What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Zara ရဲ့ မိခင်ကုမ္ပဏီ Inditex တစ်ရက်တည်းမှာ အမှာစာ တစ်သန်း ရရှိ

စပိန်နိုင်ငံမှ အဓိကလုပ်ငန်းကြီးတစ်ခုဖြစ်သော အဝတ်အထည်ကုမ္ပဏီ Inditex သည် အွန်လိုင်းရောင်းချခြင်းဖြင့် တိုးတက်မှုများ ရရှိခဲ့သည်။

 

ဖက်ရှင်ထည်များ အပါအဝင် အဝတ်အစားအမျိုးမျိုး လက်လီအရောင်းလုပ်ငန်းစုသည် ၎င်း၏ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုတွင် ပိုမိုတိုးတက်သောခြေလှမ်းများ လှမ်းနေပြီဖြစ်သည်။ Inditex သည် တစ်ရက်အတွင်း အမှာစာတစ်သန်းကို ပထမဆုံးအနေဖြင့် လက်ခံရရှိခဲ့သည်။

 

Corona ကူးစက်မှုသည် Inditex ၏ အမှတ်တံဆိပ်များဖြစ်သော Zara, Pull & Bear နှင့် Bershka စသော မြေပြင်အခြေစိုက် စတိုးဆိုင်များအပေါ် အဓိကသက်ရောက်မှု ရှိခဲ့သည်။ သို့သော် ယေဘုယျအားဖြင့် ကုမ္ပဏီသည် ယခုနှစ် ဒုတိယသုံးလပတ်တွင် အမြတ်အစွန်း ပြန်ပြလာပြီဖြစ်သည်။

 

ပထမသုံးလပတ်တွင် ယူရို ၄၀၉ သန်းအရှုံးပေါ်ခဲ့ပြီး ကိန်းဂဏန်းများ အနီရောင်ဖြစ်နေခဲ့ရာမှ ဒုတိယသုံးလပတ်တွင် အသားတင်အမြတ်ငွေ ယူရို ၂၁၄ သန်း ရရှိခဲ့သည်။

 

Inditex က ပြောကြားသည်မှာ တတိယသုံးလပတ်တွင် အရောင်းအဝယ်များ ပုံမှန်အတိုင်း ပြန်ဖြစ်မည့်ဆီသို့ တဖြည်းဖြည်း ပြန်လာသည်ကို ဆက်လက်တွေ့ရသည်။ အွန်လိုင်းရောင်းအား သိသိသာသာကြီးထွားလာသည့်အပြင် မြေပြင်အခြေစိုက် စတိုးဆိုင်များ ရောင်းအားသည်လည်း တဖြည်းဖြည်း ပြန်လည်နာလန်ထူလာသည်။

 

CEO Pablo Isla က အွန်လိုင်း ရောင်းအားကြီးထွားလာသည်ကို အထူးတလည် ကျေနပ်အားရ ဖြစ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

"ကျွန်တော်တို့ရဲ့ အွန်လိုင်းရောင်းအား ကြီးထွားလာတာကို အထူးကျေနပ်မိတယ်။ ဘာကို ပြသတာလဲဆိုတော့ မြေပြင်အခြေစိုက် စတိုးဆိုင်တွေနဲ့ အွန်လိုင်း စတိုးဆိုင်တွေ ပေါင်းစပ်လုပ်ကိုင်ဖို့ အလွန်အမင်း အရေးကြီးတယ် ဆိုတာပါပဲ။ အခု အောင်မြင်မှုဟာ ကျွန်တော်တို့အတွက် မှတ်တိုင်တစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ စီးပွားရေးပုံစံ၊ လိုသလို အလိုက်သင့် ညွှတ်ကွေးပေးနိုင်ခြင်း၊ ပြီးတော့ အွန်လိုင်း ပလက်ဖောင်း မဟာဗျူဟာ၊ ဒစ်ဂျစ်တယ်နဲ့ ပေါင်းစည်းခြင်း။ တရက်ချင်း သေချာ စောင့်ကြည့်ပြီး ပြုပြင်မွမ်းမံပေးခြင်း စတာတွေအတွက် မှတ်တိုင်စိုက်ထူလိုက်တာ ဖြစ်ပါတယ်"

Read 910 times
Rate this item
(0 votes)