What's new

×

Warning

JUser: :_load: Unable to load user with ID: 845

ဂျော်ဒန်နိုင်ငံ အထည်ချုပ်ကဏ္ဍမှ မြန်မာလုပ်သား ၁၄၀ ဦး ပြန်လည်ရောက်ရှိ

ဂျော်ဒန်နိုင်ငံ အထည်ချုပ်ကဏ္ဍမှ မြန်မာလုပ်သား ၁၄၀ ဦး ပြန်လည်ရောက်ရှိ Myanmar Embassy Israel

ဂျော်ဒန်နိုင်ငံရှိ Rich Pine၊ Century Miracle နှင့် Camel and Vega စသည့် ကုမ္ပဏီများတွင်

အလုပ်လုပ်ကိုင်လျက်ရှိပြီး  မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ်သမား(၁၄၀)ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(MAI) ဖြင့် ပထမ အသုတ် ကယ်ဆယ်ရေး လေယာဉ်ပြေးဆွဲလျက် ပြန်လည်ခေါ်ဆောင်နိုင်ရေး အတွက် မြန်မာသံရုံး၊ တဲလ်အဗီးမြို့မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ဇူလိုင်လ ၁၉ ရက်  နံနက် (၀၄:၄၅) အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။ 

ဂျော်ဒန်နိုင်ငံ Amman မြို့တော် Al Karak ခရိုင်က Camel & Vega ဂျော်ဒန်အထည်ချုပ်စက်ရုံမှာ လွန်ခဲ့တဲ့ ၃ လကစလို့ COVID-19 ကြောင့် စက်ရုံပိတ်လိုက်ပြီးတဲ့နောက် အဲ့ဒီ့မှာအလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကုန်ကြပြီး ဒုက္ခရောက်နေကြတယ်လို့ မြန်မာအလုပ်သမားတွေထဲမှ အထည်ချုပ်အလုပ်သမ တဦးဖြစ်တဲ့ မမို့မို့ခိုင်က ဗွီအိုအေမြန်မာပိုင်းကို သူတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အခုလိုပြောပြခဲ့ပါတယ်။

"အဓိကပြဿနာက ညီမတို့ အခုပိုက်ဆံမရဘဲနဲ့ ဒီမှာထိုင်နေကြရတာ သုံးလကျော်သွားပြီ။ အဲ့ဒီ့အတွက်ကို ညီမတို့ အတော်လေး အခက်ခဲဖြစ်နေပါတယ်အမ။ သူတို့က စက်ရုံစပိတ်တုန်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါကူးမှာစိုးလို့ ခဏနားမယ် စက်ရုံခဏပိတ်မယ်ဆိုပြီး သူတို့ ပိတ်ပစ်လိုက်တာ။ မြန်မာအလုပ်သမား အားလုံးပေါင်း - ၁,၇၀၂ ယောက်ရှိပါတယ် အတိအကျဆိုရင်။ ညီမတို့ဟာ အလုပ်သမားရုံးမှာ မှတ်တမ်းဝင်ပြီး လက်မှတ်ထိုးပြီးတော့မှ တရားဝင် ထွက်လာကြတဲ့သူတွေပါ။ အခု အဓိကကတော့ ဝင်ငွေလည်း မရှိဘူး၊ အလုပ်လည်း မရှိဘူးဆိုတော့ငွေရေးကြေးရေး အတော်လေး အခက်ခဲဖြစ်လာကြပါတယ်။ အသေးသုံးကအစ ညီမတို့မှာ ဘာမှကို မရှိဘူး နောက်ဆုံးပြောရရင် တယ်လီဖုန်းဘေလ်တောင် မရှိတော့ဘူး။ ဖုန်းဘေလ်မရှိတော့ အိမ်နဲ့လည်း အဆက်အသွယ်ပြတ်ပြီး မိသားစုကလည်း စိုးရိမ်လာကြတယ်"

