What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာနိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် အခွင့်အလမ်းအသစ်များပေါ်ပေါက်နိုင်

မြန်မာနိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် အခွင့်အလမ်းအသစ်များပေါ်ပေါက်နိုင် Google

မြန်မာနိုင်ငံ၏ စက်ရုံများသည် အဓိကအားဖြင့် အထည်များဖြတ်ခြင်း ၊ ထုတ်ပိုးခြင်း နှင့် CMF ကန်ထရိုက် ထုတ်လုပ်ခြင်း စသည်တို့ကို အဓိကလုပ်ဆောင်သည်။

 

သို့သော် SMART MYANMAR မှ Mr.Jacob Crele ကမူ စက်ရုံးများကိုတိုးချဲ့ပြီး အထည်များကို ဆေးဆိုးခြင်း ၊ ဆေးရိုက်ခြင်း ၊ ပုံနှိပ်ခြင်း စသည့်လုပ်ငန်းများကို

 

မတူညီသောပုံစံများနှင့် စမ်းသပ်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။


Clere ကလက်ကိုင်အိတ်များနှင့် ဖိနပ်များကိုထုတ်လုပ်ပြီး မြန်မာနိုင်ငံ၏ ထုတ်ကုန်ဈေးကွက်အသစ်သို့ ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်းသိရသည်။

 

ယခုအခါ စက်ရုံရှိ သောင်းနဲ့ ချီသော လုပ်သားများသည် အားကစားဖိနပ် ၊ တောင်တက်ဖိနပ် ၊ ဖိနပ်အမျိုးမျိုးနှင့်

 

အခြားအထည်အလိပ်နှင့် ပတ်သက်သည့် ကုန်ပစ္စည်းများထုတ်လုပ်မှုတို့ တွင် ကျွမ်းကျင်ကြောင်းပြောာကြားခဲ့သည်။

 

ထို့သို့ကျွမ်းကျင်အောင် အထည်အချုပ်နှင့် ဖိနပ်လုပ်ငန်းတွေမှာရှိတဲ့ လုပ်သား ၅၀၀၀၀၀ ကျော်ကို အသုတ်များခွဲပြီး သင်တန်းများပို့ချပေးနေကြောင်းသိရသည်။

 

ထို့ပြင် ပုဂ္ဂလိက အသက်မွေးကြောင်းသင်တန်းကျောင်းများကိုလည်း ရန်ကုန်တွင်ဖွင့်လှစ်ထားပါသည်။


လေ့ကျင့်ရေးစင်တာများလည်းရှိပြီး ထိုစင်တာများသည် အပ်ချုပ်သင်တန်း များကို လစဉ်လတိုင်းပို့ချပေးနေကြောင်းတွေ့ရသည်။

 

ထိုကဲ့သို့ စင်တာများလည်းပိုမိုလိုအပ်နေကြောင်းပြောကြားခဲ့သည်။

 

ထို့သို့လုပ်သားများလုပ်ကိုင်မှု စွမ်းရည်ပိုမိုတိုးတက်လာသည်နှင့် အမျှ မြန်မာနိုင်ငံ လုပ်သားကော်မတီ ၏အမျိုးသားရေး ညှိနှိုင်းမှု

 

အပြီးတွင် အနိမ့်ဆုံး လုပ်အားခ ၃၆၀၀ ကျပ်မှ ၄၈၀၀ ကျပ်အထိ တိုးတက်လာကြောင်းသိရသည် ။

 

နောင်လာမည့်နှစ်များတွင်မြန်မာအထည်ချုပ်လုပ်ငန်းသည် အခွင့်အရေးများပိုမို များပြားလာမည်ဖြစ်ပြီး လုပ်အားခများလည်းပိုမိုတိုးတက်လာမည်ဖြစ်သည်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 


 


 


 







 

Refrence; invest Myanmar

 

Myanmar Textile and Garment Directory

Read 1829 times
Rate this item
(0 votes)
Tagged under