What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အီတလီ ဖက်ရှင်လုပ်ငန်းကဏ္ဍ ပြန်လည်စတင်

မသေချာမရေရာသောအနာဂတ်ကို ထွေးပိုက်ကာ အီတလီ၏ ဖက်ရှင်လုပ်ငန်းကဏ္ဍသည်

စိတ်အားထက်သန်မှုနှင့် စိုးရိမ်ပူပန်မှုဖြင့် ပြန်လည်စတင်သည်။

အီတလီဖက်ရှင်လုပ်ငန်ကဏ္ဍးမှ ကုမ္ပဏီအများစုဟာ လုပ်ငန်း ပြန်လည်စတင်လိုက်ကြသည်။ တစ်နိုင်ငံလုံး ၂ လ နီးပါး coronavirus အရေးပေါ် အခြေအနေအတွက် ပိတ်ထားခဲ့ပြီးတဲ့နောက်မှာ ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံရဲ့ စီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှုတို့မှာ ရတနာများအဖြစ် သတ်မှတ်ခံရတဲ့ ဖက်ရှင်လုပ်ငန်းကဏ္ဍဟာ အီတလီနိုင်ငံတွင် ဖြစ်ပွားသော COVID-19 ကူးစက်ရောဂါကြောင့် ထိခိုက်နစ်နာမှု မရှိသလောက်ဖြစ်သည်။

မေလ ၄ ရက်နေ့တွင် ကုန်ထုတ်လုပ်မှု အပါအဝင် လုပ်ငန်းလုပ်ကိုင်မှုများကို ကန့်သတ်ထားမှုများအား ရုပ်သိမ်းပြီးသည့်နောက် ဖက်ရှင်လုပ်ငန်းရှင်များအကြား စိတ်ဓာတ်မှ ာအတော်အတန်မြင့်တက်နေကြောင်းဖက်ရှင်လုပ်ငန်းကဏ္ဍမှ အော်ပရေတာများက ပြောကြားခဲ့သည်။

"ဒီအဆင့်ကို စိတ်အားထက်သန်စွာနဲ့ ချဉ်းကပ်ပြီး တစ်ချိန်တည်းမှာ စိတ်ပူနေပါတယ်" ဟု အီတလီမှ Confindustria Moda အသင်း ဥက္ကဌ ကလော်ဒီယိုမာရင်ဇီက အင်တာဗျူးတစ်ခုတွင် ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

Confindustria Moda သည် အထည်အလိပ်၊ ဖက်ရှင်နှင့် ဆက်စပ်ပစ္စည်းကဏ္ဍမှာ လုပ်ငန်းစုစုပေါင်း ၈၀ ၀၀၀ ဝန်းကျင် ရှိနေရာ၌ ၆၆၀၀၀ ခန့်ကို ကိုယ်စားပြုပြီး အများစုမှာ အသေးစားနှင့်အလတ်စားများ ဖြစ်ကြသည်။ အများစုမှာ ပြည်ပပို့ကုန်အပေါ် အဓိကထားကြသည်။ ၂၀၁၈ ခုနှစ်တွင်ပြည်ပသို့ရောင်းချမှုသည် ၄ င်းတို့၏လည်ပတ်မှု၏ ၆၆.၃ ရာခိုင်နှုန်းရှိသည်ဟု အသင်းကဆိုသည်။

ပြန်ဖွင့်ရန်စိတ်အားထက်သန်
==========
“ ငါတို့အားလုံး ပြန်ဖွင့်ချင်တယ်၊ ငါတို့အကောင်းဆုံးလုပ်မယ်လို့ ယုံကြည်တယ်၊ ဒါက ငါတို့ရဲ့ အကောင်းမြင်ဝါဒရဲ့ အဓိကအရင်းအမြစ်ပဲ” ဟု ကလော်ဒီယို မာရင်ဇီက ပြောသည်။

တချိန်တည်းမှာပင် အခက်အခဲများကို သတိပြုမိသည်။ အချို့သောကုမ္ပဏီများသည် ကောင်းမွန်သောရွေးချယ်မှုများ ပြုလုပ်နိုင်ပြီး အခြားသူများကမူ မှားယွင်းသော ရွေးချယ်မှုများကို ပြုလုပ်ကြလိမ့်မည်။ ပြန်လည်စတင်မှုတိုင်း၌ ဖြစ်ပျက်နေသကဲ့သို့ ယခုမကြုံစဖူးသောအခြေအနေမျိုးတွင်လည်း ပို၍ပင်ဖြစ်လိမ့်မည်။

