What's new



ရာသီဥတုဆိုးရွားမှုကြောင့် အာရှ ၄ နိုင်ငံ အထည်တင်ပို့မှု ဒေါ်လာ ၆၅ ဘီလီယံ လျော့ပါးနိုင်

ရာသီဥတုဆိုးရွားမှုကြောင့်  အာရှ ၄ နိုင်ငံ အထည်တင်ပို့မှု ဒေါ်လာ ၆၅ ဘီလီယံ လျော့ပါးနိုင်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

အပူလွန်ကဲခြင်းနှင့် ရေကြီးခြင်းတို့ကြောင့် ၂၀၃၀ ခုနှစ်တွင် အာရှနိုင်ငံ လေးနိုင်ငံမှ အထည်တင်ပို့မှုမှ ဝင်ငွေ ကန်ဒေါ်လာ ၆၅ ဘီလီယံ လျော့ပါးနိုင်သည်ဟု Schroders နှင့် Cornell University တို့ကခန့်မှန်းထားသည်။

 

သုတေသန လေ့လာဆန်းစစ်မှုကို ကမ္ဘာ့အဝတ်အစား အမှတ်တံဆိပ် ၆ ခုတို့မှ အာရှ ၄ နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်နှင့် ဗီယက်နမ်တို့တွင် လုပ်ငန်းလည်ပတ်မှုများကို လေ့လာခဲ့ရာ ၎င်းလေးနိုင်ငံစလုံး အထည်ပို့ကုန် ဝင်ငွေများ ထိခိုက်နေသည်ကို တွေ့ရသည်။

 

ချုပ်ထည် ချုပ်လုပ်သည့် လုပ်ငန်းများနှင့် ချုပ်ထည် မှာကြားသည့် လုပ်ငန်းများသည် အပူလွန်ကဲခြင်းနှင့် ရေကြီးခြင်းတို့ကြောင့် ကုန်ထုတ်လုပ်မှု ထိခိုက်မည့်အရေးကို ထည့်သွင်းစဉ်းစားထားကြခြင်းလည်း မရှိကြဟု Cornell Global Labour Institute ၏ အမှုဆောင်ဒါရိုက်တာ Jason Judd က ပြောကြားသည်။

"အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ ရာသီဥတုနဲ့ ပတ်သက်လို့ တဖန်ပြန်သုံးခြင်း၊ ကာဘွန်ထုတ်လွှတ်မှု လျော့နည်းရေး စတာတွေကို တုံ့ပြန်ဆောင်ရွက်နေကြပေမဲ့ ရေကြီးတာ၊ အပူလွန်ကဲတာတွေအတွက် ထည့်စဉ်းစားပေးထားတာ မရှိသလောက်ပါပဲ" ဟု ၎င်းက ပြောကြားသည်။

 

အပူလွန်ကဲခြင်းနှင့်အတူ စိုထိုင်းဆ များခြင်းကြောင့် လုပ်သားများ အပူဒဏ်ထိပြီး ကုန်ထုတ်လုပ်နိုင်စွမ်း ထိခိုက်နိုင်သည်။

 

ရေကြီးခြင်းကြောင့် အထည်ချုပ်စက်ရုံများ ယာယီပိတ်ထားရသဖြင့် ကုန်ထုတ်လုပ်မှု ကျဆင်းနိုင်သည်။ 

 

ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်နှင့် ဗီယက်နမ် ၄ နိုင်ငံ၏ အဝတ်အစားနှင့် ခြေစီး ချုပ်ထည်များ တင်ပို့မှု၏ ၁၈% ကို တင်ပို့သည်။ လုပ်သား ၁၀.၆ သန်းကို အလုပ်အကိုင် ပေးအပ်ထားသည်။ 

 

Source Reuters 


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 336 times
Rate this item
(0 votes)