What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဗီယက်နမ် အထည်အလိပ်နှင့် ချုပ်ထည် တင်ပို့မှု မြင့်တက်

ဗီယက်နမ်နိုင်ငံသည် အထည်အလိပ်နှင့် အထည်ချုပ် တင်ပို့သည့် နိုင်ငံများတွင် ကမ္ဘာ့ ပဉ္စမ အများဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိနေသည်။ ပြည်ပတင်ပို့မှုသည် ၂၀၁၈ ခုနှစ် ပထမ နှစ်ဝက်တွင် ၁၆ ဘီလျံ ရှိခဲ့ရာ ယမန်နှစ် ပထမနှစ်ဝက်ထက် ၁၄ ရာခိုင်နှုန်း ပိုများသည်။

ဝင်လမ်းသာခြင်း
*********
ကျွမ်းကျင်သူတို့က ဆိုထားသည်မှာ ဗီယက်နမ်သည် ၎င်း၏ ဈေးကွက်များကို ချဲ့ထွင်ရန် အခွင့်အလမ်း အများအပြားရှိနေသည်။ အကြောင်းမှာ ကုန်သွယ်ဖက်နိုင်ငံများနှင့် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်များ လက်မှတ်ရေးထိုးထားသောကြောင့် ဖြစ်သည်။

သာဓကအားဖြင့် EU နှင့် ဗီယက်နမ်တို့သည် European Union - Vietnam Free Trade Agreement (EVFTA) ကို ၂၀၁၈ ခုနှစ်ထဲတွင် လက်မှတ်ရေးထိုးခြင်းဖြင့် ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်များနှင့် အထည်ချုပ်လုပ်ငန်းများသည် ၎င်းဈေးကွက်ထဲသို့ ၀င်လမ်းသာနေမည်ဟု မျှော်မှန်းနိုင်မည် ဖြစ်သည်။

ထို့အပြင် အမေရိကန်သည် တရုတ်နိုင်ငံမှ တင်သွင်းသေ အထည်အလိပ်များနှင့် ချုပ်ထည် များအပေါ် အကောက်ခွန်စည်းကြပ်ခြင်း နှုန်းထား တိုးမြှင့်ဖွယ် ရှိနေသည်။ ထိုအချက်က ဗီယက်နမ်လုပ်ငန်းများကို မျက်နှာသာပေးသည့် အခြေအနေများ ဖန်တီးပေးလိမ့်မည်။ ထိုအခါ ဗီယက်နမ်ကုမ္ပဏီများသည် အမေရိကန်ဈေးကွက်ထဲသို့ တင်ပို့မှုများ တိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး ဈေးကွက်ဝေစု ပိုကြီးမားစေမည် ဖြစ်သည်။ အမေရိကန်သည် ဗီယက်နမ်၏ အထည်အလိပ် ပို့ကုန်များအတွက် အခရာကျသည့် ဈေးကွက်တစ်ခု ဖြစ်သည်။

 

တိုးတက်ကောင်းမွန်လျက်ရှိ
*************
ဗီယက်နမ် အထည်အလိပ်နှင့် အ၀တ်အစား အသင်း Vietnam Textile and Apparel Association (VITAS) ဥက္ကဋ္ဌ Vu Duc Giang ရဲ့ အဆိုအရ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးသည် ၂၀၁၇ ခုနှစ်ဖက် ကြီးထွားနှုန်း ပိုမိုမြင့်မားမည် ဖြစ်ပြီး တိုင်းပြည်၏ မက်ခရိုစီးပွားရေးသည် ဆက်လက်တည်ငြိမ်နေမည်။ သို့ဖြစ်ရာ ပြီးသည့်နှစ်ဝက်တွင် အထည်အလိပ်လုပ်ငန်းကဏ္ဍအနေဖြင့် ကောင်းသောရလဒ်များ ထွက်ပေါ်ခဲ့သည်။

