမဲ့ဈေးကွက်လိုတယ် အဲ့ဒီဈေးကွက်ရှာဖို့ အတွက်က တရုတ်နိုင်ငံက ကမ္ဘာ့ PPE ဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းကိုသူက ဆယ်စုနှစ်များစွာ သူသည်လွှမ်းမိုးထားသည့်အတွက် အခုချိန်မှာဈေးကွက်ရှာဖို့ အခက်အခဲရှိပါတယ်။ ဈေးကွက်ရှိရင် ဒါကို ရင်းနှီးမြုပ်နှံမဲ့လူတွေ ပြောင်းလဲထုတ်လုပ်မယ့်လူတွေ ရှိပါတယ်"လို့မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

 

လက်ရှိအချိန်တွင် PPE ထုတ်လုပ်သည့် စက်ရုံ ငါးရုံခန့် ရှိပြီး ပဲခူးနှင့်ရန်ကုန်မြို့များရှိ စက်မှုဇုန်များတွင် ချုပ်လုပ်နေကြခြင်းဖြစ်ကြောင်းသိရပါတယ်။

 

"PPE ဆို ဆေးရုံးသုံးတစ်ခုထဲ မဟုတ်ဘူးပေါ့။ ကျွန်မတို့အနေနဲ့ protected worker တွေ စက်ရုံ၊ အလုပ်ရုံတွေမှာ သုံးတဲ့ယူနီဖောင်းတွေ ဒါတွေအားလုံးကလည်း PPE ထဲ ပါပါတယ်။ အားပေးတဲ့သူ ရှိတယ်။ ရင်းနှီးမြုပ်နှံမဲ့လူရှိတယ်။ ဈေးကွက်မရှိဘူးဖြစ်နေတာ"လို့ PPE ဈေး ကွက်နှင့်ပတ်သက်၍ ဒေါ်ခိုင်ခိုင်နွယ်က ထပ်မံ ပြောဆိုပါတယ်။

 

ပြည်တွင်းအထည်ချုပ်စက်ရုံများတွင် PPE ပြောင်းလဲထုတ်လုပ်မှုနှင့်ပတ်သက်ပြီး DaNa facility က ပုဂ္ဂလိကကဏ္ဍဖွံဖြိုးရန် အထည်ချုပ်လုပ်ငန်းများပြောင်းလဲထုတ်လုပ်နိုင်ရန် အားပေးနေကြောင်း၊ လုပ်ဆောင်နေကြောင်း သိရပါတယ်။

 

#MyanmarLabourNews

Read 956 times
Rate this item
(0 votes)