What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စာေရးမွ သူေဌးႀကီး ျဖစ္လာသူ အမ္ဘာနီ

zaw+uni ထုတ္ကုန္သြင္းကုန္လုပ္ငန္း လုပ္ကုိင္သည့္ ကုမၸဏီတြင္ အမ္ဘာနီသည္ အသက္ ၁၇ ႏွစ္အရြယ္၌ စာေရးတစ္ဦးအျဖစ္ ၀င္ေရာက္လုပ္ကုိင္ခဲ့ရာ လုပ္သက္ ၈ ႏွစ္ ရသည္အထိ ျဖစ္သည္။

သူ႔ကုိ ေက်ာင္းဆရာလင္မယားမွ ဂူဂ်ာရာတီဟု အမည္ရွိသည့္ ရြာတြင္ ေမြးဖြားခဲ့သည္။ အေျခခံပညာေရး သင္ၾကားခဲ့ၿပီး ၁၇ ႏွစ္တြင္ အိမ္မွ ထြက္လာခဲ့ၿပီး အိႏိၵယ တုိင္းရင္းသားပုိင္ အိပ္စ္ပုိ႔အင္ပုိ႔ကုမၸဏီျဖစ္သည့္ A. Beesee and Co တြင္ စာေရးအလုပ္ကုိ လုပ္ကုိင္ခဲ့သည္။ ထုိသို႔ လုပ္ကုိင္စဥ္ ႏုိင္ငံတကာကုန္သြယ္ေရး၏ ႐ႈပ္ေထြးနက္နဲေသာပညာကုိ သူ ရယူႏုိင္ခဲ့သည္။
၁၉၅၈ ခုႏွစ္တြင္ ဘုံေဘၿမိဳ႕သုိ႔ ေျပာင္းေရႊ႕ေနထုိင္ၿပီး ျပည္ပပုိ႔ကုန္ လုပ္ငန္းတစ္ခုကုိ Reliance Commercial Corporation အမည္ျဖင့္ ထူေထာင္သည္။ ပုိ႔ကုန္လုပ္ငန္းလုိင္စင္မွ ရရွိေသာ ၀င္ေငြျဖင့္ ပုိလီစတာခ်ည္မွ်င္မ်ား တင္သြင္းသည္။ ထုိစဥ္ကာလ၌ အိႏိၵယ ေဈးကြက္ထဲတြင္ ပုိလီစတာခ်ည္မွ်င္မ်ား မေလာက္မင ျဖစ္ေနသည္။ သုိ႔ျဖစ္ရာ အမ္ဘာနီသည္ သူတင္သြင္းသည့္ ပုိလီစတာခ်ည္မွ်င္မ်ားကုိ ဘုံေဘေဈးကြက္ထဲတြင္ ေဈးေကာင္းျဖင့္ ျပန္ေရာင္းခ်သည္။ အျမတ္ ၃ ဆ ရသည္အထိ ေဈးေကာင္းရသည္။ ၁၉၆၆ ခုႏွစ္တြင္ ခ်ည္မွ်င္ကုန္သည္ႀကီး အမ္ဘာနီသည္ စက္မႈကုန္ထုတ္လုပ္ငန္းနယ္ပယ္ထဲသုိ႔ ရင္းႏွီးျမႇဳပ္ႏွံ လုပ္ကုိင္သည္။ Reliance Textile Industries Ltd အမည္ျဖင့္ လုပ္ငန္းထူေထာင္သည္။ စက္႐ုံတည္သည္။ စက္ေလးလုံးျဖင့္ စတင္လည္ပတ္သည္။ အျခား ခ်ည္စက္လုပ္ငန္းမ်ားႏွင့္ ႏႈိင္းစာပါက သူ ထည့္၀င္သည့္ မ,တည္ေငြသည္ အေတာ္နည္းသည္။ ႐ူပီ ၂၈ သိန္းမွ်သာ ျဖစ္သည္း။
တစ္ဟုန္ထုိး ေအာင္ျမင္ခဲ့ရာ Reliance Textile Industries Ltd သည္ ၁၉၇၂ ခုႏွစ္တြင္ ေရာင္းအား ႐ူပီ ၁၃ ကုေဋ ရရွိခဲ့ၿပီး ၁၉၈၁ ခုႏွစ္တြင္ ႐ူပီ ၃၀၂ ရွိသည္။