ယေဘူယျအားဖြင့် အီတလီ၏ ဖက်ရှင်နှင့်အထည်အလိပ်လုပ်ငန်းသည် ဝင်ငွေအနည်းဆုံးယူရို ၉၅.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၃.၃ ဘီလီယံ) ရရှိပြီး အလုပ်သမား ၅၈၀,၀၀၀ ကျော်အား အလုပ်ခန့်ထားသည်။

Confindustria Moda ၏ သုတေသနစင်တာမှ ပြုလုပ်သောစစ်တမ်းတစ်ခုအရ ဖက်ရှင်ကုမ္ပဏီများမှ ၀ င်ငွေလည်ပတ်မှုဆုံးရှုံးမှုသည် ၂၀၂၀ ပထမသုံးလပတ်တွင် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်လျှင်ပျမ်းမျှ ၃၅ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။

စစ်တမ်းကို ကုမ္ပဏီ ၃၂၀ ၏ နမူနာတွင် ဧပြီ ၇-၁၇ ရက်အတွင်း ( အပြည့်အဝပိတ်ထားစဉ် ) ပြုလုပ်ခဲ့သည်။ ပါဝင်ဖြေကြားပေးသည့်ကုမ္ပဏီများသည် ပထမသုံးလပတ်တွင် သူတို့၏အမှာစာမှာ ပျမ်းမျှ ၄၀.၅ ရာခိုင်နှုန်းကျဆင်းသွားသည်ကို တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် အနည်းဆုံး ၈၀ ရာခိုင်နှုန်းက COVID-19 ၏ သက်ရောက်မှုများကို လျှော့ချရန် ၂၀၂၀ နှစ် တစ်လျှောက်လုံးသူတို့၏ ၀ န်ထမ်းများအတွက် အစိုးရမှ စီစဉ်ပေးသော အလုပ်လက်မဲ့အကျိုးခံစားခွင့်အစီအစဉ်ကို အသုံးပြုလိမ့်မည်ဟု ပြောကြားခဲ့သည်။

"၂၀၂၀ ပြည့်နှစ်တစ်ခုလုံးကို စဉ်းစားကြည့်ရင် အီတလီဖက်ရှင်ရောင်းဝယ်မှုဟာ ၃၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ နိုင်ငံတကာခရီးသွားလုပ်ငန်းနယ်ပယ် ကျဆင်းမှုအတွက်လည်း ပေးဆပ်ရဖွယ်ရှိပါတယ်" ဟု မာရင်ဇီကပြောကြားခဲ့သည်။

“ အာရှမှ အထူးသဖြင့် ကျွန်တော်တို့အတွက် အရေးအပါဆုံး သုံးနိုင်ငံဖြစ်သော တရုတ်၊ တောင်ကိုရီးယားနှင့်ဂျပန်နိုင်ငံများမှ လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံများမှလည်းကောင်း ကမ္ဘာလှည့်ခရီးသွား ၀ င်လာမှုကျဆင်းသွားလိမ့်မယ်" ဟု သူက ပြောသည်။ ကမ္ဘာလှည့်ခရီးသွားများ အလာလျော့ကျလျှင် အီတလီမှာ ကမ္ဘာလှည့်ခရီးသွားများ ဈေးဝယ်သည့် ပမာဏလည်း လျော့ကျမည်။ ဖက်ရှင်လုပ်ငန်းများ၏ လက်လီရောင်းအားကို ထိခိုက်မည်ဖြစ်သည်။

ထိုအတောအတွင် းမီလန်အခြေစိုက် National Chamber of Italian Fashion မှလာမည့် Fashion Weeks (အမျိုးသားနှင့်အမျိုးသမီးများ) ကို ဇွန်လမှ ဇူလိုင်လအထိ ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း၊ ဒီဇိုင်နာများကိုသူတို့၏တီထွင်မှုများနှင့်တကွ တစ်ချိန်တည်းတွင် ဖော်ပြခွင့်ပြုရန်အတွက်သာ ဖြစ်သည်။ ကူးစက်နိုင်သောအန္တရာယ်ကို ရှောင်ရှားမည်ဟု ဆိုသည်။