သူတို့လုပ်ခဲ့တဲ့ စက်ရုံဘက်က အတွေ့မခံသလို သွားတွေ့ဖို့ကလည်း အခက်အခဲရှိတယ်လို့ သူကပြောပါတယ်။ ဂျော်ဒန်နိုင်ငံမှာ မြန်မာသံရုံး မရှိတာကြောင့် အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို အကူအညီ တောင်းခဲ့တယ်လို့လည်း မမို့မို့ခိုင်ကပြောပြခဲ့ပါတယ်။

"စက်ရုံဘက်ကလည်း လုံးဝ အတွေ့မခံပါဘူး။ ညီမတို့က အဲ့တာကြောင့် အစ္စရေးလ်သံရုံးရဲ့ ပို့စ်တွေ ကော်မန့်တွေမှာ အကူအညီတွေသွားတောင်းကြတယ်။ ဝင်ရေးကြတယ်၊ မက်ဆေ့တွေပို့ကြတယ်။ reply ပြန်တာရှိတယ်၊ မပြန်တာလည်းရှိတယ်။ သူတို့ပြန်တဲ့ဟာဆိုလည်း သူတို့ပြန်ဆက်သွယ်ပေးပါ့မယ်၊ ဒီဘက်နဲ့ ညှိနှိုင်းပေးပါ့မယ် ဆိုတဲ့စာတန်းလေးတွေပဲ စာပြန်ပို့ခဲ့တယ်။ ညီမတို့စောင့်နေကြရတာ ၃ လပိုင်း ၁၇ ရက်ကနေစပြီး စက်ရုံပိတ်တာ အခုပဲ ၆ လပိုင်း ၂၀ ကျော်ပြီဆိုတော့ သုံးလကျော်နေပါပြီ။ ညီမတို့ အကုန်လုံးရဲ့ အဓိက ဆန္ဒကတော့ ပြန်ချင်တာပဲ ရှိတယ်။ ဝင်ငွေက လုံးဝ မရှိတော့ ရပ်တည်ဖို့တာလည်း မလွယ်တော့ဘူး။ ညီမတို့က မိသားစုကို ထောက်ပံ့ဖို့ ဒီကိုထွက်လာတာ အခုဝင်ငွေ မရှိတော့ မိသားစုကိုလည်း ထောက်ပံ့လို့ မရတော့ဘူး။ အိမ်ပြန်ရင်တော့ မိသားစုကို တနည်းနည်းနဲ့ဆက် ထောက်ပံ့နိုင်မယ် သူတို့လည်း စိတ်ပူသက်သာမှာပါ။ အဲ့ဒါကြောင့်ပြန်ချင်ကြတယ်"

အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ဇွန်လ ၂၆ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာတော့ ဂျော်ဒန်နိုင်ငံမှာ လေဆိပ်နဲ့ လေကြောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အချိန်မှာ သက်ဆိုင်ရာ အလုပ်သမားရှာဖွေရေးကုမ္ပဏီက စီစဉ်ပေးမယ့် လေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံတော် အစိုးရဘက်က စီစဉ်တဲ့ ကယ်ဆယ်ရေးလေယာဉ်တို့ ချိတ်ဆက် ထွက်ခွာနိုင်အောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့  ဖော်ပြခဲ့ပါတယ်။ ဂျော်ဒန်နိုင်ငံနဲ့ မြန်မာအစိုးရကြား တရားဝင်သံတမန်အဆက်အသွယ်မရှိပေမဲ့ အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က မြန်မာနိုင်ငံသားတွေအတွက် မူဘောင်အတွင်းကနေ ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူတွေနဲ့ ဂျော်ဒန်မှာရှိတဲ့ စက်ရုံတွေက ဝန်ထမ်းရေးရာ တာဝန်ခံတွေ ဧပြီလနဲ့ ဇွန်လတွင်း (၂) ကြိမ် အွန်လိုင်းကနေ ဆွေးနွေးပြီး အလုပ်သမားတွေကို အစားအသောက် လောက်ငှအောင်ကျွေးမွေးဖို့နဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်တွေရဲ့ ကလေးမီးဖွားစရိတ်ကိစ္စတွေအထိ အသေးစိတ် ဆွေးနွေးမှာကြားခဲ့တယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးအနေနဲ့ နေရပ်ပြန်လိုတဲ့ မြန်မာအလုပ်သမားတွေအနက်က ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေးလိုက်ပါနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ဗွီအိုအေမြန်မာပိုင်းကို အကြောင်းပြန်ကြားပါတယ်။ အထူးသဖြင့် အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးဘက်က ဂျော်ဒန်နိုင်ငံ Amman မြို့တော်နဲ့ မြန်မာနိုင်ငံ ရန်ကုန် ခရီးစဉ်အတွက် လူတဦးလျှင် အမေရိကန်ဒေါ်လာ ၈၀၀နှုန်းနဲ့သယ်ဆောင်နိုင်အောင် ဆောင်ရွက်နေပြီး လေယာဉ်ခရီးစဉ်တခေါက်ကို လူ၁၄၀ ဦးနှုန်းနဲ့ (၃)ခေါက် ပြေးဆွဲပြီး လူ ၄၂၀ ဦးအထိ လိုက်ပါနိုင်အောင် ဆောင်ရွက်ပါတယ်။

