What's new
×
Warning
JUser: :_load: Unable to load user with ID: 845
တရုတ်ကုန်သွယ်ရေး သဘောတူညီချက်သည် မှန်ကန်သောလမ်းကြောင်းဖြစ်သော်လည်း နောက်ဆုံးသဘောတူညီချက် လိုအပ်သေးသည် ဟု အမေရိကန်လက်လီရောင်းချသူများကဆို
တရုတ်ကုန်သွယ်ရေး သဘောတူညီချက်သည် မှန်ကန်သောလမ်းကြောင်းဖြစ်သော်လည်း နောက်ဆုံးသဘောတူညီချက် လိုအပ်သေးသည် ဟု အမေရိကန်လက်လီရောင်းချသူများကဆို google
အမျိုးသားလက်လီ အဖွဲ့ချူပ် မှ အမေရိကန် နှင့် တရုတ်နိုင်ငံတို့သည် တစ်နိုင်ငံနဲ့တစ်နိုင်ငံ နှစ်ဦးသဘောတူ ကုန်ုသွယ်ရေး သဘောတူညီချက် ရရှိထားကြောင်း ထုတ်ပြန်ခဲ့သည်။
“ပထမဦးစွာ အမေရိကန်နှင့် တရုတ်တို့သည် အကောက်ခွန်ဆိုင်ရာလမ်းကြောင်းမှန်ပေါ်သို့ ဦးတည်လာပြီး ထို့သို့ဖြစ်လာအောင် နှစ်နိုင်ငံကြား
စေ့စပ် ညှိနှိုင်းသူများကို ချီကျူးပါတယ်” လို့ အစိုးရဆက်ဆံရေးနှင့် ပတ်သက်သော NRF အကြီးတန်း ဥက္ကဌ ဒေးဗစ်ဖရန့်က ပြောကြားခဲ့သည်။
ယခင်ဖြစ်ပွားခဲ့သော ပြသာနာများတွင် “ အခွန်နှုန်းတွေက အမေရိကန် လက်လီရောင်းဝယ်ရေး ကွင်းဆက် အတွက်မရေရာမသေချာမှု နဲ့ ဖန်တီးပေးတယ်။
တရုတ်နှင့် ကျွန်ုပ် တို့၏ဆက်ဆံရေးကို ပြန်လည်ညှိနှိုင်းရန်လိုအပ်သည်ကို ကျွန်ုပ်တို့သဘောတူသော်လည်း အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ ၊
လုပ်သားများနှင့် စားသုံးသူများကိုနစ်နာစေသည့် အခွန်များကို စားသုံးသူဘက်မှ သဘောမတူပါက နှစ်နိုင်ငံကုန်သွယ်မှုအဆင်ပြေရေးကို ဆက်လက်လုပ်ကိုင်နိုင်မည် မဟုတ်ပါ ။
ကုန်သွယ်ရေးစစ်ပွဲ သည်နှစ်ဦးနှစ်ဘက် နားလည်မှုမရှိပါက ရပ်တန့်နိုင်မည်မဟုတ်ပါ” ဟုဆက်လက်ပြောကြားခဲ့သည်။
NRF နှင့် အမေရိကန်လွတ်လပ်သော ကုန်သွယ်ရေး ညွ့န်ပေါင်း အဖွဲ့ဝင်တို့သည် တနင်္ဂနွေနေ့တွင် စတင်အသုံးပြမည့် အကောက်ခွန်များကို ရပ်ဆိုင်းထားရန် သမ္မတ Trump အားစာပို့ခဲ့သည်။
အဆိုပါစာတွင် “ အမေရိကန်-တရုတ်ကုန်သွယ်ရေးနှင့် ပက်သတ်သော ကျွန်ုပ်တို့၏ အဓိကစိုးရိမ်ပူပန်မှုများကို ဖြေရှင်းပြီးရုံသာမက
တရုတ်နိုင်ငံမှထုတ်လုပ်သော အထည်အလိပ်အပါအဝင်အခြားသော ကုန်ပစ္စည်းများနှင့် တရုတ်နိုင်ငံသို့တင်ပို့ မည့်
ကုန်ပစ္စည်းများအပေါ် ချမှတ်ထားသည့် လက်ရှိ အခွန်များကိုလည်းဖယ်ရှားပေးမည့် နောက်ဆုံးသဘောတူချက်” ကိုဖော်ပြထားသည်။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
Reference; yarnsandfibers.com
Myanmar Textile and Garment Directory
Read 1008 times
Rate this item
(0 votes)
Tagged under