What's new
×
Warning
JUser: :_load: Unable to load user with ID: 845
Coronavirus ဒဏ်ကို အလူးအလဲ ခံနေရသော တရုတ်အထည်အလိပ်ကဏ္ဍ
Coronavirus ဒဏ်ကို အလူးအလဲ ခံနေရသော တရုတ်အထည်အလိပ်ကဏ္ဍ Google
လက်ရှိ တရုတ်နိုင်ငံမှာဖြစ်ပွားလျက်ရှိသော coronavirus ကြောင့် လူတော်တော်များများ အသက်ဆုံးရှံးနေရတာကို တွေ့မြင်ရပါတယ်။
၎င်း coronavirus ဟာ တရုတ်ပြည်သူတို့ရဲ့ အသက်အန္တရယ်ကိုဖျက်စီးရုံ သာမက မကြာသေးမီကမှပြန်လည်တိုးတက်လာသော
တရုတ် အထည်အလိပ် ကဏ္ဍအပြင် အခြားသော စီးပွားရေးတိုးတက် မှု လမ်းကြောင်းကို ပါ ဖျက်စီးလိုက်တာပါ။
Coronavirus ကြောင့် တရုတ်နိုင်ငံမှာ စက်ရုံများ ၊ ကုန်တိုက်များနှင့် လက်လီလက်ကား ဈေးများကို ပိတ်ထားရပါတယ်။
ဒါ့ပြင် ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းထောက်ပံ့မှုများလည်းပြတ်တောက် သွားတယ်လို့ တရုတ်မီဒီယာများက ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံ၏ စီးပွားရေးသည် မကြာသေးမီက ဖြစ်ပွားခဲ့သော တရုတ်-အမေရိကန် ကုန်သွယ်ရေးအငြင်းပွားမှုကြောင့်
ဆုတ်ယုတ်ကျဆင်းခဲ့ပြီး ယခုတစ်ဖန် Coronavirus ကြောင့် စီးပွားရေးဆုတ်ယုတ်ပျက်စီးခြင်းကို နောက်တစ်ကြိမ်
ကြုံတွေနေရပြီပဲဖြစ်ပါတယ်။
Coronavirus စတင်ဖြစ်ပွားရာဒေသဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ဖြစ်ပြီး အဆိုပါမြို့သည် သယ်ယူပို့ဆောင်ရေးအချက်အချာ ကျသေ
မြို့တစ်မြို့ အဖြစ်လူသိများပါတယ်။
လက်ရှိ အခြေအနေများကြောင့် ဝူဟန်မြို့၏ သယ်ယူပို့ဆောင်ရေးကို ပိတ်ဆို့ထားတာကိုလည်းတွေ့ရပါတယ်။
ထိုသို့ ပိတ်ဆို့ထားခြင်းကြောင့် တရုတ်နိုင်ငံ ၏ ပို့ကုန်လုပ်ငန်း ဆိုးရွားစွာထိခိုက်လျက်ရှိပါတယ်။
အထည်အလိပ် ရှုထောင့်မှကြည့်လျှင် လည်း တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ဟူဘိုင်တွင် စီးပွားရေးရပ်ဆဲ ထားရသဖြင့် Polyester
အထည်ထုတ်လုပ်မှု လုပ်ငန်းများကိုပါရပ်ဆိုင်းထားကြောင်းတွေ့ရသည်။
Coronavirus ကြောင့် Poiyester ထုတ်လုပ်မှုသည် ယခုလတွင် ကျဆင်းဖွယ်ရှိပြီး paraxylene ကဲ့သိုသော
စက်မှုလုပ်ငန်းများပါ ကျဆင်းလျက်ရှိတာကိုတွေ့ရပါတယ်။ တရုတ်နိုင်ငံ အလယ်ပိုင်းတွင် အထည်အလိပ်ကဏ္ဍများဖြစ်သော
အထည်အလိပ်ထုတ်လုပ်ခြင်း ၊ ပုံနှိပ်ခြင်းနှင့် ဆေးဆိုးခြင်း လုပ်ငန်းများစွာရှိပြီး အဆိုပါလုပ်ငန်းများကို
ရပ်တန့်လိုက်ရခြင်းကြောင့် ၂၀၂၀ တွင် တရုတ်နိုင်ငံ၏ အထည်အလိပ်ကဏ္ဍသည်
အကြီးအကျယ်ဆုတ်ယုတ်သွားမည်ဖြစ်ကြောင့် ကမ္ဘာလုံးဆိုင်ရာမီဒီယာများကဖော်ပြခဲ့သည်။
အနှစ်ချုပ်ဆိုရလျှင် Coronavirus ကြောင့် တရုတ်နိုင်ငံ ၏ အထည်အလိပ်ကဏ္ဍမှ ကုန်ချောထွက်ပစ္စည်းများ
ပြတ်လပ်လျက်ရှိကြောင်းကိုတွေ့ရသည်။
ဓာတုပစ္စည်းဆိုင် ၁၈၈ ဆိုင်ကိုရှာရန်နှိပ်ပါ။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
Myanmar Textile and Garment Directory
Read 1108 times
Rate this item
(0 votes)
Tagged under