စက်ရုံတွေဘက်ကလည်း ဂျော်ဒန်အစိုးရနဲ့ ဆောင်ရွက်ရဦးမယ့် လူမှုဖူလုံရေးကိစ္စတွေ ကျန်နေသေးတဲ့အတွက် သံရုံးဘက်က လေယာဉ်လိုင်းများ စီစဉ်တဲ့အပေါ် စက်ရုံရဲ့မေတ္တာရပ်ခံချက်အရ သီတင်းပတ် ၂ပတ်ခြားပြီး စီစဉ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဒါကြောင့် အခုကစလို့ ၂ပတ်အတွင်း လေယာဉ်ခရီးစဉ်စတင်နိုင်မယ်လို့ ခန့်မှန်းတယ်လို့ ပြောပါတယ်။ စီးနင်းလိုက်ပါမယ့်ခရီးသည်တွေကိုယ်တိုင် ဖြည့်စွက်ရမယ့် ဖောင်ကိုစက်ရုံတွေကနေ စုစည်းပြီး ဇူလိုင်လ ၇ရက်နေ့ နောက်ဆုံးထားပေးပို့ပါရန် ညှိနှိုင်းထားပြီးဖြစ်တာမို့ လိုက်ပါရမယ့်သူတွေအနေနဲ့ ကိုယ်တိုင် လိုက်ပါရခြင်း ရှိ-မရှိကို ကြိုတင်သိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

 ဂျော်ဒန် ၊ အစ္စရေးလ်နဲ့ ဆိုက်ပရပ်စ်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေ မိခင်နိုင်ငံပြန်နိုင်ရေး အစ္စရေးလ် ဆိုင်ရာမြန်မာသံရုံးဘက်က စီစဉ်ဆောင်ရွက်ပေးနေပါတယ်လို့ ဇူလိုင်လ ၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

အထူးသဖြင့် ဂျော်ဒန်ရောက်မြန်မာအလုပ်သမားတွေအတွက်တော့ ဂျော်ဒန်နိုင်ငံနဲ့ မြန်မာအစိုးရကြား တရားဝင်သံတမန်ဆက်ဆံရေး မရှိတဲ့အတွက် အစ္စရေးလ်ဆိုင်ရာမြန်မာသံရုံးဘက်က ဝင်ရောက်စီစဉ်ဆောင်ရွက်ပေးနေပြီး စက်ရုံတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါ လို့ သံရုံးက အလုပ်သမားတွေကို နိုးဆော်ထားပါတယ်။ လတ်တလောမှာတော့ ဂျော်ဒန်ရောက် မြန်မာ အလုပ်သမားတွေထဲက Camel and Vega စက်ရုံက ၃၅၃ ဦး၊ Rich Pine က ၁၄ ဦးနဲ့ Century Miracle က ၂၆ ဦး ပြန်စေလွှတ်မယ်လို့ သက်ဆိုင်ရာ စက်ရုံတွေဘက်က စာရင်းပေးပို့လာလို့ စုစုပေါင်း ၃၉၃ ဦးကို ပြန်နိုင်ဖို့ စတင်စီစဉ်နေပြီလို့ အစ္စရေးလ်ဆိုင်ရာမြန်မာသံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်နေချိန် ဂျော်ဒန်မှာ အလုပ်လက်မဲ့ဖြစ် ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရပြီး မြန်မာနိုင်ငံကို အမြန်ဆုံး နေရပ်ပြန်လိုတဲ့ ဂျော်ဒန်ရောက် မြန်မာအလုပ်သမားတွေဟာ အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးရဲ့ စီစဉ်ပေးမှုကြောင့် မြန်မာပြည်က လာခေါ်တဲ့ ကယ်ဆယ်ရေးလေယာဉ် Relief Flight နဲ့ ဇူလိုင်လ ၁၈ ရက်နေ့ စနေနေ့မှာ ပထမဆုံးအသုတ် အိမ်ပြန်သွားနိုင်ကြပြီ ဖြစ်ပါတယ်။

