What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်တင်ပို့မှု ဆက်လက် ကျဆင်းလျက်ရှိ

ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်တင်ပို့မှု ဆက်လက် ကျဆင်းလျက်ရှိ Fibre2Fashion

ဟိုချီမင်းမြို့ရှိ အ၀တ်အထည်လုပ်ငန်းတွေရဲ့ အော်ဒါက မနှစ်ကလိုမျိုး ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း HCM (Ho Chi Minh City)အထည်အလိပ်နှင့် အထည်ပန်းထိုးအသင်းက ပြောကြားခဲ့ပါတယ်။

ယခုနှစ် ၂၀၂၀ရဲ့ ပထမခုနစ်လမှာ အထည်အလိပ်ထုတ်လုပ်မှုက ၁.၈ ရာခိုင်နှုန်းတိုးလာခဲ့သော်လည်း အ၀တ်အထည်ထုတ်လုပ်မှုက မနှစ်က ဒီလိုအချိန်ကာလနှင့် နှိုင်းယှဉ်လျှင် ၄.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း စက်မှုနှင့် ကုန်သွယ်ရေး၀န်ကြီးဌာနမှ ပြောကြားခဲ့သည်။

"ကူးစက်ရောဂါက စားသုံးသူတွေရဲ့ တောင်းတမှုတွေ ဝယ်ယူမှုတွေကိုပြောင်းလဲစေခဲ့တယ်။ အဓိက အကြောင်းအရင်းကတော့ လူတွေက အဝတ်အထည်ဝယ်ဖို့ကို အရင်ကလိုအာရုံမစိုက်တော့ဘဲ အစားအစာက မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းလို့ သတ်မှတ်လိုက်တဲ့အတွက် အသုံးစရိတ်တွေက ကဏ္ဍပြောင်းသွားတာ ဖြစ်တယ်" လို့ ဗီယက်နမ်အထည်အလိပ်နှင့် အ၀တ်အထည်များအသင်း (VITAS) ရဲ့ ဥက္ကဌ Vu Duc Giangက ပြောကြားခဲ့ပါတယ်။

Academy_Chemical_Group_2426.png

"ရှေ့ဆက် ရှင်သန်ရပ်တည်ဖို့အတွက် အထည်ချုပ်လုပ်ငန်းတွေက ပြည်တွင်းဈေးကွက်ကို ပြန်ဝင်ရောက်လာကြသော်လည်း လူအများစုက အသုံးစရိတ်ကို ချွေတာလိုက်တာကြောင့် ပြည်တွင်းဝယ်လိုအားမှာလည်း အားနည်းနေတယ်"လို့ ဗီယက်နမ်သတင်းစာက ဖော်ပြထားပါတယ်။

၂၀၂၀ရဲ့ ပထမခုနစ်လအတွင်း အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၆.၁၈ ဘီလီယံရရှိသော်လည်း ၁၂.၁ ရာခိုင်နှုန်း ကျဆင်းနေပါသေးတယ်။ အမျှင်အမျိုးမျိုးနှင့် ချည်မျှင်တွေတင်ပို့မှုက မနှစ်ဒီလိုချိန်တင်ပို့မှုထက် ၂၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။

ယခုနှစ် စက်ရုံတွေရဲ့ စုစုပေါင်းပို့ကုန်လည်ပတ်မှု ငွေပမာဏကို ဒေါ်လာ ၃၂.၇၅ ဘီလီယံရှိလိမ့်မယ်လို့ ခန့်မှန်းထားပြီး ၎င်းခန့်မှန်းမှုကို ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ၁၆ ရာခိုင်နှုန်းကျဆင်းနေပါတယ်။

 

Written By Omega 

Fibre2Fashion

Read 907 times
Rate this item
(0 votes)
Tagged under