အမ္ဘာနီက အထည္အလိပ္ေလာကတြင္ ေဈးကြက္ရယူခဲ့ရာ၌ ေၾကာ္ျငာကုိ လႈိင္လႈိင္သုံးသည္။ သူ႔အထည္အလိပ္မ်ား၏ အရည္အေသြးျဖင့္ ၀ယ္ယူသူတုိ႔ကုိ သိမ္းသြင္းသည္။ အထည္အလိပ္ အတန္းအစား အမ်ဳိးမ်ဳိးျဖင့္ လူတန္းစားအလႊာအသီးသီးကုိ ဆြဲငင္သည္။ ကုမၸဏီ၏ စေတာ့မ်ားကုိ စေတာ့ေဈးကြက္တြင္ ေဈးေကာင္းရေနေစဖုိ႔ အျမတ္ေ၀စုကုိ အျခားကုမၸဏီမ်ားထက္ ပုိပုိသာသာ ပုိေပးထားသည္။
အိပ္စ္ပုိ႔လုိင္စင္မွ ရရွိသည့္ ပုိ႔ကုန္၀င္ေငြျဖင့္ သူက ခ်ည္မွ်င္မ်ား တင္သြင္းၿပီး ေဈးေကာင္းျဖင့္ ေရာင္းသည္။ ကုမၸဏီ အျမတ္ရရွိမႈ ႀကီးမားသည္။ ကုန္သြယ္မႈမွ ရလာသည့္ အျမတ္မ်ားကုိ သူက အထည္အလိပ္ ထုတ္လုပ္မႈတြင္ ျပန္လည္ရင္းႏွီးျမႇဳပ္ႏံွၿပီး Reliance Textile Industries Ltd ကုိ ႀကီးထြားေစသည္။
အမ္ဘာနီသည္ အစုိးရ၏ ပုိ႔ကုန္သြင္းကုန္ မူ၀ါဒမ်ားႏွင့္အညီ အက်ဳိးအျမတ္မ်ား ရေအာင္ ေရြးခ်ယ္လုပ္ကုိင္သူ ျဖစ္သည္။ ၁၉၇၁ ခုႏွစ္တြင္ အစုိးရမူ၀ါဒက ျပည္ပပို႔ကုန္ကုိ အားေပးကူညီရာ၌ ႏုိင္လြန္ထည္မ်ား တင္ပုိ႔သူမ်ားအား ပုိလီစတာႏွင့္ ေရယြန္ ခ်ည္မွ်င္မ်ား တင္သြင္းခြင့္ကုိ ပုံမွန္သတ္မွတ္ခ်က္ထက္ ပုိမ်ားေသာ ပမာဏျဖင့္ တင္သြင္းခြင့္ ျပဳသည္။
အမ္ဘာနီက ႏုိင္လြန္ထည္မ်ားကုိ တုိးျမႇင့္ထုတ္လုပ္ၿပီး ျပည္ပသုိ႔ တင္ပုိ႔မႈကုိ တုိးျမႇင့္သည္။ သုိ႔ျဖစ္ရာ ပုိလီစတာႏွင့္ ေရယြန္ ခ်ည္မွ်င္မ်ား တင္သြင္းခြင့္မ်ား ပုိမုိရရွိသည္။ ထုိခ်ည္မွ်င္မ်ားကုိ လုိသေလာက္ တင္သြင္းခြင့္ မရၾကေပရာ ေဈးကြက္ထဲတြင္ ေဈးေကာင္းရသည္။ ၃ ဆမွ ၅ ဆ အထိ အျမတ္ရသည္။ ျပတ္လပ္ခ်ိန္မ်ဳိးတြင္ ၇ ဆအထိ ရသည္။