ဂျော်ဒန်နိုင်ငံ အာမန် နိုင်ငံတကာလေဆိပ်ကနေ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း Myanmar Airways International (MAI) ရဲ့ Relief Flight ကယ်ဆယ်ရေးလေယာဉ်နဲ့ ဂျော်ဒန်နိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ဒုက္ခကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ပထမဆုံး ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဒေသစံတော်ချိန် စနေနေ့ နေ့လယ် ၁း၅၀ နာရီကနေ ပထမဆုံးအသုတ်ကို လာရောက်ခေါ်ဆောင်သွားပြီ ဖြစ်တယ်လို့ တဲလ်အဗီးမြို့က အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးက  ဇူလိုင်လ ၁၈ ရက်နေ့ စနေနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင် ၁၈ ပထမဆုံး ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခွင့်ရကြတဲ့ ပြည်တော်ပြန်ခရီးစဉ်မှာတော့ Rich Pine ကုမ္ပဏီက မြန်မာနိုင်ငံသား ၁၃ ဦး၊ Century Miracle စက်ရုံက မြန်မာနိုင်ငံသား ၂၆ ဦးနဲ့ Camel and Vega ကုမ္ပဏီက ၁၀၁ ဦး စုစုပေါင်း ၁၄၀ ဦး ဖြစ်ပါတယ်။ တဦးကတော့ ကျန်းမာရေးအခြေအနေကြောင့် နေခဲ့ရပြီး အစားထိုးတဦး လိုက်ပါသွားနိုင်ခဲ့ပါတယ်လို့ သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒုတိယအကြိမ် လာမယ့်ဇူလိုင်လ ၂၅ ရက်နေ့ ပြန်မယ့် ခရီးစဉ်မှာ ပါဝင်တဲ့ Camel and Vega အထည်ချုပ်စက်ရုံက မပိုပိုက မျှော်လင့်ချက်မဲ့ အတော်လေး ဒုက္ခကြုံနေကြရချိန်ကနေ အခုလို ကိုယ့်နိုင်ငံ ကိုယ်ပြန်ခွင့်ရကြတဲ့အပေါ် ဝမ်းသာနေကြပါတယ်လို့ ပြောပါတယ်။

“အရမ်းကို ဝမ်းသာနေတာ၊ တော်တော်လေးကို ပျော်နေတာ။ အကုန်အဆင်ပြေတယ် ပြောကြတယ်။ သူတို့လည်း ဝမ်းသာစကားတွေ တင်ထားကြတယ်။ သိတယ်ဟုတ်လား။ ပြီးတော့ ကိုယ့်နိုင်ငံက လေယာဉ်ကြီးနဲ့ လာခေါ်တယ်ဆိုတော့လေ။ အကုန်လုံး ပြန်ကြရတာမြင်ရတော့ ပျော်စရာကြီး။ သူတို့ကိုကြည့်ပြီးတော့ ကိုယ်တောင် ဝမ်းနည်းသလိုလို ငိုချင်သလိုလိုဖြစ်ပြီးတော့ ရင်ထဲမှာဆို့ပြီးတော့။ ဒါပေမဲ့ ကိုယ်လည်း သိတယ်မဟုတ်လား ကိုယ်လည်း မကြာခင်ပြန်ရတော့မယ်ဆိုတော့ အားမွေးထားရတယ်။

