What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အီဂျစ်နိုင်ငံရှိ အထည်ချုပ်စက်ရုံများရဲ့ ထုတ်လုပ်မှုပမာဏ ထက်ဝက်ခန့် လျှော့ချ

Readymade အထည်ချုပ်ကုန်သည်ကြီးများအသင်းရဲ့ အကြီးအကဲမိုဟာမက်အဗ္ဗဒဲလ်ရှာလမ်၏ အဆိုအရ အီဂျစ်နိုင်ငံရှိ အထည်ချုပ်စက်ရုံတော်တော်များများမှာ ထုတ်လုပ်မှု ထက်ဝက်ကျဆင်းနေခဲ့ပြီး အချို့ကတော့ ထုတ်လုပ်မှုကို လုံး၀ ရပ်ဆိုင်းထားကြတာတွေ့ရပါတယ်။

 

ထိုကဲ့သို့ သိသိသာသာ ကျဆင်းခဲ့ရခြင်းမှာ ဈေးကွက်ဝယ်လိုအားများ ကျသွားခဲ့ခြင်းကြောင့်လို့ ပြောကြားခဲ့ပါသေးတယ်။ စက်ရုံများရှိ နွေရာသီအဝတ်အစားများမှာ လပေါင်းများစွာ ကျန်ရှိနေတာလည်း တွေ့ရပါတယ်။

 

လွန်ခဲ့သောသုံးလတွင် အီဂျစ်စက်ရုံများမှာ သူတို့၏ နွေရာသီ အစုရှယ်ယာ ထဲက ၃၀ ရာခိုင်နှုန်းကို ရောင်းထွက်ဖို့တောင် ခဲယဉ်းခဲ့တယ်လို့ ဆိုပါတယ်။

 

Coronavirus ၏ဒုတိယလှိုင်းသည် တိုင်းပြည်ကို lockdown အဖြစ် လူတွေအကုန်လုံး ကိုယ့်အိမ်ထဲမှာပဲ နေထိုင်စေသည့်အခြေအနေသို့ ရောက်အောင် တွန်းအားပေးနေတာတွေ့ရပါတယ်။ ဆိုင်များသို့ ဈေးဝယ်ထွက်ခြင်းကိုလည်း ရပ်တန့်လိုက်သည့်အတွက်ကြောင့် အဝတ်အထည် ဝယ်လိုအားမှာ ယခုဆောင်းဦးရာသီ ပုံမှန်ဝယ်လိုအားထက် ထက်ဝက်ကျော်လိမ့်မယ်လို့ မမျှော်မှန်းသော်လည်း လက်ရှိနှုန်းထားအတိုင်းပဲ မျှော်လင့်ရတော့မယ်လို့ Salam က ပြောကြားခဲ့ကြောင်း အီဂျစ်သတင်းစာက ဖော်ပြထားတာ တွေ့ရပါတယ်။

 

ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း အီဂျစ်လူမျိုးအများစုမှာ အွန်လိုင်းဈေးဝယ်ခြင်းကို လှည့်လည်နေခဲ့ကြပြီး နိုင်ငံ၏ e-commerce လုပ်ငန်းမှာလည်း ကူးစက်ပျံ့နှံ့မှု မတိုင်မီမှာပဲ တဖြည်းဖြည်းမြင့်တက်လျက်ရှိတယ်လို့ ဆိုပါတယ်။

 

ကမ္ဘာလုံးဆိုင်ရာ e-commerce ကုမ္ပဏီကြီးဖြစ်တဲ့ Amazon က အီဂျစ်တွင် ၎င်း၏ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန်၊ Amazon ၏ အီလက်ထရောနစ်ပလက်ဖောင်းမှတစ်ဆင့် သူတို့၏ထုတ်ကုန်များကို ဈေးကွက်တင်ရန် အီဂျစ်ကုမ္ပဏီများကို ဆွဲဆောင်ဖို့ စီစဉ်နေတယ်လို့ စက်တင်ဘာလတွင် ကြေညာခဲ့ပါတယ်။ အထူးသဖြင့် သူတို့ရဲ့ ထုတ်ကုန်များထဲမှ အဆင်သင့်ဝတ်ဆင်နိုင်သောအဝတ်အစားများ၊ အိမ်သုံးပစ္စည်းများ၊ ပလက်စတစ်နဲ့ အီလက်ထရောနစ်ဆက်စပ်ပစ္စည်းများ ပါဝင်တယ်လို့ သိရပါတယ်။

 

အီဂျစ်နိုင်ငံ၏ အဝတ်အထည်တင်ပို့မှုကောင်စီရဲ့ အဆိုအရ ယခုနှစ်၏ပထမနှစ်ဝက်တွင် အထည်အလိပ်တင်ပို့မှုမှာ ၂၉ ရာခိုင်နှုန်းကျဆင်းသွားပြီး ထုတ်လုပ်မှုမှာလည်း ၄၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

 

By htikehtike (Myanmar Textile & Garment Guide)
Ref: fibre2fashion.com

Read 774 times
Rate this item
(0 votes)