ဒီဂျစ်တယ်ဖက်ရှင် ရက်သတ္တပတ်ကို ဇူလိုင် ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အမျိုးသားနှင့်အမျိုးသမီးများအတွက် ၂၀၂၁ နွေ ဦး ရာသီဖက်ရှင်စုဆောင်းမှုများကို ပြသကြမည်။

လက်လီရောင်းချခြင်းအတွက် ခက်ခဲသည်
==========
ဖက်ရှင်လုပ်ငန်းနယ်ပယ်အပိုင်းအခြားတစ်ခုဖြစ်သည့် အဝတ်အထည် လက်လီအရောင်းဆိုင်များသည် လက်ရှိအချိန်တွင် အထိခိုက်ဆုံးဖြစ်သည်။
မေလ ၁၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည့်ဆိုင်များအတွက် ကန့်သတ်ချက်များကိုလည်း မရရှိသေးပေ။

"အီတလီရဲ့ဖက်ရှင်စတိုးတွေမှာ ရောင်းရငွေဟာ တစ်နှစ်ကိုယူရို ၆၀ ဘီလီယံလောက်ရှိပြီး ဒီအရေးပေါ်အခြေအနေကြောင့် အနည်းဆုံး ၁၅ ဘီလီယံပျောက်ဆုံးသွားတယ်လို့ ခန့်မှန်းရပါတယ်" ဟု CNA Federmoda အသင်းဥက္ကဌRenato Borghi က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ အသင်းအဖွဲ့သည်အထည်အလိပ်၊ အဝတ်အထည်နှင့် ဖက်ရှင်ထုတ်လုပ်သူ ၂၅၀၀၀ ခန့်နှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများကိုကိုယ်စားပြုသည်။

Federmoda မှ ခန့်မှန်းတွက်ဆထားသည့် ခန့်မှန်းချက်အရ ကိုဗစ်အကျပ်အတည်းကြောင့် စတိုးဆိုင် ၁၅၀၀၀ (၁၁၅၀၀၀ ခန့်အနက်) ခန့်သည် ပိတ်သွားနိုင်သည်။

အသင်းသည် အစိုးရသို့ အထူးတောင်းဆိုမှုများကို တင်သွင်းခဲ့သည်။ အရေးအပါဆုံးများမှာ ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ လက်ရှိ အခွန် တရားဝင်ဆိုင်းငံ့ထားခြင်းကို စက်တင်ဘာလအထိ ရက်တိုးပေးရန်၊
လူမှုဖူလုံရေးများ တိုးချဲ့ခြင်းနှင့် မရောင်းရသေးသည့် ထုတ်ကုန်များအပေါ် အခွန်အကြွေးထားအစီအစဉ် ၆၀ ရာခိုင်နှုန်းအထိ တိုးချဲ့ခြင်းတို့ဖြစ်သည်။ (1 ယူရို = 1.08 အမေရိကန်ဒေါ်လာ)
စင်ဟွာ

 

အီတလီ ဖက္ရွင္လုပ္ငန္းက႑ စိတ္အားထက္သန္မႈႏွင့္စိုးရိမ္ပူပန္မႈတို႔ျဖင့္ ျပန္လည္စတင္

မေသခ်ာမေရရာေသာအနာဂတ္ကို ေထြးပိုက္ကာ အီတလီ၏ ဖက္ရွင္လုပ္ငန္းက႑သည္ စိတ္အားထက္သန္မႈႏွင့္ စိုးရိမ္ပူပန္မႈျဖင့္ ျပန္လည္စတင္သည္။

အီတလီဖက္ရွင္လုပ္ငန္က႑းမွ ကုမၸဏီအမ်ားစုဟာ လုပ္ငန္း ျပန္လည္စတင္လိုက္ၾကသည္။ တစ္ႏိုင္ငံလုံး ၂ လ နီးပါး coronavirus အေရးေပၚ အေျခအေနအတြက္ ပိတ္ထားခဲ့ၿပီးတဲ့ေနာက္မွာ ျပန္လည္စတင္ခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံရဲ႕ စီးပြားေရးနဲ႔ ကုန္ထုတ္လုပ္မႈတို႔မွာ ရတနာမ်ားအျဖစ္ သတ္မွတ္ခံရတဲ့ ဖက္ရွင္လုပ္ငန္းက႑ဟာ အီတလီႏိုင္ငံတြင္ ျဖစ္ပြားေသာ COVID-19 ကူးစက္ေရာဂါေၾကာင့္ ထိခိုက္နစ္နာမႈ မရွိသေလာက္ျဖစ္သည္။