‘‘ကၽြန္ေတာ္ာ အခုလုိ မူ၀ါဒအရ အခြင့္အလမ္းေတြ ရယူတာကုိ လုပ္ကုိင္တယ္။ အခုလုိ လုပ္ကုိင္တာအတြက္ ဘာလုိ႔ ကၽြန္ေတာ့ကုိ ေ၀ဖန္ၾကသလဲ မသိဘူး။ အဲဒီ သြင္းကုန္လုိင္စင္က လူတုိင္း အခြင့္ေကာင္း ယူလုိ႔ရတယ္။ အတိအလင္း ေၾကညာထားတယ္။ အခုလုိ အစီအစဥ္မွာ အျမတ္ရေအာင္ လုပ္လုိ႔ရေနတယ္။ ဒီေတာ့ ဘာကုိ ကၽြန္ေတာ္က ေစာင့္ရမွာလဲ။ သူတုိ႔က မလုပ္ၾကဘူး။ လာလုပ္ပါလုိ႔ ဖိတ္ၾကားစာ ေပးပုိ႔တာကုိ ေစာင့္ေနၾကသလုိ ျဖစ္ေနတယ္’’ ဟု အမ္ဘာနီက ေျပာၾကားသည္။
၁၉၇၆ ခုႏွစ္တြင္ က်င္းပေသာ ႏုိင္လြန္ကဲ့သုိ႔ေသာ ခ်ည္မ်ဳိးျဖင့္ ထုတ္လုပ္ေသာ အထည္အလိပ္မ်ားကုိ ဘုံေဘတြင္ ကုန္စည္ျပပြဲက်င္းပသည္။ ျပည္ပမွ ၀ယ္လက္မ်ား လာၾကသည္။ အမ္ဘာနီက ၀ယ္လက္ကုန္သည္မ်ား လာေရာက္ဖုိ႔အတြက္ တာ၀န္ယူ စီစဥ္ေပးသည္။ ေလဆိပ္မွ ဆီးႀကိဳသည္။ သြားလာရန္ ကားအေကာင္းစားမ်ား စီစဥ္ေပးထားသည္။ ညစာစားပြဲမ်ား က်င္းပေပးသည္။ အမ္ဘာနီ၏ အထည္အလိပ္စက္႐ုံသုိ႔ ေခၚသြားၿပီး ျပသသည္။ သုိ႔ျဖစ္ရာ ကုန္စည္ျပပြဲတြင္ အမ္ဘာနီ၏ အထည္အလိပ္မ်ား အမ်ားအျပား ေရာင္းခ်ရသည္။
၁၉၇၇ ခုႏွစ္တြင္ ကုမၸဏီ၏ ရွယ္ယာမ်ားကုိ လူထုထံေရာင္းခ်ၿပီး အမ်ားပုိင္ကုမၸဏီ အျဖစ္သုိ႔ ေျပာင္းလဲသည္။ ၿမိဳ႕ငယ္မ်ားတြင္ ေနထုိင္သည့္ လူလတ္တန္းစားတုိ႔ကုိ ရင္းႏွီးျမႇဳပ္ႏွံသူ ရွယ္ယာပုိင္ရွင္မ်ား ျဖစ္လာေအာင္ စည္း႐ုံးခဲ့သည္။ ကုမၸဏီ၏ ႏွစ္ပတ္လည္ အစည္းအေ၀းတြင္ ရွယ္ယာပုိင္ရွင္မ်ား တက္ေရာက္ရာ၌ ဦးေရ သုံးေသာင္းေက်ာ္သည္။ ထုိမွ်မ်ားျပားေသာသူမ်ား ၀င္ဆန္႔သည့္ ခန္းမက်ယ္ ဘုံေဘၿမိဳ႕တြင္ မရွိေခ်။ သုိ႔ျဖစ္ရာ ကရစ္ကက္ ကစားကြင္းက်ယ္ႀကီးထဲတြင္ အစည္းအေ၀း က်င္းပခဲ့ၾကရသည္။
အမ္ဘာနီက တစ္ေန႔ ၁၀ နာရီထက္ပုိၿပီး အလုပ္လုပ္ျခင္း မျပဳေခ်။ ‘‘တစ္ေန႔ ၁၆ နာရီ အလုပ္လုပ္တယ္။ ၁၈ နာရီ အလုပ္လုပ္တယ္ဆုိတဲ့သူေတြဟာ အလုပ္လုပ္တာ မထိေရာက္တဲ့သူေတြ ျဖစ္မယ္။ ဒါမွမဟုတ္ ညာေျပာတာ ျဖစ္မယ္’’ ဟု သူက ေျပာသည္။
အမ္ဘာနီသည္ ၂၀၀၂ ခုႏွစ္ ဇူလုိင္လ ၆ ရက္တြင္ ကြယ္လြန္ခဲ့သည္။

 

Uni

စာရေးမှ သူဌေးကြီး ဖြစ်လာသူ အမ်ဘာနီ
=======================
