What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Uniqlo က Zara ထက်သာလွန်၍ သရဖူဆောင်းနိုင်ဖွယ်ရှိ

ဂျပန်နိုင်ငံရဲ့ ထသွားထလာ အဝတ်အထည်အရောင်း Brand ဖြစ်တဲ့ Uniqlo အနေနဲ့ ယခင်ကကမ္ဘာ့ ဈေးကွက်နေရာယူမှု့အများဆုံးဖြစ်တဲ့ Zara လုပ်ကိုင်နေတဲ့ အကွက်တွေကို မြင်လာပြီဖြစ်ပြီးတရုတ်ပြည်မကြီးရဲ့ ဝတ်စုံပိုင်းဆိုင်ရာဈေးကွက်ကိုသူ့အနေနဲ့ ရှင်းရှင်းလင်းလင်းသိနေပါပြီတဲ့ ။

 

ကိုရိုနာရောဂါဖြစ်ပွားမှု့ကြောင့် Zara ရဲ့ နဂိုဈေးကွက်ဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပမှာ အဝတ်အထည်ဈေးကွက် သိသိသာသာ အေးစက်တဲ့ အနေအထား ရှိပြီး အာရှ ရဲ့ အဝတ်အထည်ဈေးကွက်ဟာ နာမည်ကြီး Brand တွေအတွက်သိသိသာသာ နေရာယူလို့ကောင်းတဲ့ အနေအထားပါပဲ ပြောပြောဆိုဆို ကိုဗစ်ကလဲ အာရှမှ နိုင်ငံ များထက် အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေမှာပိုပြီး အထိနာသကိုး။

 

ယခု ဆိုရင် Uniqlo ရဲ့ လက်လီရောင်းတဲ့ဈေးကွက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က နောက်ဆုံးအပတ်စာရင်းချုပ်မှာ ဂျပန်ယမ်းငွေ ၆.၅၃ ထရီလီယံ ( ၆၀.၉ သန်း ) ရှိတယ်သိရပါတယ်။ဒါကိုကြည့်မယ်ဆိုရင် ထိပ်ဆုံး ရောက်သရဖူဆောင်းတဲ့ ရောင်းအားတွက်နှုန်း ၉.၁၇ ထရီလီယမ် နဲ့ ဆိုရင်သိပ်မကွာတော့တဲ့ အနေအထားပါ။

 

၂၀၁၇ မှ Zara ကို ပြန်ကြည့်မယ်ဆိုရင်တော့ သူတို့ရဲ့ မိခင်လုပ်ငန်းစု Inditex မှာ ၃၀၀ ရာခိုင်နှုန်းကြီးထွားလာခဲ့ပါတယ် ယခုဆိုရင်တော့ ကိုဗစ်မဖြစ်ခင်ကနေ ယခုအထိ ၄၀ ရာခိုင်နှုန်းသာကြီးထွားတယ်သိရပါတယ်။

 

ဖိနပ်ဈေးကွက်မှာဆိုရင်လဲ Fashion Brand တွေအနေနဲ့ အခုအချိန်မှာ အီတလီတို့ စပိန်တို့ မှာလဲကိုဗစ်ဒဏ်ကို အလူးအလဲ ခံထားရတာမို့ ဈေးကွက်ကို ဦးမတည်နိုင်တော့လောက်ဘူး သို့အပြင် ပြင်သစ်ဆို စပိန်ထက်တောင်ဆိုးရွားတာမို့ Zara မှ ဈေးကွက်ဦးတည်ချက်မှားတယ်ပြောရပေမည်။

 

Uniqlo ဟာ လာမယ့် သောကြာနေ့မှာဆိုလျင်သူ့ရဲ့ လက်လီရောင်းချတဲ့ အပြည့်ပြည်ဆိုင်ရာ အရောင်းသတ်မှတ်တဲ့ လက်ကားဆိုင် ကနေ စတင်ဈေးပြန်လည်ရောင်းချမယ်သိရပါတယ်။ထို့အပြင် Uniqlo ဟာ ပေ ၅၀၀ စကွဲမီတာနဲ့ ဆိုင်ခွဲကို အကြွေး လွတ်ကင်းစွာဖွင့်လှစ်နိုင်တော့မှာပါ။ထိုဆိုင်အသစ်တွင်လူငယ်များအကြိုက်ဆိုင်အပြင်အဆင်ကို ပြုလုပ်ထားတယ်သိရပြီး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားများကို အဓိက ထားရောင်းမယ်သိရပါတယ်။

 

လက်လှမ်းမှီစွာ လက်ကားရောင်းချခြင်းရဲ့ အမှု့ဆောင်ချုပ်ဖြစ်သူ Tadashi Yanai ပြောကြားချက်အရ ကျွန်တော်တို့တွေရဲ့ စိတ်ကူးက ကမ္ဘာ့ အလယ်မှာပဲရှိပါတယ် , သည့်အပြင် Uniqlo ကို အထည်အလိပ်အသစ် ၊ အဝတ်အထည် အသစ်တွေနဲ့ ပုံစံတစ်မျိုး ဆန်းသစ်သွားမှာပါလို့ပြောကြားခဲ့ပါတယ်။

 

<<< Zawgyi >>>

 

Uniqlo မှ Zara ထက်သာလွန်၍ သရဖူဆောင်းနိုင်ဖွယ်ရှိ

-------------------------------------------------------------

 


 


 


 

၂၀၁၇ မှ Zara ကို ပြန်ကြည့်မယ်ဆိုရင်တော့ သူတို့ရဲ့ မိဘ လုပ်ငန်းစု Inditex မှာ ၃၀၀ ရာခိုင်နှုန်းကြီးထွားလာခဲ့ပါတယ် ယခုဆိုရင်တော့ ကိုဗစ်မဖြစ်ခင်ကနေ ယခုအထိ ၄၀ ရာခိုင်နှုန်းသာကြီးထွားတယ်သိရပါတယ်။

 


 


 


 

Ref : Nekkei 

Read 1209 times
Rate this item
(0 votes)
Tagged under