ေမလ ၄ ရက္ေန႔တြင္ ကုန္ထုတ္လုပ္မႈ အပါအဝင္ လုပ္ငန္းလုပ္ကိုင္မႈမ်ားကို ကန႔္သတ္ထားမႈမ်ားအား ႐ုပ္သိမ္းၿပီးသည့္ေနာက္ ဖက္ရွင္လုပ္ငန္းရွင္မ်ားအၾကား စိတ္ဓာတ္မွ ာအေတာ္အတန္ျမင့္တက္ေနေၾကာင္းဖက္ရွင္လုပ္ငန္းက႑မွ ေအာ္ပေရတာမ်ားက ေျပာၾကားခဲ့သည္။

"ဒီအဆင့္ကို စိတ္အားထက္သန္စြာနဲ႔ ခ်ဥ္းကပ္ၿပီး တစ္ခ်ိန္တည္းမွာ စိတ္ပူေနပါတယ္" ဟု အီတလီမွ Confindustria Moda အသင္း ဥကၠဌ ကေလာ္ဒီယိုမာရင္ဇီက အင္တာဗ်ဴးတစ္ခုတြင္ ဆင္ဟြာသတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

Confindustria Moda သည္ အထည္အလိပ္၊ ဖက္ရွင္ႏွင့္ ဆက္စပ္ပစၥည္းက႑မွာ လုပ္ငန္းစုစုေပါင္း ၈၀ ၀၀၀ ဝန္းက်င္ ရွိေနရာ၌ ၆၆၀၀၀ ခန႔္ကို ကိုယ္စားျပဳၿပီး အမ်ားစုမွာ အေသးစားႏွင့္အလတ္စားမ်ား ျဖစ္ၾကသည္။ အမ်ားစုမွာ ျပည္ပပို႔ကုန္အေပၚ အဓိကထားၾကသည္။ ၂၀၁၈ ခုႏွစ္တြင္ျပည္ပသို႔ေရာင္းခ်မႈသည္ ၄ င္းတို႔၏လည္ပတ္မႈ၏ ၆၆.၃ ရာခိုင္ႏႈန္းရွိသည္ဟု အသင္းကဆိုသည္။

ျပန္ဖြင့္ရန္စိတ္အားထက္သန္
==========
“ ငါတို႔အားလုံး ျပန္ဖြင့္ခ်င္တယ္၊ ငါတို႔အေကာင္းဆုံးလုပ္မယ္လို႔ ယုံၾကည္တယ္၊ ဒါက ငါတို႔ရဲ႕ အေကာင္းျမင္ဝါဒရဲ႕ အဓိကအရင္းအျမစ္ပဲ” ဟု ကေလာ္ဒီယို မာရင္ဇီက ေျပာသည္။

တခ်ိန္တည္းမွာပင္ အခက္အခဲမ်ားကို သတိျပဳမိသည္။ အခ်ိဳ႕ေသာကုမၸဏီမ်ားသည္ ေကာင္းမြန္ေသာေ႐ြးခ်ယ္မႈမ်ား ျပဳလုပ္ႏိုင္ၿပီး အျခားသူမ်ားကမူ မွားယြင္းေသာ ေ႐ြးခ်ယ္မႈမ်ားကို ျပဳလုပ္ၾကလိမ့္မည္။ ျပန္လည္စတင္မႈတိုင္း၌ ျဖစ္ပ်က္ေနသကဲ့သို႔ ယခုမႀကဳံစဖူးေသာအေျခအေနမ်ိဳးတြင္လည္း ပို၍ပင္ျဖစ္လိမ့္မည္။

ေယဘူယ်အားျဖင့္ အီတလီ၏ ဖက္ရွင္ႏွင့္အထည္အလိပ္လုပ္ငန္းသည္ ဝင္ေငြအနည္းဆုံးယူ႐ို ၉၅.၅ ဘီလီယံ (အေမရိကန္ေဒၚလာ ၁၀၃.၃ ဘီလီယံ) ရရွိၿပီး အလုပ္သမား ၅၈၀,၀၀၀ ေက်ာ္အား အလုပ္ခန႔္ထားသည္။