ထုတ်ကုန်သွင်းကုန်လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီတွင် အမ်ဘာနီသည် အသက် ၁၇ နှစ်အရွယ်၌ စာရေးတစ်ဦးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရာ လုပ်သက် ၈ နှစ် ရသည်အထိ ဖြစ်သည်။

သူ့ကို ကျောင်းဆရာလင်မယားမှ ဂူဂျာရာတီဟု အမည်ရှိသည့် ရွာတွင် မွေးဖွားခဲ့သည်။ အခြေခံပညာရေး သင်ကြားခဲ့ပြီး ၁၇ နှစ်တွင် အိမ်မှ ထွက်လာခဲ့ပြီး အိနိ္ဒယ တိုင်းရင်းသားပိုင် အိပ်စ်ပို့အင်ပို့ကုမ္ပဏီဖြစ်သည့် A. Beesee and Co တွင် စာရေးအလုပ်ကို လုပ်ကိုင်ခဲ့သည်။ ထိုသို့ လုပ်ကိုင်စဉ် နိုင်ငံတကာကုန်သွယ်ရေး၏ ရှုပ်ထွေးနက်နဲသောပညာကို သူ ရယူနိုင်ခဲ့သည်။
၁၉၅၈ ခုနှစ်တွင် ဘုံဘမြေို့သို့ ပြောင်းရွှေ့နေထိုင်ပြီး ပြည်ပပို့ကုန် လုပ်ငန်းတစ်ခုကို Reliance Commercial Corporation အမည်ဖြင့် ထူထောင်သည်။ ပို့ကုန်လုပ်ငန်းလိုင်စင်မှ ရရှိသော ဝင်ငွဖြေင့် ပိုလီစတာချည်မျှင်များ တင်သွင်းသည်။ ထိုစဉ်ကာလ၌ အိနိ္ဒယ ဈေးကွက်ထဲတွင် ပိုလီစတာချည်မျှင်များ မလောက်မင ဖြစ်နေသည်။ သို့ဖြစ်ရာ အမ်ဘာနီသည် သူတင်သွင်းသည့် ပိုလီစတာချည်မျှင်များကို ဘုံဘေဈေးကွက်ထဲတွင် ဈေးကောင်းဖြင့် ပြန်ရောင်းချသည်။ အမြတ် ၃ ဆ ရသည်အထိ ဈေးကောင်းရသည်။ ၁၉၆၆ ခုနှစ်တွင် ချည်မျှင်ကုန်သည်ကြီး အမ်ဘာနီသည် စက်မှုကုန်ထုတ်လုပ်ငန်းနယ်ပယ်ထဲသို့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သည်။ Reliance Textile Industries Ltd အမည်ဖြင့် လုပ်ငန်းထူထောင်သည်။ စက်ရုံတည်သည်။ စက်လေးလုံးဖြင့် စတင်လည်ပတ်သည်။ အခြား ချည်စက်လုပ်ငန်းများနှင့် နှိုင်းစာပါက သူ ထည့်ဝင်သည့် မ,တည်ငွေသည် အတော်နည်းသည်။ ရူပီ ၂၈ သိန်းမျှသာ ဖြစ်သည်း။
တစ်ဟုန်ထိုး အောင်မြင်ခဲ့ရာ Reliance Textile Industries Ltd သည် ၁၉၇၂ ခုနှစ်တွင် ရောင်းအား ရူပီ ၁၃ ကုဋေ ရရှိခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ရူပီ ၃၀၂ ရှိသည်။