“ပြန်မယ့်သူတွေက တစ်ရက်ကြိုပြီး အိတ်တွေ အရင်ဆုံးအပ်ကြ၊ စစ်ဆေးကြတာ။ စက်ရုံကနေ အပြင်ဆောင်ကနေ လာခေါ်သွားတယ် အားခြင်းပဲ။ အပြင်ဆောင်က ၁၈ ယောက်၊ အတွင်းဆောင်ကလည်း များတာကိုး။ သံရုံးဘက်က ညွှန်ကြားချက်အတိုင်း ကယ်ဆယ်ရေးလေယာဉ်ပေါ်တင်ဖို့၊ လေယာဉ်ပေါ်မှာလည်း သံရုံး ညွှန်ကြားချက်အတိုင်း သုံးယောက်တတွဲ သုံးယောက်တတွဲလိုက်တွေ ထိုင်လိုက်သွားကြရတယ်၊ ကိုယ့်မြန်မာလူမျိုးတွေချည်းပဲ ဆိုတော့လေ။ အဆင်ပြေကြလား ရောက်ပြီလို့ ကိုယ်ကမေးတော့ သူတို့ကလည်း အသံမက်ဆေ့ချ်လေးတွေ ပြန်ပို့တယ်။ လေယာဉ်ကွင်းရောက်ပြီ၊ အထုပ်လေးတွေ တင်နေတယ်ပေါ့။ အခုနေ့လယ်တော့ သူတို့ ထွက်သွားကြပါပြီ။ ညီမတို့လည်း အထုပ်အပိုးတွေပြင်ပြီး စောင့်နေကြပါတယ်”

ဇူလိုင်လ ၂၅ ရက်နေ့ ဒုတိယအကြိမ် ကယ်ဆယ်ရေး ခရီးစဉ်မှာတော့ ရင်ခွင်ပိုက်ကလေးငယ်တဦး အပါအဝင် ၁၄၁ ဦးကို လာရောက်ခေါ်ဆောင်မှာဖြစ်ပြီး နောက်ထပ် အရန် မြန်မာနိုင်ငံသား ၃၀ ယောက် လိုက်ခွင့်ရရင် တပါတည်း ခေါ်ဆောင်သွားရေး ပြင်ဆင်ထားဖို့ အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေး အကြောင်းကြားထားပါတယ်။

ဂျော်ဒန်နိုင်ငံကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ကြရမယ့် မြန်မာနိုင်ငံသားများ အနေနဲ့ အနည်းဆုံး ပတ်စ်ပို့ နိုင်ငံကူးလက်မှတ်သက်တမ်း ၆ လ ကျန်ရှိရမှာ ဖြစ်ပါတယ်။ Relief Flight ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ကြရမယ့် မြန်မာတွေဟာ လေယာဉ်ပျံသန်းချိန် တလျှောက်လုံး အစားအသောက် တည်ခင်းချိန်မှအပ Face Mask နှာခေါင်းစည်း တပ်ဆင်ထားရမှာဖြစ်ပြီး လေယာဉ်လက်မှတ်ပြ ပစ္စည်းအပ်ချိန်နဲ့ လေယာဉ်ပေါ် တက်ချိန်တွေမှာ အပူချိန်တိုင်း၊ အဖျားရှိမရှိ စစ်ဆေးပြီး အဖျားမရှိမှ တင်ဆောင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြန်ရောက်တယ်ဆိုရင် COVID-19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ သီးခြားခွဲ စောင့်ကြည့်နေထိုင်ဖို့ ကန့်သတ်နေရာတွေမှာ Community based Facility Quarantine ၂၁ ရက်နဲ့ Home Quarantine ၇ ရက် နေထိုင်ရမယ့် စည်းကမ်းချက်တွေကို ပြည်တော်ပြန် မြန်မာနိုင်ငံသားတွေ အနေနဲ့ တိတိကျကျ လိုက်နာဆောင်ရွက်ပေးဖို့ကိုလည်း အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးဘက်က တိုက်တွန်းထားပါတယ်။

VOA

Read 1302 times
Rate this item
(1 Vote)