Confindustria Moda ၏ သုေတသနစင္တာမွ ျပဳလုပ္ေသာစစ္တမ္းတစ္ခုအရ ဖက္ရွင္ကုမၸဏီမ်ားမွ ၀ င္ေငြလည္ပတ္မႈဆုံးရႈံးမႈသည္ ၂၀၂၀ ပထမသုံးလပတ္တြင္ ၿပီးခဲ့သည့္ႏွစ္ အလားတူကာလႏွင့္ႏႈိင္းယွဥ္လွ်င္ပ်မ္းမွ် ၃၅ ရာခိုင္ႏႈန္းေက်ာ္ ရွိခဲ့သည္။

စစ္တမ္းကို ကုမၸဏီ ၃၂၀ ၏ နမူနာတြင္ ဧၿပီ ၇-၁၇ ရက္အတြင္း ( အျပည့္အဝပိတ္ထားစဥ္ ) ျပဳလုပ္ခဲ့သည္။ ပါဝင္ေျဖၾကားေပးသည့္ကုမၸဏီမ်ားသည္ ပထမသုံးလပတ္တြင္ သူတို႔၏အမွာစာမွာ ပ်မ္းမွ် ၄၀.၅ ရာခိုင္ႏႈန္းက်ဆင္းသြားသည္ကို ေတြ႕ရွိခဲ့ၿပီး ၎တို႔အနက္ အနည္းဆုံး ၈၀ ရာခိုင္ႏႈန္းက COVID-19 ၏ သက္ေရာက္မႈမ်ားကို ေလွ်ာ့ခ်ရန္ ၂၀၂၀ ႏွစ္ တစ္ေလွ်ာက္လုံးသူတို႔၏ ၀ န္ထမ္းမ်ားအတြက္ အစိုးရမွ စီစဥ္ေပးေသာ အလုပ္လက္မဲ့အက်ိဳးခံစားခြင့္အစီအစဥ္ကို အသုံးျပဳလိမ့္မည္ဟု ေျပာၾကားခဲ့သည္။

"၂၀၂၀ ျပည့္ႏွစ္တစ္ခုလုံးကို စဥ္းစားၾကည့္ရင္ အီတလီဖက္ရွင္ေရာင္းဝယ္မႈဟာ ၃၅ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းသြားႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ဟာ ႏိုင္ငံတကာခရီးသြားလုပ္ငန္းနယ္ပယ္ က်ဆင္းမႈအတြက္လည္း ေပးဆပ္ရဖြယ္ရွိပါတယ္" ဟု မာရင္ဇီကေျပာၾကားခဲ့သည္။

“ အာရွမွ အထူးသျဖင့္ ကြၽန္ေတာ္တို႔အတြက္ အေရးအပါဆုံး သုံးႏိုင္ငံျဖစ္ေသာ တ႐ုတ္၊ ေတာင္ကိုရီးယားႏွင့္ဂ်ပန္ႏိုင္ငံမ်ားမွ လည္းေကာင္း၊ အေမရိကန္ျပည္ေထာင္စုႏွင့္ ႐ုရွားႏိုင္ငံမ်ားမွလည္းေကာင္း ကမာၻလွည့္ခရီးသြား ၀ င္လာမႈက်ဆင္းသြားလိမ့္မယ္" ဟု သူက ေျပာသည္။ ကမာၻလွည့္ခရီးသြားမ်ား အလာေလ်ာ့က်လွ်င္ အီတလီမွာ ကမာၻလွည့္ခရီးသြားမ်ား ေဈးဝယ္သည့္ ပမာဏလည္း ေလ်ာ့က်မည္။ ဖက္ရွင္လုပ္ငန္းမ်ား၏ လက္လီေရာင္းအားကို ထိခိုက္မည္ျဖစ္သည္။