အမ်ဘာနီက အထည်အလိပ်လောကတွင် ဈေးကွက်ရယူခဲ့ရာ၌ ကြော်ငြာကို လှိုင်လှိုင်သုံးသည်။ သူ့အထည်အလိပ်များ၏ အရည်အသွေးဖြင့် ဝယ်ယူသူတို့ကို သိမ်းသွင်းသည်။ အထည်အလိပ် အတန်းအစား အမျိုးမျိုးဖြင့် လူတန်းစားအလွှာအသီးသီးကို ဆွဲငင်သည်။ ကုမ္ပဏီ၏ စတော့များကို စတော့ဈေးကွက်တွင် ဈေးကောင်းရနေစေဖို့ အမြတေ်ဝစုကို အခြားကုမ္ပဏီများထက် ပိုပိုသာသာ ပိုပေးထားသည်။
အိပ်စ်ပို့လိုင်စင်မှ ရရှိသည့် ပို့ကုန်ဝင်ငွဖြေင့် သူက ချည်မျှင်များ တင်သွင်းပြီး ဈေးကောင်းဖြင့် ရောင်းသည်။ ကုမ္ပဏီ အမြတ်ရရှိမှု ကြီးမားသည်။ ကုန်သွယ်မှုမှ ရလာသည့် အမြတ်များကို သူက အထည်အလိပ် ထုတ်လုပ်မှုတွင် ပြန်လည်ရင်းနှီးမြှုပ်နှံပြီး Reliance Textile Industries Ltd ကို ကြီးထွားစေသည်။
အမ်ဘာနီသည် အစိုးရ၏ ပို့ကုန်သွင်းကုန် မူဝါဒများနှင့်အညီ အကျိုးအမြတ်များ ရအောင် ရွေးချယ်လုပ်ကိုင်သူ ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် အစိုးရမူဝါဒက ပြည်ပပို့ကုန်ကို အားပေးကူညီရာ၌ နိုင်လွန်ထည်များ တင်ပို့သူများအား ပိုလီစတာနှင့် ရေယွန် ချည်မျှင်များ တင်သွင်းခွင့်ကို ပုံမှန်သတ်မှတ်ချက်ထက် ပိုများသော ပမာဏဖြင့် တင်သွင်းခွင့် ပြုသည်။
အမ်ဘာနီက နိုင်လွန်ထည်များကို တိုးမြှင့်ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့မှုကို တိုးမြှင့်သည်။ သို့ဖြစ်ရာ ပိုလီစတာနှင့် ရေယွန် ချည်မျှင်များ တင်သွင်းခွင့်များ ပိုမိုရရှိသည်။ ထိုချည်မျှင်များကို လိုသလောက် တင်သွင်းခွင့် မရကြပေရာ ဈေးကွက်ထဲတွင် ဈေးကောင်းရသည်။ ၃ ဆမှ ၅ ဆ အထိ အမြတ်ရသည်။ ပြတ်လပ်ချိန်မျိုးတွင် ၇ ဆအထိ ရသည်။
