What's new

×

Warning

JUser: :_load: Unable to load user with ID: 845


CMP စနစ်ဖြင့် ချုပ်ပြီးအထည် တင်ပို့မှုသည် ခြောက်လအတွင်း ပြည်ပပို့ကုန်များအနက် ဒေါ်လာ ၂ဒသမ ၂ဘီလံကျော်ဖြင့် တင်ပို့မှု တန်ဖိုးအများဆုံးရှိ

၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ခြောက်လ (Mini Budget) အတွင်း ပြည်ပပို့ကုန်များအနက် CMP စနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၂ ဘီလံကျော်ဖြင့်အများဆုံးရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာတစ်ဘီလျံကျော် ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

(Mini Budget) အတွင်း ပို့ကုန်တင်ပို့မှုတွင် စက်မှုကုန်ချောပစ္စည်းအုပ်စုမှ CMP စနစ်ဖြင် ချုပ်ပြီးအထည်တန်ဖိုး ဒေါ်လာ ၂၂၇၉ သန်းဖြင့် တင်ပို့မှုတန်ဖိုးအများဆုံးဖြစ်ပြီး ယခင် ကာလတူထက် တန်ဖိုး ဒေါ်လာ ၁၀၀၃ သန်း ပိုမိုတင်ပို့ခဲ့ခြင်း ဖြစ်သည်။
သဘာဝဓာတ်ငွေ့တင်ပို့မှုတွင် တန်ဖိုးဒေါ်လာ ၁၅၅၆ သန်းဖြင့် တင်ပို့မှုတန်ဖိုး ဒုတိယအများဆုံးနေရာတွင်ရှိနေပြီး ယခင်နှစ်ကာလတူထက် တန်ဖိုးဒေါ်လာ ၈၆ သန်း လျော့နည်းနေကြောင်း သိရသည်။
၂၀၁၈ ခုနှစ်အတွင်း အီးယူ (ဥရောပသမဂ္ဂ) အနေဖြင့် မြန်မာနိုင်ငံမှ အထည်ချုပ် (ချုပ်ပြီးအထည်) အော် ဒါမှာယူမှုသည် ယခင်နှစ်ထက် နှစ်ဆအထိ မြင့်တက်ခဲကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြီးခဲသည့် စက်တင်ဘာလအတွင်းက ပြောကြားသည်။
“မနှစ်ကနဲ့ ဒီနှစ်ဆိုရင် ပထမအော်ဒါမှာ နှစ်ဆတက်တယ်။ မနှစ်တုန်းက ဒေါ်လာ သန်း ၉၀ လောက်ဆိုရင် ဒီနှစ်က ဒေါ်လာ သန်း ၁၈၀ လောက်ရှိတယ်။ နှစ်ဆတောင်နည်းနည်းကျော်ချင်တယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။
အီးယူနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေး အခြေအနေ အပြောငးအလဲမရှိဘဲ လက်ရှိအတိုင်း ဆက်လက်တည်ရှိနေမည်ဆိုပါက လာမည့်နှစ်များတွင်လည်း အီယူ၏ အထည်ချုပ် (ချုပ်ပြီးအထည်) အော် ဒါမှာယူမှုသည် ယခုကဲ့ သို့ အလားအလာ ဆက်လက်ကောင်းနေမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုငငံမှ ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ခုနှစ်တွင် အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၃၃၇ သန်းရှိခဲရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက် လာခဲပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။
ထို့ပြင်၂၀၁၅ ခုနှစ်တွင် ချုပ်ပြီးအထည်တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိ ရှိလာခဲပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုငနှုန်းအထိ ရောက်ရှိလာသည် အထိ အထည်ချုပ်လုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာခဲကြောင်း၊ ပို့ကုန်ဈေးကွက်တွင်လည်း အီးယူဈေးကွက်သို့ တင်ပို့မှုမှာ ယခင်နှစ်များထက် ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်လာခဲကြောင်း သိရသည်။

Read 1277 times
Rate this item
(0 votes)