What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများကို Made in China တံဆိပ်ပြောင်းလဲရန် အမေရိကန် အချိန်ပေး

တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများကို Made in China တံဆိပ်ပြောင်းလဲရန် အမေရိကန် အချိန်ပေး Google

ဟောင်ကောင်ဒေသ၌ ထုတ်လုပ်သည့်ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်း (Made in China) အဖြစ် တံဆိပ်ပြောင်းလဲကပ်ပြီးမှ တင်ပို့ရေး သတ်မှတ်ချက်သည် လတ်တလော ဆောင်ရွက်ရန်မလိုဘဲ အချိန်ပိုမို ရရှိမှာ ဖြစ်တယ်လို့ South China Morning Post သတင်းစာတွင် Denis Tsang နှင့် Jack Lau တို့က “ Exporters get more time for ‘Made in China’ switch” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားခဲ့ပါတယ်။

 

အမေရိကန် သမ္မတထရန့်၏ အမိန့်ညွှန်ကြားချက်အရ အမေရိကန် အ‌ကောက်အခွန်နှင့် နယ်စပ်အကာအကွယ်ပေးရေးမှ အမေရိကန် နိုင်ငံသို့ ကုန်ပစ္စည်းတင်သွင်းသူများအတွက် ဟောင်ကောင်ဒေသ ထုတ်ကုန် ပစ္စည်း ပြင်ဆင်ချိန်ပိုရရန် ကုန်အမှတ်တံဆိပ်ကို (Made in Hong Kong) တံဆိပ်အား Made in China အဖြစ်ပြောင်းလဲဖို့အတွက် အချိန်တိုးမြှင့် ခွင့်ပြုထားတယ်လို့ သိရပါတယ်။
ထိုကြောင့် ဟောင်ကောင်ဒေသမှ ထုတ်ကုန်များကို Made in China အဖြစ် ပြောင်းလဲခဲ့ရတယ်လို့ဆိုပါတယ်။ Made in China အဖြစ်ပြောင်းလဲ၍ တံဆိပ်ကပ်ရခြင်းမှာ တရုတ်နိုင်ငံ၏ မြို့တစ်မြို့ကဲ့သို့ ဆောင်ရွက်ရာရောက်တယ်လို့ ဆိုပါတယ်။

 

၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၄၇၁) မီလီယံ တန်ဖိုးရှိ ဟောင်ကောင်ဒေသ ထုတ်ကုန်ပစ္စည်းများဖြစ်သည့် ကျောက်မျက်လက်ဝတ်ရတနာများ၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်းများအား တင်ပို့ခဲ့ပြီး ၂၀၁၈ ခုနှစ် တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ စတင် ကတည်းက ကောက်ခံသည့် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများအပေါ် ကောက်ခံသည့်အခွန်များ ပေးဆောင်ရမည် မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

 

သို့ပေမယ့် ဟောင်ကောင်ဒေသ ထုတ်ကုန်ပစ္စည်းများအပေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အကောက် အခွန်သီးသန့်ကောက်ခံမှုက ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ ရှိလာပါတယ်။ အမေရိကန်အနေနဲ့ ဟောင်ကောင် ဒေသထုတ်ကုန်ပစ္စည်းများ ကို Made in China အဖြစ် ပြောင်းလဲခဲ့တာက ဟောင်ကောင်ဒေသရှိ ထုတ်ကုန်တွေ ပျောက်ကွယ်အောင် လုပ်နေတာလားဆိုတဲ့မေးခွန်းအနေနဲ့ အမေရိကန်ကို မေးစရာဖြစ်လာပါတယ်။

 

ဟောင်ကောင်လုပ်ငန်းများက ကမ္ဘာ့ကပ်ရောဂါ COVID-19 အားခံနိုင်ရည်ရှိရန် ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများ နည်းဗျူဟာကို ဒစ်ဂျစ်တယ်လ် စနစ်ဖြင့်ပြောင်းလဲ လုပ်ကိုင် လာနေကြရပါတယ်။ ဟောင်ကောင် စီးပွားရေးလုပ်ငန်းများအတွက် ဘဏ်များမှလည်း ငွေကြေးကဏ္ဍဝန်ထုပ်ဝန်ပိုးများ လျော့ပါးစေရန် ‌‌အတိုးနှုန်းများ လျှော့ချခြင်းနှင့် ထုတ်ချေးပေးထားသော ဟောင်ကောင်ဒေါ်လာ (၁၅၀) မီလီယံ ပြန်လည်ပေးသွင်းရန် ရက်ရွှေ့ဆိုင်းပေးခြင်းများ ‌ဆောင်ရွက်ခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Denis Tsang နှင့် Jack Lau တို့က “ Exporters get more time for ‘Made in China’ switch” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါတယ်။

 

By Aung Win (Myanmar Textile Guide)

Ref: မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်

Read 762 times
Rate this item
(0 votes)