‘‘ကျွန်တော် အခုလို မူဝါဒအရ အခွင့်အလမ်းတွေ ရယူတာကို လုပ်ကိုင်တယ်။ အခုလို လုပ်ကိုင်တာအတွက် ဘာလို့ ကျွန်တော့ကိုေဝဖန်ကြသလဲ မသိဘူး။ အဲဒီ သွင်းကုန်လိုင်စင်က လူတိုင်း အခွင့်ကောင်း ယူလို့ရတယ်။ အတိအလင်း ကြေညာထားတယ်။ အခုလို အစီအစဉ်မှာ အမြတ်ရအောင် လုပ်လို့ရနေတယ်။ ဒီတော့ ဘာကို ကျွန်တော်က စောင့်ရမှာလဲ။ သူတို့က မလုပ်ကြဘူး။ လာလုပ်ပါလို့ ဖိတ်ကြားစာ ပေးပို့တာကို စောင့်နကြေသလို ဖြစ်နေတယ်’’ ဟု အမ်ဘာနီက ပြောကြားသည်။
၁၉၇၆ ခုနှစ်တွင် ကျင်းပသော နိုင်လွန်ကဲ့သို့သော ချည်မျိုးဖြင့် ထုတ်လုပ်သော အထည်အလိပ်များကို ဘုံဘေတွင် ကုန်စည်ပြပွဲကျင်းပသည်။ ပြည်ပမှ ဝယ်လက်များ လာကြသည်။ အမ်ဘာနီက ဝယ်လက်ကုန်သည်များ လာရောက်ဖို့အတွက် တာဝန်ယူ စီစဉ်ပေးသည်။ လေဆိပ်မှ ဆီးကြိုသည်။ သွားလာရန် ကားအကောင်းစားများ စီစဉ်ပေးထားသည်။ ညစာစားပွဲများ ကျင်းပပေးသည်။ အမ်ဘာနီ၏ အထည်အလိပ်စက်ရုံသို့ ခေါ်သွားပြီး ပြသသည်။ သို့ဖြစ်ရာ ကုန်စည်ပြပွဲတွင် အမ်ဘာနီ၏ အထည်အလိပ်များ အများအပြား ရောင်းချရသည်။
၁၉၇၇ ခုနှစ်တွင် ကုမ္ပဏီ၏ ရှယ်ယာများကို လူထုထံရောင်းချပြီး အများပိုင်ကုမ္ပဏီ အဖြစ်သို့ ပြောင်းလဲသည်။ မြို့ငယ်များတွင် နေထိုင်သည့် လူလတ်တန်းစားတို့ကို ရင်းနှီးမြှုပ်နှံသူ ရှယ်ယာပိုင်ရှင်များ ဖြစ်လာအောင် စည်းရုံးခဲ့သည်။ ကုမ္ပဏီ၏ နှစ်ပတ်လည် အစည်းအေဝးတွင် ရှယ်ယာပိုင်ရှင်များ တက်ရောက်ရာ၌ ဦးရေ သုံးသောင်းကျော်သည်။ ထိုမျှများပြားသောသူများ ဝင်ဆန့်သည့် ခန်းမကျယ် ဘုံဘမြေို့တွင် မရှိချေ။ သို့ဖြစ်ရာ ကရစ်ကက် ကစားကွင်းကျယ်ကြီးထဲတွင် အစည်းအေဝး ကျင်းပခဲ့ကြရသည်။
အမ်ဘာနီက တစ်နေ့ ၁၀ နာရီထက်ပိုပြီး အလုပ်လုပ်ခြင်း မပြုချေ။ ‘‘တစ်နေ့ ၁၆ နာရီ အလုပ်လုပ်တယ်။ ၁၈ နာရီ အလုပ်လုပ်တယ်ဆိုတဲ့သူတွေဟာ အလုပ်လုပ်တာ မထိရောက်တဲ့သူတွေ ဖြစ်မယ်။ ဒါမှမဟုတ် ညာပြောတာ ဖြစ်မယ်’’ ဟု သူက ပြောသည်။
အမ်ဘာနီသည် ၂၀၀၂ ခုနှစ် ဇူလိုင်လ ၆ ရက်တွင် ကွယ်လွန်ခဲ့သည်။

Read 1135 times
Rate this item
(0 votes)