ထိုအေတာအတြင္ းမီလန္အေျခစိုက္ National Chamber of Italian Fashion မွလာမည့္ Fashion Weeks (အမ်ိဳးသားႏွင့္အမ်ိဳးသမီးမ်ား) ကို ဇြန္လမွ ဇူလိုင္လအထိ ေ႐ႊ႕ဆိုင္းမည္ျဖစ္ေၾကာင္း၊ ဒီဇိုင္နာမ်ားကိုသူတို႔၏တီထြင္မႈမ်ားႏွင့္တကြ တစ္ခ်ိန္တည္းတြင္ ေဖာ္ျပခြင့္ျပဳရန္အတြက္သာ ျဖစ္သည္။ ကူးစက္ႏိုင္ေသာအႏၲရာယ္ကို ေရွာင္ရွားမည္ဟု ဆိုသည္။

ဒီဂ်စ္တယ္ဖက္ရွင္ ရက္သတၱပတ္ကို ဇူလိုင္ ၁၄ ရက္မွ ၁၇ ရက္အထိ က်င္းပမည္ျဖစ္ၿပီး အမ်ိဳးသားႏွင့္အမ်ိဳးသမီးမ်ားအတြက္ ၂၀၂၁ ေႏြ ဦး ရာသီဖက္ရွင္စုေဆာင္းမႈမ်ားကို ျပသၾကမည္။

လက္လီေရာင္းခ်ျခင္းအတြက္ ခက္ခဲသည္
==========
ဖက္ရွင္လုပ္ငန္းနယ္ပယ္အပိုင္းအျခားတစ္ခုျဖစ္သည့္ အဝတ္အထည္ လက္လီအေရာင္းဆိုင္မ်ားသည္ လက္ရွိအခ်ိန္တြင္ အထိခိုက္ဆုံးျဖစ္သည္။
ေမလ ၁၈ ရက္ေန႔တြင္ ျပန္လည္ဖြင့္လွစ္မည့္ဆိုင္မ်ားအတြက္ ကန႔္သတ္ခ်က္မ်ားကိုလည္း မရရွိေသးေပ။

"အီတလီရဲ႕ဖက္ရွင္စတိုးေတြမွာ ေရာင္းရေငြဟာ တစ္ႏွစ္ကိုယူ႐ို ၆၀ ဘီလီယံေလာက္ရွိၿပီး ဒီအေရးေပၚအေျခအေနေၾကာင့္ အနည္းဆုံး ၁၅ ဘီလီယံေပ်ာက္ဆုံးသြားတယ္လို႔ ခန႔္မွန္းရပါတယ္" ဟု CNA Federmoda အသင္းဥကၠဌRenato Borghi က ဆင္ဟြာသို႔ ေျပာၾကားခဲ့သည္။ အသင္းအဖြဲ႕သည္အထည္အလိပ္၊ အဝတ္အထည္ႏွင့္ ဖက္ရွင္ထုတ္လုပ္သူ ၂၅၀၀၀ ခန႔္ႏွင့္ ဆက္စပ္စီးပြားေရးလုပ္ငန္းမ်ားကိုကိုယ္စားျပဳသည္။

Federmoda မွ ခန႔္မွန္းတြက္ဆထားသည့္ ခန႔္မွန္းခ်က္အရ ကိုဗစ္အက်ပ္အတည္းေၾကာင့္ စတိုးဆိုင္ ၁၅၀၀၀ (၁၁၅၀၀၀ ခန႔္အနက္) ခန႔္သည္ ပိတ္သြားႏိုင္သည္။

အသင္းသည္ အစိုးရသို႔ အထူးေတာင္းဆိုမႈမ်ားကို တင္သြင္းခဲ့သည္။ အေရးအပါဆုံးမ်ားမွာ ေထာက္ပံ့ေငြမ်ား ေပးအပ္ျခင္း၊ လက္ရွိ အခြန္ တရားဝင္ဆိုင္းငံ့ထားျခင္းကို စက္တင္ဘာလအထိ ရက္တိုးေပးရန္၊
လူမႈဖူလုံေရးမ်ား တိုးခ်ဲ႕ျခင္းႏွင့္ မေရာင္းရေသးသည့္ ထုတ္ကုန္မ်ားအေပၚ အခြန္အေႂကြးထားအစီအစဥ္ ၆၀ ရာခိုင္ႏႈန္းအထိ တိုးခ်ဲ႕ျခင္းတို႔ျဖစ္သည္။ (1 ယူ႐ို = 1.08 အေမရိကန္ေဒၚလာ)
စင္ဟြာ

 

Read 1028 times
Rate this item
(0 votes)