သဘာဝချည်မျှင်မှ ထုတ်လုပ်သော အထည်များထုတ်လုပ်မှုသည် ပြီးခဲ့သည့် နှစ်ဝက်တွင် သန်း ၂၇၆ ဒဿမ ၆ စတုရန်းမီတာအထိ များပြားခဲ့သည်။ ၎င်း ထုတ်လုပ်မှုပမာဏသည် ယခင်နှစ် ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက ၉ ဒဿမ ၇ ရာခိုင်နှုန်း ပိုများသည်။ နိုင်လွန်ချည်ကဲ့သို့သော ဓာတုချည်မျှင်ဖြင့် ရက်လုပ်ခြင်းသည် ၅၂၅ ဒဿမ ၉ သန်း စတုရန်းမီတာ ရှိမည် ခန့်မှန်းသည်။ သို့ဖြစ်ရာ ယခင်နှစ် ပထမနှစ်ဝက်ထက် ၂၁ ဒဿမ ၁ ရာခိုင်နှုန်း ပိုများသည်။ အ၀တ်အထည် ချုပ်လုပ်ခြင်းသည် ခုရေ သန်းပေါင်း ၂,၀၃၅ ရှိမည်။ သို့ဖြစ်ရာ ယခင်နှစ် ပထမနှစ်ဝက်ထက် ၁၀ ဒဿမ ၄ ရာခိုင်နှုန်း ပိုများသည်ဟု ၎င်းက ပြောကြားသည်။

အမေရိကန်နိုင်ငံ အပါအ၀င် အဓိကဈေးကွက်များသို့ တင်ပို့ခြင်း၊ Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) အဖွဲ့ဝင် နိုင်ငံများသို့ တင်ပို့ခြင်း၊ အီးယူနိုင်ငံများသို့ တင်ပို့ခြင်း တောင်ကိုရီးယား၊ တရုတ်နှင့် အာဆီယံနိုင်ငံများသို့ တင်ပို့ခြင်းများသည် ယခုနှစ် ပထမနှစ်ဝက်တွင် ယခင်နှစ် ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်ထက် ပိုမိုများပြားသည်။

 

အခက်အခဲ အများအပြား ရှိနေဦးမည်
************

သို့သော် ၎င်းလုပ်ငန်းကဏ္ဍသည် အခက်အခဲ အများအပြားကို ၂၀၁၈ ခုနှစ်၏ ကျန်ရှိသည့် နှစ်ဝက်တွင် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်မည်ဟု ဥက္ကဋ္ဌ Vu Duc Giang က ပြောပြသည်။ လာမည့် နှစ်အတန်ကြာအထိ အ၀တ်အစား ၀ယ်ယူအား တန့်နေဦး မည်ဖြစ်ပြီး ကမ္ဘာ့ အထည်အလိပ်ဈေးကွက်ထဲတွင် ယှဉ်ပြိုင်မှု ပြင်းထန်နေမည် ဖြစ်သည်။ ကမ္ဘာ့အထည်အလိပ်နှင့် ချုပ်ထည်များသည် ၁ မှ ၂ ရာခိုင်နှုန်းအထိသာ တိုးမည်ဟု ကြိုတင်ခန့်မှန်းထားသည်ဟု သူက မှတ်ချက်ပြုသည်။

နောက်ထပ် အခက်အခဲတစ်ခုမှာ ဗီယက်နမ် ထုတ်ကုန် အထည်အလိပ်မျာအပေါ် အခွန်စည်းကြပ်ရာ၌ အမေရိကန်သည် ၁၇ ဒဿမ ၅ ရာခိုင်နှုန်း အီးယူက ၉.၆ ရာခိုင်နှုန်း စည်းကြပ်နေခြင်း ဖြစ်သည်။ အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနှင့် မြန်မာတို့အဖို့မှာ သုည ရာခိုင်နှုန်း ဖြစ်သည်။

 

အခွင့်အလမ်းကောင်းများ ရရှိစေရေး
*************
ဥက္ကဋ္ဌ Vu Duc Giang က ပြောပြသည်မှာ အထည်အလိပ်လုပ်ငန်းများနှင့် အထည်ချုပ် လုပ်ငန်းများ၏ ပြည်ပတင်ပို့မှုကို မြှင့်တင်ဖို့ ထောက်ကူရန် အသင်းအနေဖြင့် ကုန်သွယ်မှု မြှင့်တင်ရေး အစီအစဉ်များကို အကောင်အထည်ဖော်ပေးလျက် ရှိသည်။ CPTPP နှင့် EVFTA တို့ကြောင့် ရရှိနေသည့် အခွင့်အလမ်းကောင်းများကို အသုံးချနိုင်ရန်အတွက်လည်း မိတ်ဆက်ပေးလျက်ရှိသည်။
ထို့ပြင် အမေရိကန်၊ အီးယူ၊ ဂျပန်နှင့် တောင်ကိုရီးယား ဈေးကွက်များသို့ တင်ပို့နေခြင်းအပြင် အခြားဈေးကွက်များ ဖြစ်သော တရုတ်နှင့် အာဆီယံ ဈေးကွက်များသို့ တင်ပို့နိုင်ရန် စူးစိုက်လုပ်ဆောင်နေသည်။

Source News VietNamNet

Read 1258 times
Rate this item
(0 votes)